ဖား ညီလာခံ
diz_admin
August 11, 2020ယခုနှစ် မိုးရာသီကား ဖားသတ္တဝါတို့အတွက် ထူးသည့်နှစ် ဖြစ်သည်။ ငါးနှစ်မှ တစ်ကြိမ် ကျရောက်သည့် ဖားညီလာခံ နှစ် ဖြစ်လေသည်။ ဖားညီလာခံဆိုသဖြင့် ဖားသတ္တဝါတိုင်း တက်ခွင့်ရသည် မဟုတ်ပါ။ လေးဖက်တွား သာမန်ဖားများ၊ ဖားတစ် ပိုင်းငါးတစ်ပိုင်းများ၊ ဖားလောင်းလေးများ ညီလာခံသို့ တက်ခွင့် မရပါ။ ဖားတစ်ပိုင်းလူတစ်ပိုင်းများသာ ဖားညီလာခံ တက်ခွင့် ရပါသည်။ ယင်း ဖားတစ်ပိုင်းလူတစ်ပိုင်းများသည်လည်း အားလုံးတက်ခွင့်မရပေ။ သူ့အုပ်စုနှင့်သူ စုဝေးရွေးချယ်ကာ ကိုယ်စားလှယ် စေလွှတ်ရခြင်း ဖြစ်သည်။ ဖားလောကတွင် ဖားညီလာခံ တက်ခွင့်မရလျှင် အရာမဝင်၊ အထင်ကြီး မခံရ။ သို့ကြောင့် ညီလာခံတက်ခွင့်ရရန် ကိုယ်စားလှယ်ဖြစ်ရေး ကြိုးစားကြရသည်။ ထိုသို့ ကိုယ်စားလှယ်ဖြစ်ရေးမှာ များများအော်နိုင်ရန် လိုသည်။ သို့ကြောင့် ဖားတစ်ပိုင်းလူတစ်ပိုင်းတို့ ဇွတ်အော်ကြ လေသည်။ လက်ရှိ အော်သံအကျယ်ဆုံး […]


