ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အမေရိကန်ဖက်ဒရယ်အစိုးရယန္တရား ရပ်ဆိုင်း

Dawei Watch

October 1, 2025

ဖက်ဒရယ်အစိုးရဘတ်ဂျက်ဥပဒေကြမ်းကို ကွန်ဂရက်လွှတ်တော်က အချိန်မီ အတည်မပြုနိုင်သောကြောင့် အမေရိကန်ဖက်ဒရယ်အစိုးရယန္တရား စတင်ရပ်ဆိုင်းနေသည်။ ၇ နှစ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဖက်ဒရယ်အစိုးရယန္တရားရပ်တန့်မှု ဖြစ်ပေါ်လာပြီး ထရမ့်အစိုးရအနေဖြင့် မရေရာမှုအသစ်များဖြင့် စတင်ရင်ဆိုင်နေရပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြသည်။ သတ်မှတ် နောက်ဆုံးရက်ဖြစ်သည့် ဗုဒ္ဓဟူးနေ့ ညသန်းခေါင်မတိုင်မီ ဖက်ဒရယ်အစိုးရဘတ်ဂျက်ဥပဒေကြမ်းကို အတည်ပြုရန် သမ္မတဒေါ်နယ်ထရမ့်နှင့် ကွန်ဂရက်လွှတ်တော်က ကြိုးစားခဲ့သော်လည်း ဒီမိုကရက်ပါတီအမတ်များက မဲခွဲပယ်ချခဲ့သည်။ ဒီမိုကရက်ပါတီဘက်က ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ တောင်းဆိုချက်များကို သမ္မတဒေါ်နယ်ထရမ့်နှင့် ရီပတ်ဘလင်ကန်အမတ်များက မလိုက်လျောလျှင် ဖက်ဒရယ်အစိုးရယန္တရား ရပ်တန့်စေမည်ဟု ဒီမိုကရက်အမတ်များက ခြိမ်းခြောက်ထားသည်။ ယင်းသို့ ခြိမ်းခြောက်ထားသည့်အတိုင်း ဒီမိုကရက်အမတ်များက ရီပတ်ဘလင်ကန်ပါတီဘက်မှ တင်သွင်းလာသည့် ဖက်ဒရယ်အစိုးရရန်ပုံငွေဥပဒေကြမ်းကို ပယ်ချခဲ့ခြင်း ဖြစ်သည်။ ဖက်ဒရယ်အစိုးရယန္တရားရပ်ဆိုင်းမှုကြောင့် ဖက်ဒရယ်အစိုးရဝန်ထမ်းပေါင်း ၇၅၀,၀၀၀ ခန့် လစာမဲ့ နားနေခွင့် အပေးခံရနိုင်ကြောင်း ခန့်မှန်းထားသည်။ ဖက်ဒရယ်အစိုးရဝန်ထမ်းအချို့ ရာသက်ပန်အလုပ်ထုတ်ခံရနိုင်ကြောင်း […]

ပညာရေးလုပ်ငန်းများအတွက် ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရန်ပုံငွေကမ်ပိန်းပြုလုပ်

Dawei Watch

October 1, 2025

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဆောင်ရွက်နေသည့် ပညာရေးလုပ်ငန်းများတွင် အသုံးပြုရန် ‘ပန်းများဝေစည် အမိမြေမဟီ’ အမည်ဖြင့် ရန်ပုံငွေ ရှာဖွေရေးအစီအစဥ် ပြုလုပ်နေကြောင်း ယင်းသမဂ္ဂထံမှ သိရသည်။ အဆိုပါ ရန်ပုံငွေရှာဖွေရေးအစီအစဥ်ကို စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၂၈ ရက်အထိ တစ်လတာ ပြုလုပ်မည်ဟု လျာထားပြီး ရန်ပုံငွေကျပ်သိန်း ၇၀ ခန့် ရရှိရန်မျှော်ထားကြောင်း ဆိုသည် ။ အစီအစဥ်တွင် ပါဝင်လိုသူများအနေဖြင့် ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ဆက်သွယ်ပါဝင်နိုင်ကြောင်း သမဂ္ဂထံမှ သိရသည်။ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂသည် ထားဝယ်ခရိုင်အတွင်း မြေပြင်ကျောင်းတစ်ကျောင်း ဖွင့်လှစ်ထားကာ ကျောင်းသား ၇၀ ခန့်ကို အခြေခံပညာရေးသင်ကြားပေးနေပြီး အဆင်မြင့်ပညာရေးအတွက် ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သမဂ္ဂ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “လက်ရှိမှာ သမဂ္ဂအနေနဲ့ လုပ်နေတာကတော့ […]

