ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်းဆောင်းပါး

ခေတ်ပျက်ချိန် ဘဝကိုရင်းကြသူများ

diz_admin

September 13, 2022

ဆိုင်ကယ်ပွဲစား ကိုကျော် (အမည်လွှဲ) တစ်ယောက် လက်ဖက်ရည်ဆိုင်အတွင်း လူရှင်းသည့် စားပွဲတစ်လုံးတွင် ဖုန်းတစ်လုံးနှင့် အချိန်ပြည့်အလုပ်ရှုပ်နေသည်။ ဖုန်းစကရင်‌ပေါ်တွင် လည်နေသည့် တိရစ္ဆာန်အကောင်လေးများကို မျက်တောင်မခတ်တမ်း ကြည့်ရင်း လက်ကလည်း ဖုန်းမျက်နှာပြင်ကို တစ်ချက်၊ တစ်ချက် နှိပ်နေပြန်သည်။ ပွဲစားကိုကျော်သည် ပွဲစဉ်တစ်ခု (တစ်ခါနှိပ်) လျှင် အနည်းဆုံး ၂၅ ကျပ်မှ ကျပ် ၁၀၀၀၀ အထိ အလောင်းအစား လုပ်နိုင်သည့် အွန်လိုင်းဂိမ်း ဆော့နေခြင်းဖြစ်သည်။ အသက် ၃၀ ကျော်အရွယ် ကိုကျော်တစ်‌ယောက် အွန်လိုင်းဂိမ်းစဆော့သည့်အချိန်မှစပြီး သူ့အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သည့် ဆိုင်ကယ်အကျိုး‌ဆောင် (ပွဲစား) အလုပ်ကိုပင် စိတ်မဝင်စားနိုင်တော့ချေ။ ဆိုင်ကယ်ဝယ်သူလာလျှင်လည်း စိတ်မဝင်စားတော့သလို ရောင်းသူလာလျှင်လည်း လှည့်မကြည့်နိုင်တော့သည်အထိ ဂိမ်းစွဲသွားခဲ့သည်။ ကိုကျော်တစ်ယောက် အွန်လိုင်းဂိမ်း စွဲမည်ဆိုလည်း စွဲလန်းလောက်သည်။ ပွဲစဉ်တစ်ခုလျှင် ငွေကျပ်တစ်ရာ လောင်းပါက […]

နှစ် ၃၀ အလွန်တစ်ကျော့ပြန် စစ်ဘေးရှောင်များ

diz_admin

August 16, 2022

စိုက်ပျိုးရေး လုပ်ငန်းများဖြင့် အေးချမ်းတည်ငြိမ်နေသည့် ရွာကလေးများမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကကဲ့သို့ နေအိမ်စွန့်ခွာကာ ထွက်ပြေးကြရပြန်ပေပြီ။ ၁၉၉၁-၉၂ ခုနှစ်ဝန်းကျင်က စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်မှုကြောင့် စစ်ဘေးဒဏ်သင့်၍ ရွာလုံးကျွတ်ပြောင်းပြေးခဲ့ရသည့်မြန်မာနိုင်ငံတောင်ပိုင်းမှ ကျေးရွာလေးများမှာ ယခု နှစ်ပေါင်း ၃၀ အကြာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် တစ်ကျော့ပြန် တိုက်ပွဲများဖြစ်ကာ ပြေးနေကြရပြန်သည်။ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည့် အဆိုပါဒေသမှ စစ်ဘေးရှောင်များမှာ အထောက်အပံ့ လမ်းကြောင်းများ ပိတ်ဆို့ခံထားရမှုကြောင့် ယခုအခါ ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီဖြစ်သည်။ နှစ် ၃၀ တစ်ကျော့ပြန် ယင်းရွာလေးများမှာ မြိတ်မြို့နှင့် တနင်္သာရီမြို့အကြား တနင်္သာရီမြစ်မကြီးမှ ခွဲထွက်လာသည့် မြစ်လက်တက်၏ မြစ်ကမ်းတစ်ဖက်တစ်ချက်ပေါ်တွင် တည်ရှိသော ရွာများဖြစ်သည်။ ယင်းရွာလေးများတွင် လယ်သစ်ကျေးရွာနှင့် ပဝကျေးရွာတို့မှာ ထင်ရှားလှသည်။ လယ်သစ်ကျေးရွာလေးမှာ လူဦးရေသိပ်မများလှ။ […]

