သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၉)
diz_admin
December 22, 2022<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၈) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း-၄၉- (၁) နိုင်ငံခြားသတင်းထောက်နဲ့ ရှေ့တန်းသွားရတဲ့ ဒုက္ခ ပြည်ခြား-ပုလောဒေသ ရှေ့တန်းခရီးစဉ်နဲ့ ပတ်သက်ပြီး နှစ် ၂၀ လောက်ကြာပြီးချိန်မှာ မောင်ဒေးဗစ်ကို အခုလို ကျနော် ချီမွမ်းခန်းဖွင့်နေပေမယ့် ၁၉၉၅ တုန်းက အမြင်ကတော့ တကယ့်ပြောင်းပြန်ပါ။ နိုင်ငံခြားသား သတင်းထောက်တဦးကို ရှေ့တန်းခေါ်သွားရတဲ့တာဝန်က အတော်ကြီးတဲ့အတွက် ခေါ်လာမိတာမှားပြီလား လို့တောင် စဉ်းစားခဲ့ဖူးပါတယ်။ ကျနော်တို့တပ်တွေနဲ့အတူ နိုင်ငံခြားသတင်းထောက်တွေ၊ အထူးသဖြင့် လူဖြူတွေ ပါလာတယ်လို့ နဝတ-ဘက်က သိသွားရင် အင်အားအလုံးအရင်းသုံးပြီး မရ၊ ရတဲ့နည်းနဲ့ လိုက်လံပိတ်ဆို့ တားဆီးလေ့ ရှိတယ်လို့ ရှေ့တန်းအတွေ့ အကြုံရှိသူ တပ်ခွဲမှူး ကိုလှဦးကပြောပါတယ်။ တကယ်ကတော့ DAB စစ်ကြောင်းတွေ ခေတ်ကောင်းစဉ် ၁၉၉၂-၉၃ […]


