ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင်တိုက်

diz_admin

April 9, 2023

ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး အဖွဲ့များက ယနေ့ (ဧပြီ ၉) နေ့လယ် ၁၁ နာရီခန့်မှစပြီး ဝင်ရောက်တိုက်ခိုက်နေကြောင်း ဒေသခံအချို့က ပြောသည်။ ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယခု နေ့လယ် ၁၂ နာရီ ၄၀ မိနစ်(သတင်းမေးမြန်းချိန်) အထိ ပစ်ခတ်မှုဖြစ်ပွားနေဆဲဖြစ်သည်ဟု ဒေသခံအချို့ထံမှသိရသည်။ “အခုလောလောဆယ် စကားပြောလို့ အဆင်မပြေသေးဘူး၊ ကျွန်တော်တို့လည်း ပုန်းနေရတယ်။ အခုထိ ပစ်ခတ်မှုတွေဖြစ်နေတုန်းပဲ” ဟု ပကာရီရွာမှ အမျိုးသားတစ်ဦးက ဆိုသည်။ ယနေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ထားဝယ်မြို့နယ်အတွင်းရှိ စစ်ကောင်စီပစ်မှတ်များကို ဆက်တိုက်ဝင်ရောက်တိုက်ခိုက်နေပြီး စော်ဖျားရွာ စစ်ကောင်စီဂိတ်၊ မောင်မယ်‌ရှောင်ရွာ ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် ယခု ပကာရီရဲစခန်းများကို ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်သည်။ သရက်ချောင်းမြို့နယ် စော်ဖျားရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ […]

ထားဝယ်မြို့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တိုက်

diz_admin

April 9, 2023

ထားဝယ်မြို့၊ မောင်မယ်ရှောင်ကျေးရွာက ဘုရားမဲစစ်ဆေးရေးဂိတ်ကို ယနေ့ (ဧပြီ ၉)နံနက် ၉ နာရီအချိန်ခန့်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ နံနက် ၉ နာရီခန့်က PDF တပ်ဖွဲ့များရောက်လာပြီး မကြာမီ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မောင်မယ်ရှောင်ကျေးရွာမှ ဒေသခံအမျိုးသားက ပြောသည်။ “မနက်တုန်းက အလှူရှိနေတော့ အလှူကလူတွေ ပစ်ခတ်သံတွေကြားပြီး ထမင်းကို မစားဖြစ်ကြဘူးထင်တယ် ထပြေးလာကြတာ” ဟု အထက်ပါ အမျိုးသားက ဆိုသည်။ မိနစ်အနည်းကြာ ပစ်ခတ်မှုဖြစ်ပြီးနောက် ဘုရားမဲ စစ်ဆေးရေးဂိတ်နှင် ဇဟာအခြေစိုက် စစ်ကောင်စီတပ်က နံနက် ၁၁ နာရီခန့်အထိ လက်နက်ကြီးနှင့်ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်ဟု ယင်းကျေးရွာမှ အခြား‌ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ပစ်ကြခတ်ကြတော့ ကိုယ့်အိမ်ထဲမှာပဲ တံခါးတွေပိတ်ပြီး ဝပ်နေကြတယ်” ဟု အထက်ပါ အမျိုးသားက ဆိုသည်။ အဆိုပါ […]

ပုလောတွင် ၇ နာရီနီးပါးကြာတိုက်ပွဲဖြစ်၊ အရပ်သားတစ်ဦး သေဆုံး

diz_admin

April 9, 2023

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် မနေ့က(ဧပြီ ၈) ၇ နာရီခန့် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး လမ်းသွားလမ်းလာ  အရပ်သားလေးဦးခန့် ထိခိုက်ဒဏ်ရာရကာ တစ်ဦးသေဆုံးခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။ ဧပြီလ ၈ ရက်နံနက် ၉ နာရီခန့်မှ စတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ညနေ ၄ နာရီခန့်တွင် ပစ်ခတ်သံများ ရပ်နားသွားခဲ့သည်ဟု ဒေသခံများ ကပြောသည်။ တိုက်ပွဲဖြစ်နေစဥ်အတွင်း အရပ်သားလေးဦးခန့် သေနတ်ကျည်ဆံထိမှန်ခဲ့ပြီး ဆိုင်ကယ်မောင်းလာသည့် အသက် ၃၀ ကျော်အရွယ်အမျိုးသားတစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများကပြောသည်။ “သူ့သမီးငယ်ကိုတင်ပြီး မောင်းလာတုန်းအပစ်ခံရတာ။မင်းထိန်ကို သယ်လာပြီး ပုလောဆေးရုံရောက်မှ သေသွားတာပါ”ဟု မင်းထိန်ဒေသခံ အမျိုးသားကပြောသည်။ သေဆုံးသူမှာ ကိုကျော်စိုး ဟုသိရပြီး ပဝတ်ကုန်းရွာသား ဖြစ်သည်ဟု ဒေသခံများ ကပြောသည်။ “သေတာက ပဝတ်ကုန်းက ဦးကျော်အေးသား သူ့အဖေနာမည်ပဲသိတယ်။သားတွေနာမည်တော့ သိပ်မမှတ်မိဘူး”ဟု […]

