သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၇၁)
diz_admin
January 13, 2023<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၇၀) အပိုင်း-၇- (ကြွေလွင့်သွားသော ကြယ်ပွင့်များ) အခန်း-၇၁- (၁) သေနေ့ရောက်လို့ သေသွားသူတွေချည်းတော့ မဟုတ်ပါ လူဆိုတာ သေနေ့ရောက်ရင်၊ သေကံစေ့ရင် သေရမှာဖြစ်တယ်လို့ ဆိုကြပေမယ့် နှစ် (၆၀) ကျော် ပြည်တွင်းစစ်ကာလအတွင်း သေဆုံးသွားသူ အားလုံးဟာ သေနေ့ရောက်လို့၊ သေကံစေ့လို့ သေသွားသူတွေချည်းတော့ မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ အလားတူပဲ (၈-၈-၈၈) ရှစ် လေးလုံး အရေးတော်ပုံကာလအတွင်း ကျဆုံးသွားတဲ့ ထောင်နဲ့ချီရှိတဲ့ ကျောင်းသားကျောင်းသူ၊ နောက်တခါ (၂၀၀၇) ရွှေဝါရောင် တော်လှန်ရေးမှာ ကျဆုံးသွားသူတွေဟာလည်း သေကံရောက်လို့ သေသွားသူတွေချည်း မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ ဒါဆိုရင် လွန်ခဲ့တဲ့နှစ် (၂၀) ကျော်ကာလအတွင်း စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရင်းနဲ့ တောတောင်တွေကြားမှာ လူမသိသူမသိ ကျဆုံးသွားကျတဲ့ […]


