လောင်းလုံးရှိ ငါးအမှုန့်ကြိတ်စက်ရုံ အနံ့ဆိုးထွက်မှုကို စစ်ဆေးအရေးယူမည် ဟုဆို

0
700

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ၊ ကသည်းမကျွန်းရှိ အနံ့ဆိုးထွက်နေသော ငါးအမှုန့်ကြိတ်စက်ရုံကို စစ်ဆေးပြီး အရေးယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ပြောသည်။

ဇူလိုင်လ ၃၀ ရက်က ပြုလုပ်သော အမျိုးသာလွှတ်တော်တွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဓားသွေးကျောက် နှစ်လောင်းပြိုင်လူသတ်မှု ငွေကျပ်ခြောက်သိန်းပေးပြီး စေခိုင်းခြင်းဟု ထွက်ဆို

လောင်းလုံးမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်စိုးက အဆိုပါငါးအမှုန့်ကြိတ်စက်ရုံမှ အနံ့ဆိုးကို အနီးအနားရှိ ကျေးရွာခြောက်ရွာ မှ ခံစားနေရသည့်အခြေအနေ၊ ခွင့်ပြုချက်မရှိဘဲ မြေခုတ်ထွင်ရှင်းလင်းပြီး အဆောက်အအုံဆောက်နေသည့် အခြေအနေတို့ကို အရေးယူပေးရန် ရှိ၊ မရှိ လွတ်တော်တွင် မေးခွန်းမေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းကို ဒုဝန်ကြီး ဦးလှကျော်က မြေတူးခြင်း၊ မြေညှိခြင်း၊ အဆောက်အအုံတိုးချဲ့ဆောက်လုပ်ခြင်း တို့သည် ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေခြင်းဖြစ်သောကြောင့် စာချုပ်စည်းကမ်း ဖောက်ဖျက်မှုဖြင့် အရေးယူမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

အနံ့ဆိုးထွက်ရှိသည့် ကိစ္စနှင့် ပတ်သက်၍လည်း စက်ရုံလည်ပတ်သည့်အခါ ရှောင်တခင်စစ်ဆေးပြီး စစ်ဆေးတွေ့ ရှိချက်များကို တိုင်းအစိုးရထံတင်ပြပြီး အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဦးလှကျော်က ပြောသည်။

သုံးဘီးဆိုင်ကယ်များ လူမတင်ရန် ကန့်သတ်ထားမှု အချို့ကို ပြန်လည် ဖြေလျှော့

လက်ရှိတွင် ငါးမဖမ်းရကာလ ဖြစ်သောကြောင့် အဆိုပါစက်ရုံမှာ လည်ပတ်ခြင်းမရှိပေ။

အနံ့ဆိုးကိစ္စနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စများကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ တိုင်းစည်ပင် သာယာရေး ဥပဒေတို့ဖြင့် အရေးယူနိုင်ကြောင်း ၎င်းက ပြောသည်။

စစ်ဆေးအရေးယူမည့် အခြေအနေကို စောင့်ကြည့်နေမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသက်နိုင်စိုးက ပြောသည်။

“အဓိကက လွှတ်တော်မှာ ကတိဖြစ် သွားပြီဆိုတော့ ဒီအဖြေတွေကို ကိုင်ထားပြီးတော့ (အစိုးရအနေနဲ့) ဘယ်လောက်အထိ လုပ်နိုင်သလဲဆိုတာကို စောင့်ကြည့် သွားမယ်လေ။ ပြီးရင်ပြည်သူကိုလည်း ချပြသွားမယ်လေ” ဟု ၎င်းက ဆိုသည်။

ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက်

ဧရာနဒီထရေးဒင်းကုမ္ပဏီက လုပ်ကိုင်နေသော အဆိုပါ ငါးအမှုန့်ကြိတ် စက်ရုံမှ အနံ့ဆိုးကိစ္စကို ဒေသခံများက သက်ဆိုင်ရာ ဌာနများထံ နှစ်ကြိမ်ခန့် တင်ပြခဲ့ဖူးပြီး ဖြစ်သည်။

ကုမ္ပဏီဘက်ကမူ အနံ့ဆိုးထွက်သည့်ကိစ္စသည် ၎င်းတို့အနေဖြင့် မတတ်နိုင်ကြောင်း တနင်္သာရီအပတ်စဉ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလဝန်းကျင်က ဖြေဆိုခဲ့ဖူးသည်။

သက်ဆိုင်ရာဌာများအနေဖြင့်လည်း အဆိုပါ ငါးအမှုန့်ကြိတ်စက်ရုံနှင့်ပတ်သက်ပြီး လိုအပ်သည့် စိစစ်ကြပ် မတ်မှုများကို လုပ်ဆောင်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးလှကျော်က အမျိုးသားလွှတ်တော်တွင် ဖြေဆိုခဲ့သည်။

ကျော်သူစိုး