မြန်မာလုပ်သားများလိုက်ပါလာသည့်ကား ကုန်ကားကို ဝင်တိုက်၊ အနည်းဆုံး လေးဦးသေဆုံး
diz_admin
April 8, 2023ထိုင်းတွင် ဘတ်ဟုခေါ်သည့် နေထိုင်အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းသွားတိုးသော မြန်မာနှင့် ကမ္ဘောဒီးယားအလုပ်သမားများလိုက်ပါသော ဗန်ကားသည် ကုန်ကားကို ဝင်တိုက်မိသဖြင့် အနည်းဆုံး လူလေးဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယနေ့ ဧပြီလ ၈ရက် နံနက် ၅နာရီခွဲက ဘတ်သက်တမ်းတိုးရန် ဘန်ကောက်မှ ကျန်ထဘူရီခရိုင်သို့ သွားရောက်ရစဉ် ချွန်ဘူရီခရိုင် အမြန်လမ်းပေါ်တွင် ကားတိုက်မှုဖြစ်ခြင်းဖြစ်သည်ဟုဆိုသည်။ ဗန်ကားသည် ၁၈ ဘီးတပ်ကုန်တင်ကားကို အနောက်မှ ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ဗန်ကားမောင်းသူက အိပ်ပျော်သွားခဲ့ခြင်းဖြစ်နိုင်ကြောင်း ကုန်တင်ကားမောင်းသမား၏ ဖြေကြားချက်ကို သတင်းများတွင် ဖော်ပြထားသည်။ ကားပေါ်တွင် မြန်မာအလုပ်သမားများနှင့် ကမ္ဘောဒီးယားအလုပ်သမား စုစုပေါင်း ၁၂ ဦးလိုက်ပါလာခဲ့ကြောင်း ရေးသသားထားသည်။ ကားတိုက်မှုကြောင့် ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး၊ ကားမောင်းသူ အပါအဝင် အနည်းဆုံး လေးဦး သေဆုံးခဲ့သည်ဟုဆိုသည်။ သေဆုံးသူများထဲတွင် မြန်မာအလုပ်သမား ပါဝင်ခြင်းရှိမရှိကိုမူ သတင်းများတွင် […]


