အသွင် မပြောင်းသွားသည့် တောင်ပိုင်းသားတို့၏ သံပြိုင်တေး
diz_admin
December 6, 2020တနင်္သာရီတိုင်း၏ ရွေးကောက်ပွဲအား ဆန်းစစ်ကြည့်ခြင်း ၂၀၂၀ ရွေးကောက်ပွဲရလဒ် ဂဏန်း ငြိမ်ပါပြီ..။ ၂၀၂၀ ရွေးကောက်ပွဲတွင် ၂၀၁၅ နည်းတူ တနင်္သာရီတိုင်းတွင်းရှိ မဲဆန္ဒနယ် ၄၃ နေရာစလုံးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ မဲအပြတ် အသတ်ဖြင့် အနိုင်ရသွား၏။ တိုင်းရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲ မှလည်း ပြည့်ပြည့်စုံစုံ ကြေညာခဲ့ပြီးပါပြီ။ ထိုကြေညာချက်များသည် တိုင်းတွင်းပြိုင်ပွဲဝင် ကိုယ်စားလှယ်လောင်းတို့ နှင့် ပါတီအသီးသီးအတွက် မှတ်ကျောက် ဖြစ်သကဲ့သို့ တိုင်းသူတိုင်းသားတို့၏ ပြည်သူ့ဆန္ဒပြန်တမ်းတစ်ရပ်ဟု ဆိုနိုင်ပါသည်။ ၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၁၅ ရွေးကောက်ပွဲထက် ရင်ခုန်လှုပ်ခတ် ဖွယ် ကောင်းခဲ့သည်။ ရွေးကောက်ပွဲ အကြိုကာလတွင် ပါတီများ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သလို လူထုကလည်း မိမိ အားပေးသည့်ပါတီကို ထောက်ခံမှု ပြသကြရာတွင် ၂၀၁၅ ထက် […]


