အလယ်တန်းကျောင်းများ ဖွင့်လှစ်ရေး စည်းကမ်းချက်ထပ်တိုး

0
1006

တိုင်းအတွင်း အလယ်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး ကျောင်းစိစစ်ရေး အဖွဲ့များကို ဖွဲ့စည်းကာ စစ်ဆေးရန် အတွက် တိုင်းပညာရေးမှူးရုံးတွင် ပြင်ဆင်လျက် ရှိသည်။

ယခင်အထက်တန်းကျောင်းများဖွင့် လှစ်ခဲ့စဉ်က စည်းကမ်းချက်အချက် ၈၀ အပြင် နောက်ထပ်တိုးလာသည့် စည်းကမ်းချက် နှစ်ဆယ်ကျော်ပါ ထပ်တိုးပြီး စစ်ဆေးရမည်ဖြစ်ကြောင်း အထက်ပါရုံး ဒုတိယညွန်ကြားရေးမှူး ဒေါ်မေစန္ဒာလွင် က ပြောသည်။

ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက်

ထပ်တိုးအချက် နှစ်ဆယ်ကျော်အနက် အဓိကအချက်တစ်ခုမှာ သက်ဆိုင်ရာကျောင်းအုပ်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွန်ကြားသည့် စည်းကမ်းချက်များကို နေ့စဉ် ကြီးကြပ်ရမည်ဆိုသည့်အချက် ဖြစ်သည်။

အလယ်တန်းကျောင်းများ စဖွင့်မည့် အချိန်ကိုမူ တိတိကျကျ မသတ်မှတ်ထားသေးကြောင်း ၎င်းက ပြောသည်။

မှတ်ပုံတင်တွင် ထားဝယ်လူမျိုးဟု တပ်ခွင့်ရတော့မည်လော

“အထက်တန်းကျောင်းတွေ အားလုံး ဖွင့်ပြီးလို့ သုံးပတ်ခြားပြီးတာနဲ့ အလယ်တန်းကျောင်းတွေကိုဖွင့်မယ်” ဟု ၎င်းက ပြောသည်။

တိုင်းအတွင်းတွင် မဖွင့်ရသေးသည့် အထက်တန်းကျောင်း ၆၆ ကျောင်းရှိနေ ဆဲဖြစ်သည်။

အလယ်တန်းကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် စစ်ဆေးရေး အဖွဲ့များသည် သြဂုတ်လ ၁၇ ရက်မှ ၂၁ ရက်အထိ ပထမအကြိမ် လိုက်လံစစ်ဆေးမည်ဖြစ် ကြောင်း ဒေါ်မေစန္ဒာလွင်က ပြောသည်။

လောင်းလုံးမြို့နယ်ရှိ အထက်တန်းနှင့် အလယ်တန်းကျောင်း ကျောင်းအုပ် ဆရာအချို့ကို မေးမြန်းမှုအရ ကျောင်း ဖွင့်ခွင့်မရမည်ကို စိုးရိမ်နေကြောင်း သိရသည်။

အလယ်တန်းကျောင်းများ ဖွင့်ခွင့်ရရန်မှာ အထက်တန်းကျောင်းများ ဖွင့်ခဲ့သည့် နည်းအတိုင်းပင် အဆင့်များ သတ်မှတ်ခြင်း၊ အသုတ်ခွဲစနစ်ဖြင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံး ထံမှ သိရသည်။

ကျော်သူစိုး