အမှောင်ထဲမှ မင်းသားများ ၁၉၉၀
diz_admin
March 21, 2023Princes in The Darkness 1990s အခန်း(၂၅) “မင်းကို သူက အကိုအရင်းတစ်ယောက်လို့ ထင်ထားတာလေကွာ…မင်းက…အဲ့ဒီလို ပြောလိုက်တော့…သူ ဘယ်လောက် ရှော့ ရသွားမလဲ.မင်းမစဉ်းစားမိဘူးလား” ဧရာက ဘာမှ ပြန်မဖြေ။ ခေါင်းကိုသာ ငုံ့ထားသည်။ “မင်းအခု.ဘာအလုပ်လုပ်နေတာလဲ” “ကျွန်တော် အရင်တုန်းက အသိ ဆိုင်တစ်ခုမှာ အလုပ်ကြမ်းသမားဝင်လုပ်နေတယ်..ကိုဗေဒါ..ကျွန်တော့်တွန်းလှည်းတောင် လမ်းပေါ်ထားခဲ့ရတာ…စည်ပင်က ဆွဲသွားပြီလားမသိဘူး” ဧရာက ကားပေါ်မှ ဆင်းရန် ပြင်လိုက်သည်။ ဗေဒါက ဧရာ၏ လက်ကို လှမ်းဆွဲထားလိုက်၏။ “နေဦး..မင်းကို မေယုကြေးမုံက အလုပ်လုပ်ဖို့ အရင်းအနှီးပေးထားတယ်ဆို” “ကျွန်တော် မလိုချင်တော့ဘူး..အကို…သူနဲ့ အဆက်အသွယ်ရရင် ပြောပေးပါ…ကျွန်တော် သူ့ပိုက်ဆံတွေ အားလုံး သိမ်းထားတယ်..သူနဲ့ ပြန်တွေ့တဲ့အခါ..ကျွန်တော်မှားခဲ့တာတွေအတွက် သူ့ကိုတောင်းပန်ရင်း.တပြားမကျန် ပြန်ပေးမှာပါလို့” “အဲ့ဒီပိုက်ဆံတွေ သုံးပစ်လိုက်တော့..ဟေ့ကောင်…မင်း သူနဲ့ ဘယ်တော့မှ တွေ့ရမှာမဟုတ်တော့ဘူး” “ဗျာ” […]


