ကျူဝင်နေသည့် ကိုယ်ဝန်ဆောင်၊ ကလေးနှင့် သက်ကြီးရွယ်အိုများကို ထောက်ပံ့ကြေးပေး

0
501

တိုင်းအတွင်း ကွာရန်တင်းဝင်နေသည့် ကိုယ်ဝန်ဆောင်မိခင်၊ အသက် ၅ နှစ်အောက်ကလေးနှင့် အသက် ၆၀ နှစ်အထက်ရှိ သက်ကြီးရွယ်အိုများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ကြေးပေးခဲ့ကြောင်း သိရသည်။

တစ်ဦးလျှင် ငွေကျပ် သုံးသောင်းစီ ထောက်ပံ့ခြင်းဖြစ်ပြီး လက်ရှိကျူစခန်း ဝင်နေသူများကိုသာ ထောက်ပံ့ခြင်းဖြစ်ကြောင်း တိုင်းလူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။

တိုင်းအတွင်းရှိ ကွာရန်တင်းစင်တာ ၃၉၂ ခုတွင် ကိုယ်ဝန်ဆောင်မိခင် ၄၄ ဦး၊ ၅ နှစ်အောက်ကလေး ၄၁ ဦးနှင့် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးရွယ်အို ၁၄ ဦးကို ဇူလိုင် ဒုတိယအပတ်တွင် ထောက်ပံ့ပေးခဲ့ကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူက ဆိုသည်။

မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ

မိုးမြင့်