ပြင်သစ်လီဂူး-၁ ရဲ့ထိပ်သီးအသင်းကြီး ပီအက်စ်ဂျီဟာ ပါမားအသင်းရဲ့ ဂျပန်ဂိုးသမား ဇီယွန်ဆူဇူကီးကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးပမာဏ ယူရို ၃၅ သန်းနဲ့ တရားဝင်ကမ်းလှမ်းထားလိုက်ပြီလို့ Channel 4 က ဖော်ပြထားပါတယ်။
ပါးမားဘက်က အစောပိုင်းကမ်းလှမ်းချက်တွေကို ငြင်းဆန်ပယ်ချထားတဲ့အတွက် ပီအက်စ်ဂျီဟာ ပြောင်းရွှေ့ကြေးပမာဏကို ယူရို ၃၅ သန်းအထိ တိုးပေးပြီး ကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။
လက်ရှိမှာ အသင်းနှစ်သင်းအကြား ဆွေးနွေးမှုတွေက နောက်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်လို့ အရာအားလုံး အဆင်ပြေခဲ့မယ်ဆိုရင် ဂျပန်လက်ရွေးစင်ဂိုးသမား ဆူဇူကီးက ပါးမားကနေ ပီအက်စ်ဂျီဆီကို ပြောင်းရွှေ့ရောက်ရှိလာတော့မှာပါ။
အပြောင်းအရွှေ့ဖြစ်မြောက်ရေးအတွက် ညှိနှိုင်းနေတာတွေထဲမှာ ဆူဇူကီးကို ပီအက်စ်ဂျီဆီ တိုက်ရိုက်ခေါ်ယူပြီး ပွဲထွက် ကစားခွင့်ပေးမလား ဒါမှမဟုတ်ဘဲ ခေါ်ယူပြီးတဲ့နောက် အငှားစေလွှတ်ထားမလားဆိုတာလည်း ပါဝင်လို့နေပါတယ်။
ပီအက်စ်ဂျီဟာ ဂိုးသမား ချီဗာလီယာ ကို ရောင်းထုတ်ဖြစ်သွားခဲ့မယ်ဆိုရင် သူ့နေရာကို အစားဝင်ဖို့အတွက် ဆူဇူကီးကို အသင်းဆီ တိုက်ရိုက်ခေါ်ယူလိုက်မှာဖြစ်ပြီး တကယ်လို့ ချီဗာလီယာက အသင်းမှာဆက်ရှိနေမယ်ဆိုရင်တော့ အသစ်ခေါ်ယူမယ့် ဆူဇူကီး ကို ဂျူဗင်တပ်ဆီ အငှားချလိုက်ဖို့ ပီအက်စ်ဂျီက ရည်ရွယ်ထားပါတယ်။







