The Sheronies of Tavoy – ထားဝယ်နှင်းဆီ
Dawei Watch
August 4, 2024[အခန်း ၁၆] “ရဲဘော်မောင်ရိန် ခေါ် သူရိန် မြေအောက်ထောက်လှမ်းရေးတာဝန်ခံ၊ ဗမာပြည်ကွန်မြူနစ်ပါတီ(ထားဝယ်ခရိုင်) ဖက်ဆစ်အရင်းရှင်စနစ်ဆိုးကို ခုခံတွန်းလှန်ဖြိုဖျက်နေသည့် ငါတို့၏ တော်လှန်ရေးကြီးအတွက် သင့်အသက်နှင့် ခန္ဓာကို.ပေးဆပ်ခဲ့မှုအား၊ တော်လှန်သော ပါတီ၊ တော်လှန်သော ပြည်သူ့တပ်မတော်သားများနှင့် တော်လှန်သော ပြည်သူအပေါင်းက မမေ့မလျော့ ဂုဏ်ပြုအပ်ပါသည်။ သင့်အား ငါတို့ အလေးနီပြုပါ၏ ။ ပုံ ဗမာပြည်ကွန်မြူနစ်ပါတီ(တနင်္သာရီတိုင်း)” ဗိုလ်ယူစိန် ၏ စာဖတ်ပြသံ အဆုံး အားလုံး တိတ်ဆိတ်နေကြ၏။ “မကြည်ကြည်ဆွေရော” မဟို၏ အသံကခပ်တိုးတိုး။ “သူ ဒီအခမ်းအနားကို မတက်ဘူးလို့..သခင်ဗစီကို သတင်းပို့ထားပြီးသားတဲ့…မနက်အစောကြီးကတည်းက အာဏာနီ အမျိုးသမီးစခန်းကို သွားတဲ့ အဖွဲ့နဲ့ ပါသွားတယ်” နီနီရိန်ကို ပုဆိုးတစ်ထည်ဖြင့် စလွယ်သိုင်းချီပိုးထားသော မိုးကြည်က ခပ်တိုးတိုးပင် ပြန်ဖြေသည်။ …………………………………………….. ၁၉၆၈ ခုနှစ်၊ အောက်တိုဘာလ။ […]


