တနင်္သာရီတိုင်းတွင် ယခုတစ်ပတ်အတွင်း မိုးရွာနိုင်
diz_admin
March 11, 2023တနင်္သာရီတိုင်းတွင် မတ်လ ၁၁ ရက်မှ ၂၀ ရက်အတွင်း မိုးရွာနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ တနင်္သာရီတိုင်းတွင် ၃ ရက်မှ ၅ ရက်ခန့် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ မတ်လ ၁၁ ရက် နှင့် ၁၂ ရက်နေ့များတွင် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက မတ်လ ၆ ရက် ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတောင်ပိုင်းစွန်းနှင့် မြောက်ပိုင်းစွန်းတို့တွင် နေရာကွက်ကျားမိုးရွာနိုင်ပြီး ဒေသအချို့တွင် အချိန်အခါမဟုတ် ပျံကျမိုးများ ထစ်ချုန်းရွာနိုင်သည်ဟု အထက်ပါထုတ်ပြန်ချက်က ဆိုသည်။ နွေဦးရာသီ ကူးပြောင်းသော ဆောင်းနှောင်းကာလတွင် […]


