သုံးဘီးဆိုင်ကယ်များ လူမတင်ရန် ကန့်သတ်ထားမှု အချို့ကို ပြန်လည် ဖြေလျှော့

0
896

သုံးဘီးဆိုင်ကယ်များကို ခရီးသည် တင်ဆောင်ခွင့်မပြုတော့ဘဲ ကုန်ပစ္စည်း သီးသန့်တင်ရန် သတ်မှတ်လိုက်သည့် အပေါ် ပြန်လည်ဖြေလျှော့လိုက်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးထင်ပေါ်က ပြောကြားသည်။

သက်တမ်းလာတိုးသည့် သုံးဘီးဆိုင်ကယ်အားလုံးကို လူတင်ဆောင်ခွင့်မရှိဘဲ ကုန်ပစ္စည်းသာ တင်ဆောင်နိုင်သည့် (က) လုပ်ငန်းလိုင်စင်အမျိုးအစားကို ထုတ်ပေးရန် ပြီးခဲ့သည့်ရက် သတ္တပတ်က ညွှန်ကြားထားသည်။

ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက်

လက်ရှိတွင် ယင်းကန့်သတ်ချက်ကို ဖြေလျှော့သည့်အနေဖြင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့မတိုင်မီက မှတ်ပုံ တင်ထားသည့် သုံးဘီးဆိုင်ကယ်များကို လူတင်ဆောင်နိုင်သည့် စီးလုံးငှားလုပ်ငန်း လိုင်စင် (ဂ) လိုင်စင်ကို ပြန်လည်ထုတ် ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့မတိုင်မီ မှတ်ပုံတင်ထားသည့် သုံးဘီးဆိုင်ကယ်များကို ကုန်ပစ္စည်းသီး သန့်တင်သည့်ယာဉ် သို့မဟုတ် စီးလုံးငှားယာဉ်အဖြစ် သတ်မှတ်ရန် ယာဉ်ပိုင်ရှင်က ရွေးချယ်နိုင်မည် ဖြစ်သည်။

“ရုံးမိန့်မထွက်ခင်မှာ လုပ်ထားတဲ့ သူတွေ နစ်နာနိုင်တဲ့အတွက်မို့လို့ ပြန်လည်ဖြေလျှော့ပေးခြင်းဖြစ်တယ်” ဟု ဦးထင်ပေါ်က ပြောသည်။

သို့သော် အထက်ပါကာလနောက် ပိုင်းတွင် မှတ်ပုံတင်ထားသည့် သုံးဘီး ဆိုင်ကယ်များကမူ ယင်းဖြေလျှော့မှုတွင် အကျုံးဝင်မည်မဟုတ်ပေ။

ယာဉ်မှတ်ပုံတင်စာအုပ်တွင် ကညနဌာနက ရေးသွင်းဖော်ပြလိုက်သည့် အမျိုးအစားကို အခြေခံကာ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန(ပို့/ဆက်) ဌာနအနေနှင့် (က)လုပ်ငန်းလိုင်စင် သို့မဟုတ် (ဂ) လုပ်ငန်းလိုင်စင်ကို ထုတ်ပေးနေ ခြင်းဖြစ်သည်။

သုံးဘီးဆိုင်ကယ်ကို ကုန်တင်ဆောင်ရန် ရည်ရွယ်ပြီး ထုတ်လုပ်ထားခြင်းဖြစ်သည့်အတွက် လူစီးယာဉ်အစား ကုန်တင်ယာဉ်အဖြစ် ပြောင်းလဲသတ်မှတ်ရန် ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးချုပ်က ၂၀၁၉ ခုနှစ်သြဂုတ်လ ၃၀ ရက်နေ့တွင် ညွှန်ကြားထားကြောင်း ကညနဌာနထံမှ သိရသည်။