သရက်ချောင်းမြို့နယ် စော်ဖျားတွင် တိုက်ပွဲပြင်းထန်

diz_admin

April 9, 2023

သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် ယနေ့ (ဧပြီ ၉) နံနက် ၅ နာရီခန့်မှစပြီး တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံအချို့က ပြောသည်။ ကနဦးသိရသည့် အချက်အလက်များအရ နံနက် ၁၀ နာရီခွဲခန့်အထိ ပစ်ခတ်မှုများ ကြားနေရဟုဆိုသည်။ စော်ဖျားကျေးရွာ ဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို  ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ “ပစ်ခတ်သံတွေ အခုလေးတင် စဲသွားတာ၊ ကျွန်မတို့လည်း ရှောင်နေရတယ်။ စကားကို ကျယ်ကျယ်မပြောရဲဘူး။ နောက်မှမေးပါ” ဟု စော်ဖျားရွာက ဒေသခံအမျိုးသမီးက ဆိုသည်။ စော်ဖျားရွာတိုက်ပွဲဖြစ်ပွားနေစဉ် လက်နက်ကြီး လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်နေသဖြင့် စော်ဖျားရွာအပါအဝင် အနီးအနားကျေးရွာမှ ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ “ကျွန်မတို့လည်း ရွာမှာ မနေရဲလို့အခြားနေရာကို ပြေးလာရတယ်။ […]

တနင်္သာရီတိုင်းက စစ်အုပ်ချုပ်ရေးဒေသတွင် သင်္ကြန်ရေကစား မဏ္ဍပ်များ ဆောက်လုပ်ခြင်းမရှိ

diz_admin

April 9, 2023

တနင်္သာရီတိုင်းရှိ မြို့ကြီးသုံးမြို့တွင် စစ်ကောင်းစီကသင်္ကြန်မဏ္ဍပ်များ ဆောက်နေသော်လည်း စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နှစ်မြို့တွင်မူ မဏ္ဍပ်များမရှိကြောင်း မြို့ခံအချို့ကပြောသည်။ စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီမြို့နှင့် ပုလောမြို့ခံများကို ဧပြီလ ၇ ရက်က ဆက်သွယ်မေးမြန်းကြည့်ရာ ၎င်းတို့မြို့တွင် သင်္ကြန်မဏ္ဍပ်များမရှိသလို၊ ‌သင်္ကြန်ရေသေနတ် ရောင်းသူပင်မရှိကြောင်း ပြောဆိုကြသည်။ “သင်္ကြန်နဲ့ပတ်သက်ပြီး ဘာမှကိုမရှိဘူး။ မဏ္ဍပ်လည်းမရှိဘူး။ ရေသေနတ်တောင် ရောင်းဖို့ကြောက်နေကြတာ” ဟု ပုလောမြို့ခံတစ်ဦးကဆိုသည်။ တနင်္သာရီမြို့တွင်လည်း အလားတူပင် သင်္ကြန်မဏ္ဍပ်များမရှိဟုဆိုသည်။ သင်္ကြန်ပစ္စည်းရောင်းသူမှာမူ တစ်ဦးစ၊ နှစ်ဦးစရှိကြောင်း မြို့ခံအချို့ကပြောသည်။ “သင်္ကြန်ပစ္စည်းတွေကလည်း ဝယ်တဲ့သူသိပ်မရှိဘူး။ ကလေးပစ္စည်းတွေလောက်ပဲ နဲနဲပါးပါးဝယ်‌နေတာ တွေ့တယ်” ဟု မြို့ခံတစ်ဦးကဆိုသည်။ တနင်္သာရီတိုင်း စစ်ကောင်စီကမူ ယခုနှစ်သင်္ကြန်ကို စည်စည်ကားကား ကျင်းပမည်ဟုပြောဆိုထားပြီး ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်မြို့ကြီးများတွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်များဆောက်လုပ်နေသည်။ အလားတူ လောင်းလုံး၊ သရက်ချောင်းမြို့တို့တွင်လည်း သင်္ကြန်မဏ္ဍပ်ဆောက်ရန် […]

