မိုးကြောင့် တိုင်းအတွင်းက တောင်သူများအခက်တွေ့၊ ဆုံးရှုံးမှုများရှိ
diz_admin
December 1, 2022အချိန်အခါမဟုတ် ရွာသွန်းနေသည့်မိုးကြောင့် တောင်သူများ အခက်တွေ့နေကြရကြောင်း ဒေသခံတောင်သူများက ပြောသည်။ ပွင့်လင်းရာသီဖြစ်သည့် သီတင်းကျွတ်ကာလမှ နိုဝင်ဘာလကုန်အထိ မိုးရွာသွန်းခဲ့ပြီး ယခုဒီဇင်ဘာလတွင်လည်း မိုးရွာသွန်းမည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနတို့က ထုတ်ပြန်ထားသည်။ သရက်ချောင်းမြို့နယ်တွင် မကြာခဏ မိုးရွာနေသဖြင့် ကွမ်းသီးခွဲခြင်း၊ နေလှန်းခြင်းပြုလုပ် မရဖြစ်နေကြောင်း ဆင်းကူးကျေးရွာမှ ဒေသခံတောင်သူ ဒေါ်ဝင်းဝင်းခက်က ပြောသည်။ “ကွမ်းသီးလှန်းရတာလည်း အဆင်မပြေ၊ အလုပ်သမား ဈေးကလည်းကြီး၊ ကွမ်းသီး ဈေးကလည်း မရှိနဲ့ ဒီတစ်နှစ်မှာ ဒုက္ခဖြစ်တာ မပြောနဲ့တော့။ မိုးက နေ့တိုင်းရွာတယ်။ မနက်ပိုင်း တနပ်စာလှန်း၊ ၁၁ နာရီထိုးရင် ပလပ်စတစ်ပိုင်းတွေ ဝယ် ဖုံး၊ ဖုံးလို့ မခံတဲ့ဟာတွေက (စို) ရွဲ။ အဲဒီလိုဖြစ်နေတယ်ပေါ့” ဟု ဒေါ်ဝင်းဝင်းခက်က ဆိုသည်။ မိုးရေထိသည့် ကွမ်းသီးများမှာ အနီရောင်၊ […]


