PDF ရဲဘော်သုံးဦးအား မြန်မာစစ်ကောင်စီထံလွှဲပေးမှုဖြေရှင်းပေးရန် ထိုင်းအစိုးရကို ထိုင်းနိုင်ငံရေးပါတီတောင်းဆို
diz_admin
April 10, 2023မဲဆောက်တွင် ဆေးလာကုသည့် မြန်မာတော်လှန်ရေးရဲဘော်သုံးဦးကို ထိုင်းလဝကက ဖမ်းဆီးခဲ့ပြီး မြန်မာစစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF ထံသို့ ပြန်လည်အပ်နှံမှုကို အပြင်းအထန်ရှုတ်ချပြီး ဖြေရှင်းချက်ပေးရန်လည်း ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သော The Commoners’ Party က တောင်းဆိုလိုက်သည်။ ဧပြီလ ၈ ရက် ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုလိုက်ခြင်းဖြစ်သည်။ အဆိုပါ တော်လှန်ရေးရဲဘော်သုံးဦးမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ကရင်ပြည်နယ်အခြေစိုက် Lion Battalion Commando အဖွဲ့က ဒုတိယစစ်ကြောင်းမှူး ကိုသီဟ၊ ပြန်ကြာရေးတာဝန်ခံ ကိုထက်နေဝန်းနှင့် တပ်ဖွဲ့ဝင် စောဖြိုးလေးတို့ ဖြစ်သည်။ တိုက်ပွဲတွင် ရရှိသည့် ဒဏ်ရာကို ထိုင်းနိုင်ငံ မဲဆောက်မြို့၌ သွားရောက်ဆေးကုသစဉ် လမ်းမှားသွားမိသဖြင့် ဧပြီလ ၁ ရက်နေ့တွင် ဖမ်းဆီးခံရပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဧပြီလ […]