တောင်ပိုင်းက စက်သုံးဆီဂယက်

diz_admin

August 12, 2022

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာဈေး သတ်မှတ်ချက်ကို တစ်ဒေါ်လာ ကျပ် ၁၈၅၀ မှ ၂၁၀၀ သို့ ပြောင်းလဲသတ်မှတ်ကြောင်း ယခုလဆန်းတွင် ထုတ်ပြန်လိုက်သည်။ ယင်းဒေါ်လာဈေး သတ်မှတ်ချက်အသစ် ပေါ်ထွက်လာပြီးနောက်တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ဆက်တိုက်မြင့်တက်လာကာ ဈေးကွက်အတွင်း ဓာတ်ဆီဆိုင်အချို့ ပိတ်ထားရသည်အထိ ဖြစ်ပေါ်လာသည်။ ဗဟိုဘဏ်က အမေရိကန် ဒေါ်လာဈေးကို တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်သည် ဆိုသော်လည်း ပြင်ပဈေးကွက်တွင် ဒေါ်လာဝယ်ယူရခက်နေပြီး တစ်ဒေါ်လာ ၂၈၀၀ အထိဈေးပေါက်ကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ယင်းအပြင် စင်ကာပူမှတင်သွင်းသည့် စက်သုံးဆီဈေးမှာလည်း ပေါက်ဈေးမြင့်မားလာမှုကြောင့် ပြည်တွင်း စက်သုံးဆီဈေးမှာ ဆက်တိုက်တက်လာခြင်း ဖြစ်ကြောင်း ဆီလုပ်ငန်းရှင်များကဆိုသည်။ ဓာတ်ဆီအဓိက သိုလှောင်ဖြန့်ဖြူးရာ ရန်ကုန်မြို့တွင်ပင် မနေ့က (သြဂုတ် ၁၁) ဆီဆိုင်အချို့ ပိတ်သည်ကို တွေ့ရပြီး မန္တလေးနှင့် […]

ကေအန်ယူအဖွဲ့တွင်း သဘောထားကွဲမှု တောင်ပိုင်းကို ဘာတွေရိုက်ခတ်စေလဲ

diz_admin

July 22, 2022

ကော်သူးလေတပ်မတော် ဖွဲ့စည်းမှုနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသည့် သဘောထားကွဲမှုများကြောင့် တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်များအကြား တင်းမာမှုများနှင့် အငြင်းပွားဖွယ် ကိစ္စများဖြစ်ပေါ်လာမည်ကို အထူးစိုးရိမ်ပူပန်မိကြောင်း တနင်္သာရီအခြေစိုက် အရပ်ဖက်အဖွဲ့စည်းများက ယနေ့မေတ္တာရပ်ခံချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။ ကေအန်ယူအဖွဲ့အတွင်း သဘောထားကွဲမှု ပြဿနာက မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအကြား ရိုက်ခတ်မှုများ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေသည်။ ယင်းကြောင့်ပင် တနင်္သာရီအခြေစိုက် အရပ်ဖက်အဖွဲ့စည်းများနှင့် ကျေးလက်အခြေပြု အဖွဲ့အစည်းများက စုပေါင်းကာ အထူးစိုးရိမ်ကြောင်း ကြေညာချက်ကို ထုတ်ပြန်ရခြင်းဖြစ်သည်။ ကော်သူးလေတပ်မတော် ကော်သူးလေတပ်မတော်အား ဖွဲ့စည်းကြောင်း ကရင့်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း (KNDO) ၏ စစ်ဦးစီးချုပ်(ဟောင်း) ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ယခုနှစ်ဇူလိုင်လ ၁၉ ရက်နေ့တွင် တရားဝင် အသိပေးထုတ်ပြန်လိုက်သည်။ ဗိုလ်မှူးချုပ်စောနယ်ဒါးမြသည် ကရင်တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ချူပ်ကြီးစောဘိုမြ ၏ ဒုတိယမြောက်သားကြီးဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး […]

