ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အောက်မေ့ဖွယ်

ကျွန်မ ၁၂ နှစ်၊ ကျည်မိုးစွေချိန်နဲ့ ၈၈ ကောက်ကြောင်း

Dawei Watch

August 15, 2026

အမျိုးသားအဆင့် လူထုလှုပ်ရှားမှုကြီးဖြစ်တဲ့ ရှစ်လေးလုံး အရေးအခင်း ပေါ်ပေါက်ခဲ့တာ ၂၀၂၆ ဩဂုတ် ၈ ရက်မှာ ၃၈ နှစ်ပြည့်‌ခဲ့ပြီးပါပြီ။ ၁၉၈၇ ခုနှစ်က ငွေစက္ကူအချို့ကို ရုတ်တရက်ဖျက်သိမ်းလိုက်တဲ့အတွက် ကြုံတွေ့လာရတဲ့ စီးပွားရေး အကျပ်အတည်းကစ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအတွက် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တောရောမြို့ပါ တစ်တိုင်းပြည်လုံး တိုက်ပွဲဝင်ခဲ့ကြတဲ့ ဒီတော်လှန်ရေးမှာ ကိုယ်တိုင်ပါဝင်ဖြစ်ခဲ့တာတွေနဲ့ ကျွန်မတို့မြို့လေးရဲ့ ရှစ်လေးလုံးအစပြုရာ အဖြစ်အပျက် မြင်ကွင်းတွေက ကွက်ကွက်ကွင်းကွင်းထင်နေဆဲပါ။ ၁၉၈၈ ခုနှစ်မှာ ကျွန်မက ၁၂ နှစ်အရွယ် ၇ တန်းတက်‌နေတာပါ။ ၁၉၈၈ ခုနှစ် ဩဂုတ် ၇ နေ့မှာကျွန်မတို့အတန်းတွင်းက နှံ့စပ်တဲ့အတန်းဖော် အချို့က “မနက်ဖြန်ကျောင်းလာကြမှာလား” “အခု လှုပ်လှုပ် လှုပ်လှုပ် ဖြစ်နေတယ်” “ဆန္ဒပြကြမယ်လို့ကြားတယ်” … စတဲ့စကားသံတွေ တိုးတိုးတိုးတိုးပြောနေကြတာ […]

တိတ်တဆိတ်ထွက်သွားတဲ့ ပုရွက်ဆိတ်လေးတွေ

Dawei Watch

July 26, 2026

“ပုရွက်ဆိပ်လေးတွေ”တဲ့။ မသိလိုက်ဘူး။ သူတို့နေထိုင်တဲ့ရွာတွေက ရွာသားတွေရော၊ နည်းအမျိုးမျိုးနဲ့ သူတို့ကိုသိတဲ့သူတွေရော သူတို့ဟာ ပုရွက်ဆိတ်လေးတွေဆိုတာ မသိလိုက်ကြဘူး။ မသိဆို အချိန်အများစုမှာ သူတို့ ရှိနေမှန်းတောင် သတိမထားမိကြဘူး။ ရွာထဲမှာ သူတို့ရှိနေရင် သူတို့ဆီက ကိုက်ခဲဖျားနာဆေးဝါးတွေ ရတယ်၊ သွေးတိုးကျဆေး၊ ဓားရှဒူးကွဲ သွေးထွက်သံယို အရေးပေါ်ဆို သူတို့လာကြပြီ။ သူတို့ဆီ သွားရပြီ။ သူတို့ကလည်း ဘယ်သူဘယ်ဝါ မမေး။ အနာနဲ့ဆေးပဲ တည့်အောင်ပေးကြ။ ဘာကြေးညာကြေး တပြားမှ မပေးရတော့ ရွာသားတွေက သဘောကျ။ ရွာထဲက စစ်ရှောင် CDM ကျောင်းသားတွေ အရေးဆို တိုးတိုးလေးနဲ့ ရှေ့ဆုံးက တွေ့ရ။ ဟိုရွာဒီရွာက စစ်ရှောင်တွေအရေးဆို ဆိုင်ကယ်အဟောင်းလေးကိုယ်စီနဲ့ ဟိုပြေးကူ ဒီပြေးလှူ။ ရွာသားတွေ၊ သူတို့ကို ခင်မင်သူတွေ မသိလိုက်ဘဲ ဟိုလိုက်ကူ ဒီလိုက်မျှမှုတွေလည်း […]

