ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တစ်ပတ်အတွင်း တနင်္သာရီသတင်း

July 18, 2026

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

• စစ်အုပ်စု ပိတ်ဆို့မှုတွေကြောင့် ထိုင်းကနေ တနင်္သာရီတိုင်းထဲ ကုန်ပစ္စည်းသယ်ရခက်

• ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို အင်အား ၇၀၀ လောက်နဲ့ စစ်ကြောင်းထိုး

• သရက်ချောင်းမှာ စစ်အာဏာရှင်တပ်က ဒေသခံတွေကို ဖမ်းဆီးငွေညှစ်တာတွေ များလာ

• စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် တနင်္သာရီက မူလတန်းကျောင်းသားနှစ်ဦးဒဏ်ရာရ

• စစ်အာဏာရှင်တပ်က တပိုရွာနဲ့ မင်းပြင်ရွာကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးချတိုက်ခိုက်

• သံမဏိလိပ်ပြာတပ်ဖွဲ့ ထားဝယ်ခရိုင် PDF တပ်ခွဲအဖြစ် ပြောင်းလဲဖွဲ့စည်း

• ထိုင်းအစိုးရက တစ်ပတ်အတွင်း ဒုတိယအကြိမ်အဖြစ် မြန်မာ ၁၀၀ ကျော်ကို ကော့သောင်းပြန်ပို့တဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

• ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် ” ကြောက်ခေတ်ကို ပြန်အသက်သွင်းနေတဲ့ စစ်တပ်လက်ကိုင်တုတ်တွေ” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။