စားဝတ်နေရေးကျပ်တည်းလာတဲ့ တောင်ပိုင်းသားတွေ

diz_admin

July 8, 2022

အရင်က ခူးမယ့်သူမရှိတဲ့ ရပ်ကွက်ထဲက ရေအိုင်ထဲအလေ့ကျပေါက်နေတဲ့ ကန်စွန်းပင်လေးတွေမှာ အညွန့်ထွက်ချိန်ပင်မရတော့။ ယခင်က ယောင်လို့ပင် လမ်းဘေးကန်စွန်းခင်းနား ဖြတ်မလျှောက်တဲ့ ဒေသခံတွေမှာ အခုတော့ ဟင်းတစ်ခွက်ရဖို့ ကန်စွန်းခင်းအညွန့်ထွက်ချိန် ဦးအောင်အလုအယက် စောင့်ခူးနေကြပါတယ်။ “အရင်က ဒီကန်စွမ်းခင်းကို ကလေးတစ်ယောက်စနှစ်ယောက်စပဲ လာခူးကြတယ်။ အခုလာခူးသူတွေက ကလေးရောလူကြီးပါ အရင်ကထက်များလာလို့ အညွန့်တောင် တက်မနိုင်တော့ဘူး” ဟု ဆိုလာသူက မြိတ်မြို့၊ အင်းလေးမြိုင်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၅၀ ကျော်အရွယ် ဒေါ်ဝင်းပါ။ သူ့အိမ်အနီး မြေကွက်လပ်ရေအိုင်မှာ သဘာဝအတိုင်း ပေါက်နေတဲ့ ကန်စွန်း ခင်းလေးကို လက်ညိုးထိုးပြီး အဲဒီလိုပြောလိုက်တာပါ။ ကန်စွန်းခင်းလေးက သူပြောသလို ရေခါးလောက်နက်တဲ့ နေရာမှာသာ စိမ်းစိုနေပြီး ရေတိမ်တဲ့ နေရာတွေမှာတော့ ချိုးယူထားကြလို့ ရိုးတံတွေသာ ရှိပါတော့တယ်။ စားဖို့ချိုးကြသူတွေရှိသလို ရောင်းဖို့လာချိုးကြတဲ့ ကလေးတွေလည်း […]

လောင်းလုံးသပိတ်၏ ရက် ၄၀၀ ကျော် မာရသွန်ခရီး

diz_admin

April 23, 2022

သေနတ်ဒဏ်ရာကြောင့် ဝမ်းဗိုက်ထုတ်ခြင်းပေါက်သွားသော ဆန္ဒပြရဲဘော်‌ကို အရေးပေါ်ကုသမှုများ လုပ်နေသည့် လူငယ်တစ်ဦး၏ မျက်နှာတွင် မျက်ရည်များစီးကျလာနေသည်။ အသက်ငွေ့ငွေ့သာ ကျန်တော့သည့် ရဲဘော်ကို အသက်ကယ်နိုင်ရေး မျှော်လင့်ချက်ကို မစွန့်ဘဲ အစွမ်းကုန်ကူညီရန် သူစိတ်ပိုင်းဖြတ်လိုက်သည်။ ယင်းလူငယ်က အသက် ၁၈ နှစ်မပြည့်သေးသည့် အထက်တန်းကျောင်းသား ကိုလင်းထက်ဇော် ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ဖြစ်စဉ်ကြောင့် အာဏာရှင်စနစ်ကို အကြမ်းမဖက်ဆန့်ကျင်သည့် သပိတ်များ ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအနှံ့ပေါ်ပေါက်လာသည်။ ယင်းသပိတ်များတွင် အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူသိန်းသောင်းချီပါဝင်လာပြီးနောက် အားကောင်းသည့် လူထုဆန္ဒဖော်ထုတ်မှုများမှာ နိုင်ငံအနှံ့ လူပင်လယ်ကြီးဖြစ်သွားခဲ့သည်။ မြန်မာနိုင်ငံ‌တောင်ပိုင်းဖြစ်သည့် တနင်္သာရီတိုင်း လူထုသပိတ်မှာလည်း အလွန်အားကောင်းလာပြီး ပညာရေးစစ်ကြောင်း၊ အင်ဂျင်နီယာစစ်ကြောင်း၊ ကျန်းမာရေးစစ်ကြောင်း၊ ရှေ့နေအသင်းစစ်ကြောင်း တို့နှင့်အတူ ပြည်သူလူထုသိန်းချီ ပါဝင်ချီတက်ကာ အာဏာရှင်စနစ်ကို လက်မခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ […]

ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်နေတဲ့ မြန်မာပြည် ဒေါ်လာတိုက်ဖျက်ရေး

diz_admin

April 21, 2022

မြန်မာပြည်ရဲ့ အာဏာသိမ်း စစ်အုပ်စုဟာ တစ်နှစ်ကျော် ကာလအတွင်းမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး ဖျက်ဆီးတာတွေ လုပ်ပြီးနောက်မှာ ခုတခါလည်း ဘဏ္ဍာရေး၊ ငွေရေးကြေးရေး ပြုပြင်ပြောင်းလဲမှုကတစ်ဆင့် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တဲ့ အပြုအမူတွေ လုပ်နေပြန်ပါပြီ။ ဧပြီလ (၃) ရက်နေ့မှာ ဗဟိုဘဏ်က ညွှန်ကြားချက်တစ်ရပ် ထုတ်ခဲ့ပြီးတော့ ဒီညွှန်ကြားချက်ကြောင့်  မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံခြားငွေ ပိုင်ဆိုင်မှုတွေနဲ့ နိုင်ငံခြားက လွှဲလာတဲ့ ငွေတွေကို ဘဏ်တွေမှာ မြန်မာကျပ်ငွေ ပြောင်းရတော့မှာ ဖြစ်ပါတယ်။ လွှဲလာတဲ့ ငွေကို တစ်ရက်အတွင်း ငွေလဲရမယ်လို့ အစိုးရ မီဒီယာမှာ ကြေညာတဲ့ ညွှန်ကြားချက်ထဲမှာ ပါလာတာကြောင့် အသည်းအသန်ကို နိုင်ငံခြားငွေလိုချင်နေတဲ့ ပုံပေါက်နေတယ်လို့ ဝေဖန်သူတွေက ထောက်ပြနေကြပါတယ်။ ဒီလို ခပ်ရင့်ရင့် စီမံချက်ကို ဘယ်လို အသက်ဝင်အောင် […]

သီရိလင်္ကာမှာ ဘာတွေဖြစ်နေလဲ

diz_admin

April 20, 2022

ဓာတ်ဆီဝယ်ဖို့ တန်းစီနေတဲ့ ကားတန်းကြီးတွေဟာ သီရိလင်္ကာမြို့အသီးသီးမှာ တွေ့နေရတယ်။ မီးပြတ်တဲ့ အချိန်တွေက ပိုကြာလာတယ်။ စားသောက်ကုန်စျေးတွေက တအားတက်လာတယ်။ ဒါကြောင့်လူအုပ်ကြီးက အာဏာရခေါင်းဆောင်ကို နုတ်ထွက်ပေးဖို့ တောင်းဆိုနေတာပဲ။ သမ္မတက မထွက်ပါဘူး။ ဝန်ကြီးတွေတော့ ရာထူးတွေက ထုတ်ပေးတယ်။ သူ့အမျိုးအရင်း အကိုကြီး ဝန်ကြီးချုပ်တော့ မပါဘူး။ ပြီးခဲ့တဲ့ ရက်တွေတုန်းကတည်းက ထောင်ပေါင်းများစွာသော သီဟိုကျွန်းသား လူအုပ်ကြီးဟာ သမ္မတ ဂိုတာဘယ ရာဂျာပတ်ဆာ ရာထူးကနူတ်ထွက် ဆင်းပေးဖို့ လမ်းပေါ်ထွက် ဆန္ဒပြနေကြတယ်။ သီရီလင်္ကာဟာ ၁၉၄၈ ဗြိတိသျှလက်အောက်က လွတ်ပြီးနောက်ပိုင်း အဆိုးဆုံး စီးပွါးပျက် အကျပ်အတည်း ကို ကြုံနေရတာပဲ။ စားနပ်ရိက္ခာတွေ ပျက်လပ်တယ်။ စျေးတွေတက်တယ်။ မီးပျက်ချိန်တွေ ပိုကြာလာတယ်။ သီရိလင်္ကာအစိုးရက စီးပွါးရေးကျဆင်းမှုကို ကျားကန်ထောက်ကူပေးမယ့် အထောက်အပံ့ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ […]