မှတ်ပုံတင်တွင် ထားဝယ်လူမျိုးဟု တပ်ခွင့်ရတော့မည်လော

0
829
လဝကရုံးတွင် မှတ်ပုံတင် လုပ်နေသည်ကို ယမန်နှစ်က တွေ့ရစဉ်/Dawei Watch

နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)တွင် လူမျိုးအမည်နေရာ၌ ထားဝယ်ဟု ထည့်သွင်းနိုင်ပြီဖြစ်ကြောင်း ကျယ်ကျယ် ပြန့်ပြန့် သတင်းထွက်ပေါ်နေသည်။

လူမျိုးနေရာတွင် ထားဝယ်ဟု မိမိ ဆန္ဒအလျောက် ပြင်ဆင်လိုပါက သက်ဆိုင်ရာမြို့နယ် လဝကဌာနတွင် လျှောက်ထားနိုင်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန(လဝက) တာဝန်ရှိသူက ပြောကြောင်း ထားဝယ်တိုင်းရင်းသားများပါတီမှ ကိုယ်စားလှယ် လောင်းတစ်ဦးဖြစ်သူ ဦးကိုလေးလွင်က သူ၏ လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက်

ယင်းကို ထပ်ဆင့်မျှဝေသူများစွာ ရှိခဲ့ပြီး ဒေသခံများအကြား ပြောဆိုဆွေးနွေးမှုများ မြင့်တက်လာခဲ့သည်။

ထားဝယ်ခရိုင်အတွင်းရှိ မဲဆန္ဒနယ်များအတွက် အမည်စာရင်းတင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများအား စိစစ်ရာတွင် လဝကဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ပြောဆိုခဲ့သည်ဟု ကိုယ်စားလှယ်လောင်း အချို့က ဆိုသည်။

ဖုန်းအပေါင်ထားပြီး ငွေချေးနိုင်

“ထားဝယ်ဖြစ်အောင်ဆိုရင် မှတ်ပုံတင်တွေ၊ သန်းခေါင်စာရင်းတွေ ယူပြီး ထားဝယ်လူမျိုးစုစည်းမှု ကော်မတီမှာ ထားဝယ်လူမျိုးအဖြစ် ထောက်ခံချက်ယူ၊ ပြီးရင် ဒီထောက်ခံချက်နဲ့ သက်ဆိုင်ရာမြို့နယ် လဝကကို သွားပြီးရင် ပြောင်းလဲစာရင်းသွင်းနိုင်ပါတယ်လို့ ပြောတယ်” ဟု ဦးကိုလေးလွင် က ပြောသည်။

ဦးကိုလေးလွင်သည်လည်း လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်သည်။ ထားဝယ်လူမျိုးဟု ထည့်သွင်း နိုင်ပြီဖြစ်သည့်အကြောင်းကို ဒေသခံများနှင့် ၎င်း၏ မဲဆန္ဒနယ်ဧရိယာ တစ်ဝိုက်တွင် ပြောဆိုစည်းရုံးရန်ကိုလည်း ၎င်းက စီစဉ်လျက် ရှိသည်။

မှတ်ပုံတင်တွင် ထားဝယ်လူမျိုးဖြစ် အမှန်တကယ်ပင် ပြောင်းလဲနိုင်ပါ ပြီလော။

လက်ရှိတွင် မှတ်ပုံတင်ရှိ လူမျိုးနေရာတွင် ဗမာဟု ဖော်ပြထားသည်။

ဗမာလူမျိုးအုပ်စုတွင် လူမျိုးစု ကိုးခုရှိပြီး ထားဝယ်ကို ဗမာအုပ်စုဝင် လူမျိုးစုအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

မှတ်ပုံတင်တွင် ထားဝယ်လူမျိုးဟု ထည့်သွင်းဖော်ပြနိုင်ရေးကူညီဆောင် ရွက်ပေးရန် ထားဝယ်လူမျိုးစုစည်းမှု ကော်မတီ(ဗဟို) ကလည်း တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနထံသို့ ၂၀၁၉ ခုနှစ်က စာပို့တင်ပြခဲ့ဖူးသည်။

ထိုတင်ပြစာအပေါ် မူတည်ကာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံ ၂၀၁၉ ခုနှစ်၊ ဇွန်လက ညှိနှိုင်းစာတစ် စောင် ပေးပို့ခဲ့ကြောင်း သိရသည်။