ချင်းမိုင်တွင် လေထုညစ်ညမ်းမှု ပိုမိုပြင်းထန်လာသောကြောင့် နေအိမ်မှာသာ အလုပ်လုပ်ကြရန် တိုက်တွန်း

diz_admin

April 9, 2023

ဒေသတွင်း လေထုညစ်ညမ်းမှုသည် အန္တရာယ်အဆင့်အထိ မြင့်တက်နေခြင်းကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ဒေသတွင်း နေထိုင်သူများကို အိမ်ထဲမှာသာ နေထိုင်ပြီး အလုပ်လုပ်ကြရန် ဒေသန္တရ အာဏာပိုင်များက ဧပြီ ၇ ရက်နေ့တွင် တိုက်တွန်းကြေညာခဲ့သည်။ ဒေသအတွင်းရှိ ပုဂ္ဂလိကနှင့် အစိုးရ ဆိုင်ရာ အဖွဲ့အစည်းများကိုလည်း နေအိမ်မှ အလုပ်လုပ်၍ရသော ဝန်ထမ်းများအား အိမ်မှ အလုပ်လုပ်ခွင့်ပြုရန် တောင်းဆိုထားသည်။ ထိုင်းနိုင်ငံတွင်း ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ရာ နေရာတစ်ခုဖြစ်သည့် ယင်းဒေသသည် တောမီးနှင့် ရိတ်သိမ်းပြီးနောက် စိုက်ခင်းအမှိုက် မီးရှို့ခြင်း တို့ကြောင့် မကြာသေးမီ ရက်သတ္တပတ်များအတွင်း မီးခိုးမြူများ ဖုံးလွှမ်းခဲ့သည်။ ပြီးခဲ့သည့် သောကြာနေ့နံနက်တွင် လေကြောင်းစောင့်ကြည့်ရေးဝက်ဘ်ဆိုဒ် IQAir သည် ချင်းမိုင်ကို ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှုအရှိဆုံးမြို့အဖြစ် အဆင့်သတ်မှတ်ခဲ့ပြီး အဆိုပါ အနေအထားသည် ပုံမှန် လေထုညစ်ညမ်းမှု အမြင့်ဆုံးမြို့များအဖြစ် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

April 8, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီလ ၂ ရက်နေ့ မှ ၈ ရက်နေ့အထိ ရွှေကုက္ကိုအနီးတိုက်ပွဲကြောင့် မြန်မာရှစ်ထောင်ကျော် ထိုင်းဘက်သို့ ထွက်ပြေးရ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်အနီးမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံရှစ်ထောင်ကျော်ဟာ သောင်ရင်းမြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ထွက်ပြေးကြရသူတွေထဲမှာ ကလေးငယ်လည်း ရှစ်ရာကျော် ပါဝင်နေပါတယ်။ ရွှေကုက္ကိုမြို့သစ်အနီးက စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းနှစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအပါအဝင် မဟာမိတ်တပ်တွေက ဧပြီလ ၅ ရက် နံနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။ အဲဒီနောက် စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်းကပါ ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာပါတယ်။ တရုတ်ကာစီနိုလောင်းကစားရုံတွေနဲ့ နာမည်ကြီးနေတဲ့ ရွှေကုက္ကိုမြို့သစ်မှာပါ […]

လောင်းလုံး ကရင်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

April 8, 2023

လောင်းလုံးမြို့နယ် ကရင်ကြီးရွာက ဒေသခံရွာသားတစ်ဦး ဧပြီ ၆ ရက်နေ့ ညနေပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၅၀ ကျော်အရွယ်ရှိ ဦးခင်မောင်ဝင်းဆိုသူဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ယင်းနေ့ ညနေ ၆နာရီဝန်းကျင်က နေအိမ်တွင်ရှိနေစဉ် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သေနတ်သံက တစ်ချက်ပဲကြားရတယ်” ဟု ၎င်းက ပြောသည်။ ဦးခင်မောင်ဝင်းအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်ခတ်သွားသည်ကို မသိရသေးပေ။ ၎င်း၏ ရုပ်အလောင်းကို ဧပြီ ၇ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် အရေးပေါ်ကားဖြင့် ထားဝယ်သို့ သယ်ဆောင် သွားပြီးနောက် ယင်းနေ့ မွန်းလွဲပိုင်းတွင် ကရင်ကြီးရွာသို့ ပြန်လည်သယ်ဆောင်လာကာ သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများက ပြောသည်။