The Sheroines of Tavoy – ထားဝယ်နှင်းဆီ
Dawei Watch
July 5, 2024[အခန်း – ၁] ၁၉၅၅ ခုနှစ်။ ထားဝယ်ခရိုင်။ သရက်ချောင်းမြို့နယ်။ သံခွချောင်းဖျား။ ဇွန်လမိုးသည် မုတ်သုံသစ်တောအုပ်စိမ်းညို့ညို့ပေါ်သို့ တစိမ့်စိမ့်။ “စုစုသား ဖယ်သူဆို ဒေါန်းတောန်မိုဆို၊ မငိုပါန စုစုသား၊ ဒါန်းတော့န်မိုအငုမ်သား တောကြောန်ကီး၊ လာပီဆို၊ ဗွီးတံကတို၊ မငိုပါန စုစုသား၊ တောကြောန်ကိုလ ကလားကီးစား” မိုးဖွဲဖွဲကြား ထားဝယ်သားချော့သီချင်းကို အော်ဟစ်ဆိုလာသည့် ကလေးငယ်တစ်စု။ သူတို့လက်ထဲရှိ ခမောက်များထဲတွင်လည်း မိုးရာသီထွက် ဟင်းအတို့အမြုပ်စားစရာ အသီးအရွက် ပေါင်းစုံ။ တောထဲတွင် အလေ့ကျပေါက်သည့် တညှင်ရွက် ခေါ် လန်ကော်ဝှက်၊ ကျောက်ပိန်း၊ ကျီးဥ၊ မျှစ် တို့ကို တောတွင်း နေရာအနှံမှ ခူးယူလာကြခြင်းပင်။ “ဟေ့ . . . ကျားတွေ ဆင်တွေအကြောင်း မဆိုကြပါနဲ့လား . . […]