ထိုစာတွင်ဖော်ပြချက်အရ ထားဝယ် တိုင်းရင်းသားများ၏ နိုင်ငံသားစိစစ် ရေးကတ်ပြားတွင် လူမျိုးအမည်နေရာ၌ ထားဝယ်ဟု ထည့်သွင်းဖော်ပြနိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ရန် တင်ပြ လာခြင်းအပေါ် လုပ်ထုံးလုပ်နည်းနှင့် အညီ လိုအပ်သလိုဆောင်ရွက်ပေးရန်ဟု ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးရန် နှင့် ဆောင်ရွက်ပြီးစီးမှုကို ပြန်လည် တင်ပြရန် လဝကရုံးချုပ်က (ယခင်)တိုင်း လဝကဦးစီးမှူးထံ ညွှန်ကြားစာရောက် လာသည်ဟု ကြားသိရကြောင်း ထားဝယ် လူမျိုးစုစည်းမှုကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုး က ဆိုသည်။

သို့ရာတွင် ယခုအချိန်အထိမူ ထားဝယ်လူမျိုးဟု ပြောင်းလဲဖော်ပြရန်အတွက် ထောက်ခံချက်ပေးရန် ကော် မတီသို့ အကြောင်းကြားလာခြင်းမရှိကြောင်း ၎င်းက ပြောသည်။

သို့သော်လည်း လက်ရှိတွင် ထားဝယ်လူမျိုးဟု ပြောင်းရန် ထောက်ခံချက် တောင်းခံလာပါက စိစစ်ပြီး ထောက်ခံ ချက်ပေးမည်ဖြစ်ကြောင်း ဦးအောင်မျိုး က ဆိုသည်။

“စိစစ်ပြီး ပေးရတာပေါ့။ ယခင် ကတည်းက ပေးဖို့၊ ဒီလိုလုပ်ဖို့၊ အစီအစဉ်ရှိလို့ပဲ စုစည်းမှုကော်မတီကနေ တင်ထားတာ” ဟု ၎င်းက ပြောသည်။

မှတ်ပုံတင်၏ လူမျိုးအမည်အား ပြောင်းလဲရန် လျှောက်ထားပါက သာမန်အားဖြင့် တစ်ဦးချင်းလျှောက်ထားရမည်ဖြစ်ပြီး လက်ရှိတွင် ထားဝယ်လူမျိုးဟု ပြောင်းလဲထည့်သွင်းနိုင်သည်ဟု ညွှန်ကြားသည့်စာ မရောက်သေးကြောင်း လဝကဌာန တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးက ဆိုသည်။

“လျှောက်တာကတော့ လျှောက်မယ်ဆိုရင် လျှောက်လေ။ ကျွန်တော်တို့ကတော့ ဒါကို case by case (တစ်ဦးချင်း/ တစ်ခုချင်း)ပဲ စဉ်းစားပြီးတော့ ပြုစု တင်ပေးရမယ်။ ကျွန်တော်တို့ ဆုံးဖြတ် ပေးလို့မရဘူး။ လူမျိုးကိစ္စက” ဟု တိုင်းဒေသကြီးဦးစီးမှူးက ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးရုံးမှ ညွှန်ကြားရေးမှူးတစ်ဦးကလည်း ယင်းကဲ့သို့ လူမျိုးအမည်ပြောင်းလဲခွင့်ကို တစ်ဦး တစ်ယောက်ချင်း လျှောက်ထားရပြီး ဌာနအနေဖြင့် သေချာစိစစ်လုပ်ဆောင်ရ လေ့ရှိသည်ဟု ဆိုသည်။ ယင်းအပြင် လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကိုလည်း ဖြတ်သန်းရဦးမည် ဖြစ်သည်။

“အဲဒါက အပြင်မှာ သတင်းပြန့်သလောက် မလွယ်ပါဘူးဗျ” ဟု အဆိုပါ ညွှန်ကြားရေးမှူးက ပြောသည်။

ထားဝယ်ဒေသနေသူများအကြားတွင်လည်း လူမျိုးအမည်ကို ပြောင်းလဲ ထည့်သွင်းလိုများရှိသကဲ့သို့ လက်ရှိ ပုံစံအတိုင်း ဗမာဟု ရှိစေလိုသူများလည်း ရှိသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ထားဝယ်ခရိုင်တွင် လူဦးရေ ငါးသိန်း နီးပါးရှိသည်ဟု ဖော်ပြထားသည်။