တနင်္သာရီဆောင်း အေးလည်းအေးမည်၊ မိုးလည်းရွာမည်
diz_admin
November 1, 2022ဆောင်းရာသီကာလဖြစ်သည့် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းတွင် အေးလည်းအေးပြီး မိုးလည်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။ တနင်္သာရီတိုင်၏ နှစ်သုံးဆယ် ဆောင်းရာသီပျန်းမျှအမြင့်ဆုံးအပူချိန် ၃၂ ဒဿမ ၃ ဒီဂရီစင်တီဂရိတ်ရှိပြီး ပျန်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၁ ဒဿမ ၃ ဒီဂရီစင်တီဂရိတ် ရှိကြောင်း တနင်္သာရီတိုင်းမိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနစာရင်းအရ သိရသည်။ တနင်္သာရီတိုင်းသည် ဆောင်းရာသီ၏ သာမန်အပူချိန်တွင်သာရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အောက်တိုဘာလ ၃၁ ရက် ညနေပိုင်းမှ နိုဝင်ဘာလ ၁ ရက် နံနက်စောစောအချိန်အထိ ထားဝယ်မြို့၏ အပူချိန်မှာ ၂၇ ဒီဂရီစင်တီဂရိတ်မှ ၂၄ ဒီဂရီစင်ဂရိတ် ဝန်းကျင်တွင် ရှိနေသည်။ “ညဘက် အိပ်ယာဝင်တဲ့အချိန်ကတော့ ပန်ကာဖွင့်နေရသေးတယ်။ ညနက်လာတော့ အပြင်က လေအေးတိုက်လို့ စောင်ခြုံလိုက်ရတာပေါ့။ မနက်လမ်းလျှောက်ထွက်ချိန်မှာတော့ အနွေးထည်နဲ့မှ သွားလို့ရတော့တယ်။ […]


