ဖုန်းအပေါင်ထားပြီး ငွေချေးနိုင်

0
733

လက်ထဲတွင် ဖုန်းတစ်လုံးရှိပါက ငွေကြေး အရေးပေါ်လိုအပ်ချက်ကို ဖြေရှင်းနိုင်ပြီ ဖြစ်သည်။ ဖုန်းအပေါင်ဆိုင်တွင် မိမိဖုန်းကို အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ပေါင်လိုက်ရုံ ဖြစ်သည်။

ထားဝယ်မြို့အတွင်း ဖွင့်လှစ်ထားသည့် ဖုန်းအပေါင်လက်ခံသောဆိုင်သည် ကိုဗစ်ကပ်ဘေးကာလအတွင်း စတင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဖုန်းအပေါင်ခံသည့်လုပ်ငန်းကို ပြီးခဲ့သည့် နှစ်လခန့်က စတင်လုပ်ကိုင်ခဲ့သည်ဟု ဖုန်းအပေါင်ဆိုင်ပိုင်ရှင် အမျိုးသားက ဆိုသည်။ သူက ဖုန်းပြုပြင်ရောင်းဝယ်ရေးလုပ်ငန်းနှင့် တွဲဖက်လုပ်ကိုင်နေခြင်း ဖြစ်သည်။

ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက်

သူ၏ သူငယ်ချင်းအသိမိတ်ဆွေ အချို့ငွေလိုအပ်ချိန်တွင် ဖုန်းအပေါင်ထားပြီး ငွေထုတ်ချေးရာမှ ယင်းအလုပ်ကို စလုပ်ဖြစ်ခဲ့သည်။

ဖုန်းတစ်လုံးလာရောက်ပေါင်နှံပါက ဖုန်းအဟောင်းဈေးနှုန်း(second ဈေး) ၏ တစ်ဝက်တိတိရှိသည့် ငွေပမာဏကိုသာ ထုတ်ချေးသည်ဟု ဆိုသည်။ ဥပမာ တစ်သိန်းတန်ဖုန်းတစ်လုံး၏ second ဈေးကို ကျပ်ခုနစ်သောင်းခွဲ သတ်မှတ်ထားပြီး အပေါင်ခံပါကငွေကျပ် သုံးသောင်းကျော်အထိ ထုတ်ချေးကြောင်း ယင်းအမျိုးသားက ရှင်းပြသည်။

အပေါင်ထားပါက စည်းကမ်းချက်များ သတ်မှတ်ထားသည်။ ဖုန်းက စက်ပစ္စည်းဖြစ်သည့်အတွက် error (ချို့ယွင်းမှု) ရှိ/ မရှိ စစ်ဆေးပြီး အားလုံး ကောင်းမွန်မှသာ အပေါင်ခံသည်ဟု ဆိုသည်။

အပေါင်ထားသည့်အချိန်ကိုလည်း တစ်လအထိသာ သတ်မှတ်ထားသည်။

“စက်ပစ္စည်းဖြစ်လို့ အချိန်ကြာ လာတာနဲ့အမျှ error (ချို့ယွင်းချက်) တွေ တက်လာမှာစိုးလို့ပါ ခင်ဗျား” ဟု ဖုန်းဆိုင်ပိုင်ရှင် အမျိုးသားက ပြောသည်။

လက်ရှိတွင် ကျပ်နှစ်သိန်းဝန်းကျင်တန်ဖိုးရှိ ဖုန်းများ လာပေါင်နှံမှု အများဆုံး ဖြစ်နေသည်ဟု ဆိုသည်။