အမှောင်ဂယ်လာရီတွင် ကြယ်ငါးကောက်ခြင်း
Dawei Watch
October 14, 2023အပိုင်း – ၆ အာဖရိကနိုင်ငံများကို ဥရောပတိုက်သား မျက်နှာဖြူလူမျိုးများ နယ်ချဲ့သိမ်းပိုက်ပြီးနောက် ၁၈ ရာစုနှစ်အတွင်း အာဖရိကတိုက်သို့ မိသားစုအလိုက် ပြောင်းရွှေ့အခြေချနေထိုင်သူ ဥရောပတိုက်သားမိသားစုများ အများအပြား တိုးပွားလာခဲ့သည်။ ထိုမိသားစုများ၏ လိုအပ်ချက်အရ ပညာရေးအတွက် ကျောင်းများမှ ဖတ်စာအုပ်များ၊ သင်ခန်းစာများကို မိခင်နိုင်ငံမှ မိမိနေထိုင်ရာ မြို့များမှ သက်ဆိုင်ရာ ကျောင်းများက ပို့ပေးကြသည်။ အစောပိုင်းတွင် စာတိုက်များ၏ စာပို့ခမှာ အလွန်ဈေးကြီး၏။ အာဖရိကရောက် မျက်နှာဖြူမိသားစုများအတွက် ကြီးလေးသည့် စာပို့ခနှင့် ပညာရေးဖြည့်ဆည်းမှုက အဆင်မပြေ။ သို့ရာတွင် သူတို့အတွက် ကံကောင်းခြင်းလက်ဆောင်ကို အင်္ဂလန်နိုင်ငံက ဖန်တီးလိုက်သည်။ ၁၈၄၀ မေလမှ စတင်၍ အင်္ဂလန်နိုင်ငံသည် Penny Postage ဟူသည့် စာပို့စနစ်ကို တီထွင်လိုက်သည်။ Penny Postage စာပို့စနစ်ကြောင့် စာပို့ခမှာ […]


