ရွေးကောက်ပွဲအပြီးတွင် ပြည်တော်ပြန်ကာ ထောင်ဒဏ်ကျခံမည်ဆိုသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်
diz_admin
March 25, 2023ဒါလီ (Kyodo News ၏ဆောင်းပါးကို ဘာသာပြန်ဆိုသည်) ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက လာမည့်အထွေထွေရွေးကောက်ပွဲရလဒ် မည်သို့ပင် ဖြစ်စေကာမူ ၎င်း၏ ကျန်ရှိနေသည့် ဘဝတစ်လျှောက်လုံး မိသားစုနှင့် အတူနေထိုင်ခွင့်ပေးမည်ဆိုပါက ထိုင်းနိုင်ငံတွင် အကျဉ်းကျခံရန် အဆင်သင့်ရှိကြောင်း သောကြာနေ့က ပြောကြားခဲ့သည်။ တိုကျိုခရီးစဉ်အတွင်း Kyodo News သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြည်နှင်ဒဏ်ခံကာ ပြည်ပတွင် နှစ်ပေါင်းများစွာ နေခဲ့ရပြီးနောက် သက်ဆင်သည် ယခုလို အချိန်မျိုးကို စောင့်စားနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ထောင်ဒဏ်ကို ရှောင်ရှားရန်အလို့ငှာ သက်ဆင်သည် ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ထွက်ခွာခဲ့ရသည်။ “အခုတော့ ကျွန်တော့်မိသားစုနဲ့ ခွဲခံခဲ့ရတာမို့လို့ ထောင်ကြီးထဲမှာ ၁၆ နှစ် ကျခံပြီးပြီ” ဟု သက်ဆင်က ဇာတီမြေ၏ အလွန် သူ့ဘဝအကြောင်းကို […]


