စစ်ကောင်စီနှင့် ပြန်လည်ထိတွေ့ရန် ‘အချိန်မတန်သေး’ ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြော
Dawei Watch
June 18, 2023မြန်မာစစ်အစိုးရနှင့် စင်ကာပူ အစိုးရ အကြား ဆွေးနွေးမှုများ ရှိလာနိုင်သည် ဟူသော ထင်မြင်ချက်များကို စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှ်နန် က ဇွန်လ ၁၆ရက်နေ့တွင် ပယ်ချငြင်းဆိုလိုက်သည်။ စစ်အစိုးရ၏ ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေး အစီအစဉ် အကောင်အထည်ဖော်ရာတွင် တိုးတက်မှု မရှိသဖြင့် ပြန်လည်ထိတွေ့ရန် အချိန်မတန်သေးဟု ၎င်းကဆိုလိုက်ခြင်းဖြစ်သည်။ စစ်တပ်လိုလားသော ညွန့်ပေါင်းအဖွဲ့ဖြင့် ဖွဲ့စည်းထားသော ထိုင်းနိုင်ငံ၏ လက်ရှိ အိမ်စောင့်အစိုးရ က အာဆီယံအနေနှင့် မြန်မာစစ်အာဏာရှင်များနှင့် အပြည့်အဝ “ပြန်လည် ထိတွေ့ဆက်ဆံရန်” အဆိုပြုထားပြီး တနင်္ဂနွေတွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံ အသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများကို အလွတ်သဘော တွေ့ဆုံရန် ဖိတ်ကြားထားကြောင်း ရေးသားဖော်ပြထားသည့် ရိုက်တာသတင်းဌာန ၏ သတင်းတစ်ပုဒ် အပေါ် ဒေါက်တာ […]