ပုရွက်ဆိတ်လေးများ၏ ခြေလှမ်းများ မရပ်တန့်သေးပါ

Dawei Watch

July 24, 2026

တချို့လူတွေဟာ အသက်ရှည်ရှည် မနေခဲ့ရပေမယ့် သူတို့ထားခဲ့တဲ့ ခြေရာတွေကတော့ အချိန်ကြာမြင့်စွာ ကျန်ရစ်နေတတ်သည်။ လူတစ်ယောက်၏ တန်ဖိုးကို အသက်အရွယ်နှင့် မတိုင်းတာနိုင်သလို၊ သူ့ဘဝအရှည်ဖြင့်လည်း မသတ်မှတ်နိုင်ပါ။ သူ ဘယ်လောက်ထိ အခြားသူတွေအတွက် အလင်းရောင်ပေးခဲ့သလဲဆိုတာကသာ အမှန်တကယ် ကျန်ရစ်တဲ့ အမွေအနှစ် ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် လူငယ် ငါးဦးဖြင့် စတင်ဖွဲ့စည်းခဲ့သော The Ants Humanitarian Tanintharyi သည် အင်အားကြီးအဖွဲ့အစည်းတစ်ခု မဟုတ်ခဲ့သော်လည်း စေတနာကြီးမားသော လူငယ်များ၏ စုစည်းမှုဖြစ်ခဲ့သည်။ ပုရွက်ဆိတ်လေးများကဲ့သို့ တစ်လှမ်းချင်း သယ်ဆောင်ရင်း၊ မျက်နှာမဖော်ဘဲ လူမှုအသိုက်အဝန်းအတွက် အကျိုးရှိစေမည့် အလုပ်များကို တိတ်တဆိတ် လုပ်ဆောင်ခဲ့ကြသည်။ သူတို့၏ ပထမဆုံးခြေလှမ်းမှာ ကလေးငယ်များ စာဖတ်ခြင်းကို ချစ်မြတ်နိုးလာစေရန် စာဖတ်ဝိုင်းများ ဖွင့်လှစ်ပေးခြင်းဖြစ်သည်။ ထို့နောက် လက်လှမ်းမီသမျှ […]

စောင်းတန်းလှေကားထစ်လေးများ

Dawei Watch

November 13, 2023

ဆောင်းရက်များသို့ နီးလာသောအခါ ကျွန်တော်၌ စွဲကပ်လျက်ရှိသော အလွမ်းဝေဒနာတခုမှာ တဖြည်းဖြည်း သည်းလာ၏။ ထိုအလွမ်းတွင် လွန်ခဲ့လေပြီးသော နှစ်ကာလများက ကျွန်တော်နင်းလျှောက်ခဲ့ဖူးသော လှေကားထစ်လေးများပါဝင်နေသည်။ ထိုကာလ ထိုရပ်ဝန်း ထိုခရီး ထိုလူများနှင့် ထိုခေတ်ကာလ ကို လွမ်းနေမိ၏။ တပို့တွဲလ၏ မြူနှင်းအေးများကို အန်တု၍ နေပင်မထွက်သေးမီကျွန်တော်တို့ ခရီးထွက်လာခဲ့ကြသည်။ လမ်းဘေးဝဲယာ တလျှောက်ရှိ ရွာငယ်အချို့ ကို ဖြတ်သန်းသွားချိန် အိမ်ဝင်းတချို့ထဲတွင် ကလေး လူကြီး ဝိုင်း၍ မီးလှုံနေကြသည်ကို တွေ့မိ၏။ ရွာအပြင်၌ မူကား မြူထုသည် ပိုထူလာ၏။ သာ၍ အေးစက်စက်နိုင်လှ၏။ ကြမ်းတမ်းလှသော ကားလမ်းကျဉ်းကလေးသည် ထူထပ်လှသောသစ်ပင်ဝါးပင်များ၏ကြား လျောင်းစက်လျက်။ ကား၏ မီးအရောင်သည် မြူပုဝါကြား တာသိပ်မသွားနိုင်။ သို့သော် စစ်လက်ကျန်ဒေါ့ဂျစ်ကားကို ခရီးသည်များစွာ စီးနိုင်အောင် ကိုယ်ထည်ပြုပြင်ထားသော ကားအိုကလေးကား […]

အတိတ်က ရွာဦးကျောင်း

diz_admin

February 5, 2023

လွန်ခဲ့သော ဆယ်စုနှစ် ကျော်က အချိန်ကို ပြန်လွမ်းမိသည်။ ထိုအလွမ်း၏ အစအနမှာ ရွာဦးကျောင်းက လာပါသည်။ ယခုအခါ ရွာဦးကျောင်းသည် ယခင်ကနှင့်မတူ သာသနိက အဆောက်အဦတို့ ဖြင့် ပြည့်လျက် ခန့်ငြားစွာ တည်ရှိနေပါပြီ။ သို့ရာတွင် ကျောင်းတွင် သီတင်းသုံးသော ရဟန်း သာမဏေ နှင့် ကျောင်းသား တို့ မရှိသလောက် နည်းသွားခဲ့ပြီ။ နမောတဿ အစရှိသော ရွတ်သံဖတ်သံများ ကျောင်းသား ကိုရင်များ၏ တစာတစာ စာအော်ကျက်သံများ မကြားတော့သည်မှာ ကြာပြီပဲ။ ရွှေကျောင်း ပြောင်ပြောင် ဝမ်းခေါင်ခေါင် ဆိုသည်မှာ ဤသို့သော အဖြစ်မျိုးကို ရည်ညွှန်းသလား မပြောတတ်ပါ။ အဆောက်အအုံတွေများသလောက် တိတ်ဆိတ် ခြောက်ကပ်နေသော ကျောင်းကြီး၊ ဘုရားဝတ်တက်သံကိုမှပင် ကြားရခဲ လာသော ကျောင်းကြီးဖြစ်နေသည်။ ရွာဦးကျောင်းသည် ယခင်ကလို […]

ပြန်မရတော့တဲ့ ထားဝယ်တန်ဆောင်တိုင်

diz_admin

November 5, 2022

မိုးရာသီကုန်ဆုံးလို့ ‌ဆောင်းဦးရောက်လာပြီဆိုတာနဲ့အတူ ထားဝယ် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ ကျင်းပတဲ့အချိန် ရောက်လာပြန်ပါပြီ။ ဒီအချိန်ဆို ရပ်ကွက်တွေရဲ့ ဘုရားမဏ္ဍပ်တွေဆီက တန်ဆောင်တိုင်ကို ဖော်ကျူးတဲ့သီချင်းတွေ၊ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ သီချင်းသံတွေဟာ မြိုင်လို့ဆိုင်လို့နေပါတယ်။ ရွှေတောင်စားစေတီရှိရာ ဘုရားကြီးဝင်းထဲကနေ ပင့်ဆောင်ထားတဲ့ ဘုရားရုပ်ပွားတော်တွေလည်း ဟိုအိမ်က ယာယီစံကျောင်းတော်မှာ စံမြန်းလိုက်၊ ဒီအိမ်က ယာယီစံကျောင်းတော်မှာ သီတင်းသုံးလိုက်ပေါ့။ ရန်ကုန်မြို့ကိုရောက်နေတဲ့ ကိုထိုက်တစ်ယောက် တန်ဆောင်တိုင်အချိန် ထားဝယ်မပြန်ဖြစ်တာ  ၂ နှစ် ဆက်တိုက်ရှိနေပါပြီ။ ဒီအချိန်ဆို ကိုထိုက်တို့လို အဝေးသင်ကျောင်းသားတစ်စု  ရပ်ကွက်ထဲက အကျွေး‌အမွေးဒကာ ဘုရားပင့်တဲ့အိမ်တွေဆီ လှည့်လည်ပြီးလွေး(အားပါးတရ စားသောက်)ကြတဲ့အချိန် ဖြစ်ပါတယ်။ အခုတော့ ထားဝယ်တန်ဆောင်တိုင်ကိုရော ကျောင်းနေဖက်သူငယ်ချင်းတွေကိုပါ သူလွမ်းနေရပါပြီ။ “သူငယ်ချင်းတွေနဲ့ အဲလိုမျိုး အုပ်စုလိုက် ဘုရားလှည့်လို့ရှိရင် လိုက်သွားရင်တော့ ပျော်စရာကောင်းပါတယ်။ အုပ်စုလိုက် ကိုယ်သွားချင်တဲ့နေရာတွေသွားတယ်။ လက်ဘက်ရည်ဆိုင်ဖြစ်ဖြစ် တစ်ခြားသွားချင်တဲ့နေရာသွားတယ်။ […]

ကြွေလွင့်သွားသော တနင်္သာရီတိုင်းသား စာပေအနုပညာရှင်များ

diz_admin

August 26, 2021

ကိုဗစ်တတိယလှိုင်းတွင် နိုင်ငံကျော် အနုပညာရှင်ကြီးများ ကြွေလွင့်နေကြသည်။ အထူးသဖြင့် သက်ကြီးဝါးကြီး အနုပညာရှင်၊ အတတ်ပညာရှင်များ ကြွေလွင့်သွားခဲ့ကြသည်။ ယင်းအတို့အထဲတွင် တနင်္သာရီတိုင်းသား အနုပညာရှင်များလည်းပါဝင်ပေသည်။ စေ့ငုမိသမျှ တနင်္သာရီတိုင်းသား စာပေအနုပညာရှင်လေးဦး ကြွေလွင့်သွားပြီဖြစ်သည်။ ၎င်းတို့လေးဦးအား ကွယ်လွန်သွားသည့်ရက်စွဲအလိုက် မှတ်တမ်းတင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဦးကိုကိုကြီး ထားဝယ်ရိုးရာယဉ်ကျေးမှုအဖွဲ့ကိုတည်ထောင်ခဲ့သူဖြစ်သော ဦးကိုကိုကြီးသည် ကိုဗစ်ရောဂါကူးစက်ခံရပြီး ဩဂုတ်လ ၂၁ ရက်တွင် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၈၁ နှစ်ရှိပြီဖြစ်သည်။ ဦးကိုကိုကြီးသည် ထားဝယ်ရိုးရာအကကို နိုင်ငံတော်အဆင့်အခမ်းအနားများတွင် တင်ဆက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ၁၉၈၉ ခုနှစ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင်ပြုလုပ်သော ထိုင်း-မြန်မာနယ်စပ်အစည်းအဝေးတွင် ထားဝယ်ရိုးရာအကဖြင့် စတင်တင်ဖျော်ဖြေခွင့်ရခဲ့သည်။ ယင်းအချိန်မှစပြီး ယနေ့အချိန်အထိ ပြည်ထောင်စုနေ့အခမ်းအနားတွင် ထားဝယ်ရိုးရာအကဖြင့် ဖျော်ဖြေခွင့်ရရှိခဲ့သည်။ ဦးကိုကိုကြီးသည် ထားဝယ်ရိုးရာအကအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး ထားဝယ်ရိုးရာအကများကိုလည်း ဆန်းသစ်တီထွင်ခဲ့ပေသည်။ ရှေးဆရာကြီးများရေးသားခဲ့သည့် […]

ကျနော်တို့ ရဲဘော်တွေ လေးစားတဲ့ ဆရာအောင်မြင့်

diz_admin

August 9, 2021

ခုတလော အိပ်ယာနိုးလို့ Facebook ကြည့်လိုက်ရင် ကိုယ်မိတ်ဆွေတွေ၊ ကိုယ်သိသူတွေထဲက ကြွေလွင့်သွားတဲ့ သတင်းတွေကို နေ့စဉ်လိုလို မြင်နေရလို့ အတော်စိတ်ဒုက္ခရောက်နေရပါတယ်။ ဒီဒုက္ခတွေထဲမှာ ဒီနေ့တော့ ကျနော်တို့ ရဲဘော်အားလုံးလေးစားရတဲ့ ဆရာအောင်မြင့် ကွယ်လွန် သွားပြီဖြစ်တဲ့အကြောင်း ထား၀ယ်က ရဲဘောတဦးက Tag လုပ်ပြီး သတင်းတင်ထားတ ာ တွေ့လိုက်ရပါတယ်။ လုံး၀ ထင်မထားခဲ့ပါဘူး။ ကျန်းမာရေးလိုက်စားတဲ့ ဆရာအောင်မြင့်၊ နေ့စဉ် လမ်းလျောက်လေ့ ကျင့်ခန်းမပြတ်လုပ်နေတဲ့ဆရာအောင်မြင့်က ဘာကြောင့် ချက်ခြင်းကြီး ကွယ်လွန်သွားရတာလဲ…။……. ထား၀ယ် အထက ၁ က ကာယနည်းပြဆရာဖြစ်တဲ့ ဆရာအောင်မြင့်ကို ထား၀ယ်က ကျောင်းသားအတော်များများသိပြီးသားဖြစ်ပေမယ့် ကျနော်က အမှတ် ၁ ကျောင်းသား မဟုတ်လို့ သူကို အဲဒီအချိန်က သိမနေခဲ့ပါဘူး။ ကျနော် သူ့ကို စတွေ့ဖူးတာက ၈ […]