ရေမြေခြားရောက် တက္ကသိုလ်ကျောင်းသား တစ်ယောက်၏ မှတ်စုကြမ်းများ
diz_admin
March 24, 2020နယူးဇီလန်သို့ ခရီး နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့မှ လျှပ်ချောစာ (အီးမေးလ်)ဖြင့် ပို့လိုက်သော ခရီးစဉ်အစီအစဉ်နှင့် လေယာဉ် လက်မှတ်များကိုကြည့်ကာ စိတ်နည်း နည်း ညစ်သွား၏။ နယူးဇီလန်သို့သွားရန် လေယာဉ်ပြောင်းစီးရမည့်နေရာက စင်္ကာပူ ဖြစ်နေသည်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ၏ သတင်းများက စင်္ကာပူတွင် ကိုရိုနာဗိုင်း ရပ်စ် ကူးစက်ခံထားရမှု ကိန်းဂဏန်းမြင့် နေကြောင်း ပြနေသည်။ ဆိုတော့ စင်္ကာပူ သို့ မသွားချင်လှ။ ထိုင်း လေဆိပ်က တစ်ဆင့်သွားရပါမူ ကောင်းလေစွဟု တွေးမိသည်။ သို့သော်လည်း တစ်ဖက် က စီစဉ်ထားပြီးပြီမို့ သွားရုံကလွဲ၍ ဘာမှ မတတ်နိုင်ခဲ့။ နယူးဇီလန်၏ မြို့တော်၊ ဝယ်လင် တန်မြို့လေးတွင် (၆)လတာမျှနေထိုင် ကာ ဝယ်လင်တန် တက္ကသိုလ်တွင် အင်္ဂလိပ်စာသင်ယူ၊ မိမိစိတ်ဝင်စားသည့် အကြောင်း […]


