သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၅)
diz_admin
December 28, 2022<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၄) အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ) အခန်း-၅၅- (၁) ပေါင်းစည်းရေးညီလာခံမှ ရွေးချယ်လိုက်သော ဗဟိုကော်မီတီအသစ် ညီလာခံ နောက်ဆုံးနေ့ ရွေးချယ်တင်မြှောက်ပွဲကနေ တက်လာတဲ့ ဗဟိုကော်မတီ အသစ်ထဲမှာ ကိုနိုင်အောင်က ဥက္ကဋ္ဌ၊ ကိုမိုးသီးဇွန်က ဒု-ဥက္ကဋ္ဌ၊ ကိုအောင်သူငြိမ်းက အထွေထွေအတွင်းရေးမှူး၊ ကိုစိုင်းမြင့်သူက အတွင်းရေးမှူး-၁၊ ကိုမျိုးဝင်းက အတွင်းရေးမှူး-၂ ဖြစ်လာပါတယ်။ ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင် ၈-ဦးကတော့ ကိုဌေးအောင်။ ကိုကျော်ကျော်၊ ကိုဝင်းမင်း၊ ကိုခင်မောင်ဝင်း၊ ကိုအောင်နိုင်ဦး၊ ကိုဝင်းနိုင်ဦး၊ ကိုအောင်နိုင်နဲ့ ကိုအောင်ခိုင်တို့ ဖြစ်ပါတယ်။ ဗဟိုကော်မတီဝင် ၁၇-ဦးကတော့ ကိုကျော်ကိုကိုဝင်း၊ ကိုလွမ်းဏီ၊ ကိုဇော်မင်း၊ ကိုမောင်မောင်တိတ်၊ ကိုကျော်မိုး၊ ကိုဇော်ဝင်းလွင်၊ ကိုဝင်းချို၊ ကိုကျော်ထင်၊ ကိုဆလိုင်းယောအောင်၊ ကိုမောင်ဒီ၊ ကိုရဲလင်းထွန်း၊ […]


