သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၁)
diz_admin
December 14, 2022<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၀) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း-၄၁- (၁) ဗကပ မြိတ်ခရိုင်စခန်းဆီသို့ ချုံချီစခန်းရှိ ပူးတွဲပင်လယ်ပြင် ရန်ပုံငွေရှာဖွေရေးရုံးခန်းမှာ ၄၊ ၅ လ တာဝန်ထမ်းနေစဉ်အတွင်း ကျနော့်မျက်စိထဲ အခုချိန်အထိ မှတ်မိနေတဲ့ မြင်ကွင်းတခုကတော့ ဒုတိယ-ကမ္ဘာစစ်လက်ကျန် စစ်သုံးဒေါ့ဂျစ်ကားဟောင်းပေါ်မှာ ဆန်အိတ်တွေကိုတင်၊ အဲဒီကားကို ဆင်နဲ့ဆွဲပြီး သယ်နေတဲ့ ဗကပ-မြိတ်ခရိုင် ရဲဘော်တွေပဲ ဖြစ်ပါတယ်။ မိုးတွင်းကာလဆိုရင် မြေနီလမ်းမှာ ရေအိုင်ပြီး ဗွက်ထနေတဲ့အတွက် ရှေ့မှာပြောခဲ့တဲ့ မွန်-စီးပွားရေးဌာနအထိပဲ ထိုင်းဖက်ကကားတွေ လာလို့ရပါတယ်။ အဲဒီနေရာမှာ ဆန်အိတ်တွေကို ထိုင်းကားပေါ်ကနေချ၊ အင်ဂျင်ပျက်နေတဲ့ ဒေါ့ဂျစ်ကားအဟောင်းပေါ်တင်၊ ပြီးမှ သူတို့ တပ်ရင်းပိုင် ဆင်ကြီးတကောင်နဲ့ အဲဒီဒေါ့ဂျစ်ကားပျက်ကို ကြိုးနဲ့ဆွဲ။ ရဲဘော်တချို့က ကားပေါ်ထိုင်ပြီး အော်ဟစ်ဆူညံစွာနဲ့ လိုက်ပါသွားကြပါတယ်။ သူတို့ရဲ့ […]


