ထိုင်းအစိုးရ၏ လုပ်ရပ်များက စစ်ကောင်စီကို တရားဝင်ကြောင်း အသိအမှတ်ပြုရာ ရောက်နေပြီလား
diz_admin
April 13, 2023၂၀၂၁ ခုနှစ်တွင် အရပ်သားအစိုးရထံမှ အာဏာသိမ်းပြီးနောက် အုပ်စိုးနေသည့် မြန်မာစစ်တပ်ကို တိုက်ရိုက်ဝေဖန်ခြင်းမပြုမိစေရန် ထိုင်းနိုင်ငံက သတိထားခဲ့သော်လည်း မကြာသေးမီက ဖြစ်ရပ်များကြောင့် ၎င်း၏အိမ်နီးနားချင်းအစိုးရအပေါ် ထားရှိသည့် အမြင်နှင့် ပတ်သက်ပြီး ရှင်းလင်းစွာ နားလည်ရန် ခက်ခဲသယောင် ဖြစ်လာသည်။ ထိုင်း၊ မြန်မာနှင့် လာအိုနိုင်ငံတို့၏ အချို့နေရာများတွင် မီးခိုးမြူများ ထူထပ်နေခြင်းကြောင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက လာအိုဝန်ကြီးချုပ် ဆုန်ဆေး ဆီဖန်ဒုန် နှင့် မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ဧပြီလ ၇ ရက်နေ့က လက်ခံတွေ့ဆုံခဲ့ပြီး နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်ကောင်စီခေါင်းဆောင်ကို “မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်” ဟူ၍ မြန်မာနိုင်ငံအတွင်းနှင့် ကမ္ဘာ့အခြားနေရာအများအပြားတွင် အငြင်းပွားဖွယ် ရာထူးအခေါ်အဝေါ် […]


