မတ်ပဲစိုက် တောင်သူများ တွက်ခြေမကိုက်
diz_admin
March 11, 2020ယခုနှစ်တွင် မတ်ပဲစတင်စိုက်ပျိုး စဉ်ကတည်းက အပင်အောင်မြင်မှုနည်း ပါးသည့်အပြင် ယခု သီးနှံပေါ်သည့် အချိန်တွင်လည်း သီးနှံထွက်နှုန်းကျဆင်း နေသဖြင့် တောင်သူများ တွက်ခြေမကိုက် ဘဲဖြစ်နေကြောင်း လောင်းလုံးမြို့နယ် တွင် မတ်ပဲစိုက်ပျိုးနေသည့် တောင်သူ အချို့ထံမှ သိရသည်။ လောင်းလုံးမြို့နယ်ရှိ ခမောင်းတောင်၊ ထိန်တွင်း၊ တောင်မင်းပြောင် ကျေးရွာ သားအများစုက မိုးစပါးရိတ်သိမ်းပြီး နောက် လယ်မြေကို ပြန်လည် ထွန်ယက် ကာ မတ်ပဲကို ဆက်လက်စိုက်ပျိုးကြသည်။ ယခုနှစ်မိုးရာသီက မိုးအပြတ်စော သဖြင့် မြေအစိုဓာတ်နည်းသည့်အပြင် မတ်ပဲစိုက်ပျိုးစတင်စိုက်ပျိုးစဉ်က လေ တိုက်ကြမ်းသောကြောင့် မျိုးစေ့အလေအလွင့်ဖြစ်ပေါ်ခဲ့သဖြင့် အပင်အောင်နှုန်း နည်းပါးခဲ့ကြောင်း ယင်းကျေးရွာတို့တွင် မတ်ပဲစိုက်ပျိုးနေသည့် တောင်သူအချို့ ထံမှသိရသည်။ “ငါးဧကလောက်ပျိုးကြဲရင် သုံးဧက လောက်ပဲ ပေါက်တယ်။ ပေါက်တဲ့အပင် တွေကလဲ နွယ်သိပ်မထွက်နိုင်ဘူး။ အသီးလဲ […]


