အမှောင်ထဲမှ မင်းသားများ ၁၉၉၀
diz_admin
January 2, 2023Princes in The Darkness 1990s အခန်း(၅) “မင်း..အနောက်မှာ ငါတို့ အရိပ်လို တကောက်ကောက်ရှိနေတယ်” ဆိုသည့် အဓိပ္ပါယ် ကို မစ္စတာလု၏ မျက်လုံးများထဲတွင် ဗေဒါ မြင်လိုက်ရသည်။ သူ့နောက်သို့ တကောက်ကောက်လိုက်နေသည့်လူနှစ်ယောက်ကလည်း ဗေဒါအား ပြုံးစစဖြင့် ကြည့်နေကြ၏။ ဗေဒါက သူသဘောပေါက်ကြောင်း မစ္စတာလုကို တချက်ခေါင်းညိတ်ပြပြီး ရွှေနဂါးစားသောက်ဆိုင်ထဲမှ ပြန်ထွက်လာခဲ့လိုက်သည်။ ဗေဒါ မစ္စတာလုအပေါ် စိတ်မဆိုးပါ။ မကြာသေးခင် အချိန်ပိုင်းကမှ တွေ့ဆုံပြီး သူ့အား ယုံကြည်စွာဖြင့် နေစရာအခန်း၊ စီးစရာကား၊သုံးစရာငွေကအစပေးလိုက်သည့်ကိစ္စကို ဗေဒါ မအံဩတော့။ မစ္စတာလု၏ အရိပ်များစွာက သူ့နောက်မှာ ရှိနေကြသည်ပဲ။ ထိုညမှစပြီး နောက်ရက်များအထိ မစ္စတာလုက ဗေဒါအား မဆက်သွယ်။ ဗေဒါကလည်း တိုက်ခန်းတွင်နေရင်း သွားလာစားသောက်ရင်းဖြင့်သာ အချိန်ဖြုန်းနေလိုက်၏။ တိုက်ခန်းတွင်နေထိုင်သည်မှာ နှစ်ပတ်ကျော်ကြာမြင့်ခဲ့သည့်နေ့။ ညနေစောင်းပြီးမို့ […]


