စော်ဖျားနှင့် ပကာရီတိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးမှုများသည်ဟု PDF ထုတ်ပြန်
diz_admin
April 12, 2023စော်ဖျားနှင့် ပကာရီကျေးရွာတို့၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်က ၂၀ ကျော်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရှစ်ဦးထိခိုက်ဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဧပြီလ ၁၁ ရက်က ထုတ်ပြန်သည်။ ဧပြီလ ၉ ရက်နေ့က သရက်ချောင်းမြို့နယ် စောဖျားရွာ ဘုရားကုန်းက စစ်ကောင်စီတပ်စခန်း၊ ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်း၊ မောင်မယ်ရှောင်ရွာက ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ စော်ဖျားရွာ ဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဘက်က ၂၀ ကျော်သေဆုံးကာ အများအပြားဒဏ်ရာရပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဘက်က ခုနစ်ဦး ဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (ထားဝယ်ခရိုင်) က ထုတ်ပြန်ထားသည်။ တိုက်ပွဲမှာ နံနက် ၆ နာရီဝန်းကျင်တွင် စတင်ဖြစ်ပွားပြီး ငါးနာရီနီးပါးကြာမြင့်ခဲ့သည်။ စခန်းရလုဆဲဆဲတွင် စစ်ကောင်စီတပ်ဘက်က အင်အားအများအပြား ရောက်ရှိလာပြီး လက်နက်ကြီးများဖြင့် […]


