The Sheronies of Tavoy – ထားဝယ်နှင်းဆီ
Dawei Watch
July 21, 2024[အခန်း ၉] ၁၈၂၄ စက်တင်ဘာလ ၈ ရက်။ ဗိုလ်မှူးကြီး မိုင်းလ် ဦးဆောင်သော တိုက်သင်္ဘောများ၊ အမြောက်တင်လှေကြီးများပါဝင်သည့် ဗြိတိသျှရေကြောင်းချီတပ်ကြီးသည် ထားဝယ်ဆိပ်ကမ်းနှင့် အနီးဆုံးနေရာသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ လွန်ခဲ့သည့် ရှစ်ရက်ကတည်းက ထားဝယ်မြစ်ဝသို့ ရောက်နေသော ဗြိတိသျှရေတပ်ကို မြို့ဝန်ဦးရွှေလုတ်၏ လှေတပ်များက ခုခံတိုက်ခိုက်ခဲ့ကြ၏။ သို့သော်ငြား..လက်နက်အင်အားချင်းမှာ ကွာခြားလွန်းနေသည်။ ထားဝယ်စစ်သားများ၏ အလောင်းများမှာ ရေပြင်တွင် ပေါလောမျောလျက်။ မြို့ဝန်ဦးရွှေလုတ်မှာ တရွေ့ရွေ့နီးကပ်လာနေသော ဗြိတိသျှရေတပ်သင်္ဘောများကို မှန်ပြောင်းဖြင့် ကြည့်ရှုလိုက်သည်။ “မောင်ယာစိ . . . စစ်ကဲတွေရော၊ ဆိပ်ကမ်းစောင့်တပ်တွေကိုပါ အမိန့်ပေးစမ်း . . . မြို့ရိုးတွင်းကနေ ဝင်ရောက်ခုခံကြမယ်လို့” ဦးရွှေလုတ်ကိုယ်တိုင်လည်း ဝေါယာဉ်ဖြင့် မြို့ရိုးထဲသို့ ပြန်ဝင်သွား၏။ ထို့နောက် စစ်ကဲများခြံရံလျက် မြို့ရိုးတံတိုင်းပေါ်သို့ တက်လိုက်သည်။ “ရေဝန်နှင့် […]


