ကမ္ဘာတလွှား သိသိသာသာ ခြိမ်းခြောက်ခံလာရသည့် သမားတုပြဿနာ
Dawei Watch
July 14, 2023သံသယဖြစ်ဖွယ် ဆီးချိုရောဂါကုထုံး ကို ထောက်ခံနေသည့် ထိုင်းဆရာဝန်၊ ဆီးခုံနေရာ မြှင့်ပေးသည် ဆိုသည့် အတွင်းခံဘောင်းဘီကို ကြေညာနေသော ဖိလစ်ပိုင် ဆရာဝန် ၊ ကာကွယ်ဆေးဆန့်ကျင်ရေး ပူးပေါင်း ကြံစည်မှုများကို နှိုးဆော်နေသည့် အမေရိကန်ဆရာဝန်တစ်ဦး အစရှိသည့် အကြောင်းအရာ အားလုံး သည် လက်တွေ့ဘဝမှာ ကျန်းမာရေးပညာရှင်များ၏ ဖြစ်တည်မှုကို ခိုးယူထားသည့် ဖြစ်စဉ်များ ဖြစ်ကြသည် ။ အေအက်ဖ်ပီ သတင်းဌာန၏ အချက်အလက်စစ်ဆေးမှုအရ လိမ်လည်သူများသည် ဆရာဝန်အသွင်ယူပြီး အတုအယောင် ကုသမှုများနှင့် ထုတ်ကုန်များကို ဖြန့်ချိနေကြောင်းတွေ့ရသည်။ အယောင်ဆောင် ဆရာဝန်များက ၎င်းတို့၏ ထင်မြင်ချက်များနှင့် ထောက်ခံချက်များကို တကယ့် ဆရာဝန်များ အသွင်ယူကာ ပုံမှားရိုက်နေကြခြင်းဖြစ်သည်။ နာမည်ကြီး ဆရာဝန်များ၏ ဓာတ်ပုံများကို အသုံးပြုကာ ယင်းဆရာဝန်များက ပြောဆိုသယောင်လုပ်ကာ ဆေးဝါးအတုများကို လိမ်လည်ရောင်းချမှုများလည်း ရှိနေသည်။ ဤသို့ ပစ်မှတ်ထားခံရခြင်းအားဖြင့် ကျန်းမာရေးပညာရှင်များ […]


