ငြိမ်နေသည့် ရွှေနှင့်ထိုင်းဘတ် တစ်ပတ်အတွင်း သုံးသပ်ချက်
diz_admin
October 29, 2022ရွှေ နှင့်ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်၌ ဈေးတန်းတစ်ခုတွင် ငြိမ်နေပြီး အတက်အကျ နည်းနေသည်ကိုတွေ့ရသည်။ ပြီးခဲ့သည့်အပတ်က ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာစောင့် ကြည့်ရေးအဖွဲ့(FATF) က မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံအဖြစ် ကြေညာခဲ့ပြီးနောက် စနေနေ့တွင် ရွှေနှင့် ဘတ်ဈေးနှုန်း ရုတ်တရက် မြင့်တက်သွားခဲ့သည်။ သို့ရာတွင် နောက်တစ်ရက်တွင်ပင် ဈေးပြန်ကျလာပြီးနောက် ဈေးတန်းတစ်ခုတွင် ငြိမ်နေခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ၂၆ သိန်းခွဲဝန်းကျင်တွင် ငြိမ်နေသည့် ရွှေဈေး ယခုအပတ်အတွင်း တစ်ကျပ်သားလျှင် နှစ်ဆယ့်ခြောက်သိန်းခွဲဝန်းကျင်တွင် ဈေးပေါက်နေပြီး အတက်အကျမှာ ကျပ်သောင်းဂဏန်းသာရှိနေသည်။ အောက်တိုဘာလ ၂၄ ရက် (တနင်္လာနေ့) က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ခုနှစ်သိန်း […]


