ထားဝယ်စီမံကိန်းကို အီတာလျံ-ထိုင်းအသက်ပြန်သွင်း၊ အဆင့်ငါးဆင့်ဖြင့် အကောင်အထည်ဖော်မည်

0
936

ကာလအတန်ကြာရပ်ဆိုင်းနေခဲ့သော ထားဝယ်စီမံကိန်းအား ထိုင်းဆောက်လုပ်ရေးကုမ္ပဏီကြီးဖြစ်သည့် အီတာလျံ- ထိုင်းကုမ္ပဏီက အသက်ပြန်သွင်းတော့မည်ဖြစ်ပြီး အဆင့်ငါးဆင့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာသည်။

အီတာလျံ-ထိုင်း ကုမ္ပဏီကဆောင်ရွက်မည့် ထားဝယ်စီမံကိန်း၏ ဧရိယာ အကျယ်အဝန်းမှာ ဧကသုံးထောင်ကျော်ရှိပြီး စီမံကိန်းအတွက်ဘတ်ငွေ၂၀ ဘီလီယံ ခန့်ကုန်ကျမည်ဖြစ်ကြောင်း၊ စီမံကိန်း ပထမဆင့်ကိုဘတ် ၁ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံ၍ ဧက၂၀ဝ ခန့် အကျယ်အဝန်းတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

ကွမ်းသမားနှင့် ကိုဗစ်

စီမံကိန်းအကောင်အထည်ဖော်ရန် လျာထားကုန်ကျငွေဘတ် ၂၀ ဘီလီယံ တွင် အခြေခံအဆောက်အဦနှင့် ရေ၊ မီး စသည်တို့မပါဝင်သေးဘဲ စီမံကိန်းပထမအဆင့်၏ မြေနေရာထက်ဝက်ကျော်ကို လာရောက်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများထံရောင်းချပြီးပါက ဒုတိယအဆင့်ဧက ၆၀ဝခန့်ကို ဆက်လက် အကောင်အထည်ဖော်မည်ဟု အီတာလျံ- ထိုင်းက ဆိုသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် မြေယာလျော်ကြေးများ အပါအဝင်အီတာလျံ-ထိုင်းက ၂၀၁၈-၂၀၁၉ ခုနှစ်များအတွင်း ဘတ်ငွေ၁၅ဘီလီယံကျော်သုံးစွဲခဲ့ပြီးဖြစ်ကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် အရေးပါသည့် စီမံကိန်းဧရိယာမှ ထိုင်းနယ်စပ်အထိ နှစ်လမ်းသွားကားလမ်းအား ဘတ် ၄ ဒသမ ၅ ဘီလီယံသုံးစွဲ၍ ဖောက်လုပ်မည်ဖြစ်ကာ၂ နှစ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း ကုမ္ပဏီအမှုဆောင် အရာရှိချုပ်က ဆိုသည်။

ထားဝယ်စီမံကိန်းပထမအဆင့် အကောင်အထည်ဖော်မှုကို ငါးနှစ်ခန့်အချိန်ယူဆောင်ရွက်မည်ဖြစ်ကာ ကားလမ်းဖောက်လုပ်ပြီးစီးပါက စီမံကိန်းတွင် လာရောက်လုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံသူအသစ်များအား ပိုမိုဆွဲဆောင်နိုင်မည်ဟု အီတာလျံ-ထိုင်းက ယုံကြည်ထားသည်။

ထားဝယ်စီမံကိန်းသဘောတူ စာချုပ်ကို ၂၀၁၆ ခုနှစ် မတ်လကုန်ပိုင်းက ချုပ်ဆိုခဲ့ပြီး စီမံကိန်းဧရိယာဧက ၆၀ဝ၀ ကျော်ရှိသည်။ စီမံကိန်းတွင် စက်မှုဇုန်၊ နှစ်လမ်းသွားကားလမ်း၊ အသေးစားဆိပ်ကမ်း၊ လူနေရပ်ကွက်၊ ဓာတ်အားပေးစက်ရုံနှင့် ဆက်သွယ်ရေးစနစ်စသည်ဖြင့် ပါဝင်သည်။ စီမံကိန်းအကောင်အထည်ဖော်ရန် လေးနှစ်ကြာရပ်ဆိုင်းနေသည့်အတွက် ထားဝယ်စီမံကိန်းသည် အန္တရာယ်များသောစီမံကိန်းတစ်ခုအဖြစ် အီတာလျံ-ထိုင်းက သတ်မှတ်ထားသည်။