သရက်ချောင်း ကျောက်လှေကားရွာက နေအိမ်အချို့
diz_admin
April 11, 2023သရက်ချောင်းမြို့နယ် ကျောက်လှေကားရွာက နေအိမ်အချို့ကို ဧပြီလ ၁၀ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ဧပြီလ ၉ရက် နံနက်ပိုင်းတွင် စော်ဖျားရွာဘုရားကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက စော်ဖျား၊ ကျောက်လှေကားရွာများဘက်ကို စစ်ကြောင်းထိုးနေခြင်း ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ဧပြီလ ၁ဝရက် ညနေ ၄ နာရီခန့်တွင် ကျောက်လှေကားရွာဘက်က ပစ်ခတ်သံများ ကြားရပြီး ညနေ ၅ နာရီခန့်တွင် ပစ်ခတ်သံများ တိတ်သွားပြီးနောက် မီးရှို့ခံရခြင်းဖြစ်ကြောင်း ယင်းကျေးရွာအနီးနေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။ “မနေ့က မီးခိုးလုံးတွေ တက်လာတာကို အဝေးကနေတွေ့ရတယ်။ နောက်မှ ကျောက်လှေကားက အိမ်တွေ မီးရှို့ခဲ့တာလို့ ပြောတယ်။ အိမ်သုံးဆောင်လို့လည်း ကြားတယ်” ဟု […]