ရေဖြူ ဧကနိကျေးရွာအနီးတွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်

Dawei Watch

October 1, 2025

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ဧကနိကျေးရွာအနီးတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ အင်အား တစ်ရာဝန်းကျင်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ စက်တင်ဘာလ ၃၀ ရက် နံနက် ၅ နာရီခန့်မှ နေ့လယ်ပိုင်းအထိ တစ်ကြိမ်ဖြစ်ပွားပြီး ယနေ့ အောက်တိုဘာလ ၁ ရက်တွင်လည်း နံနက်ပိုင်းကစပြီး ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်နှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။ “အခုအထိ ပစ်ကြတုန်း။ ရွာသားတွေအကုန် ထွက်ပြေးနေရတယ်” ဟု ယင်းအမျိုးသားက ယနေ့ နံနက် ၈ နာရီခန့်တွင် ပြောဆိုသည်။ စစ်အာဏာရှင်တပ်စစ်ကြောင်းသည် စက်တင်ဘာလ ၂၇ ရက် နံနက် ၄ နာရီခန့်မှစ၍ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ပုဂေါဇွန်းရွာသို့ စတင်ဝင်ရောက်လာကြောင်း ဒေသခံများထံမှ သိရသည်။ […]

တုံးဗျောကြီးရွာရှိ စစ်အာဏာရှင်တပ်ဂိတ် တိုက်ခိုက်ခံရပြီးနောက် အင်အားတိုးမြှင့်ကာ စစ်ဆေးမှုတင်းကျပ်

Dawei Watch

September 30, 2025

မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာလမ်းဆုံရှိ စစ်အာဏာရှင်တပ်စစ်ဆေး‌ရေးဂိတ်ကို ‌တော်လှန်‌‌ရေးတပ်များ တိုက်ခိုက်ပြီးနောက် စစ်အင်အားထပ်တိုးကာ စစ်ဆေးမှု ပိုမိုတင်းကျပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၂၉ရက်က အဆိုပါဂိတ်ကို တော်လှန်‌‌ရေးတပ်များက တိုက်ခိုက်ပြီးနောက် မြိတ်မြို့မှ ကားတစ်စီးဖြင့် စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၃၀ ခန့် အင်အားထပ်တိုးလာကြောင်း ဒေသခံများက ပြောသည်။ ယနေ့ စက်တင်ဘာလ ၃၀ရက်တွင်လည်း မြိတ်မြို့ စစ်ကောင်စီအမှတ် (၁၀၁) ခြေလျင်တပ်ရင်းက ကားတစ်စီးဖြင့် တပ်ဖွဲ့ဝင် အင်အား ၄၀ ဝန်းကျင်နှင့် ဒရုန်းတစ်စင်းထပ်မံရောက်ရှိ အားဖြည့်ထားပြီး စစ်ဆေးမှုတင်းကျပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ခါတိုင်းဆို ရွာသားတွေကို မစစ်ဘူး။ အခုက ရွာသားတွေလည်း အကုန်စစ်တယ်။ ခရီးသွားတွေလည်း ပိုတင်းကျပ်ပြီး စစ်ဆေးလာတယ်။ ရမ်းနေပုံရတယ်” ဟု ၎င်းက ပြောဆိုသည်။ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုတွင် […]

သရက်ချောင်း ကျောက်လှေကားရွာတွင် နေအိမ် ၇၀ကျော် မီးရှို့ဖျက်ဆီးခံရ

Dawei Watch

September 30, 2025

သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားရွာတွင် နေအိမ် ၇၃ လုံးကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) ၊ မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ဥတ္တူရွာမှ အင်းပြားရွာ၊ ကျောက်လှေကားရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ စက်တင်ဘာလ ၂၉ ရက်နှင့် ယနေ့ စက်တင်ဘာလ ၃၀ ရက်တို့တွင် နှစ်ရက်ဆက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။ နှစ်ဖက် တိုက်ပွဲဖြစ်စဉ် စက်တင်ဘာလ ၂၉ရက် ညပိုင်းနှင့် ယနေ့ နံနက်ပိုင်းတို့တွင် ကျောက်လှေကားရွာက နေအိမ်များကို စစ်အာဏာရှင်တပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ သရက်ချောင်းမြို့နယ် အထက်ပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းကို ယနေ့ နံနက် ၇ နာရီတွင် […]

“ဘူအလွိုင်” မုန်တိုင်း၏ လေပွေလှိုင်းများကြောင့် တနင်္သာရီ အပါအဝင် တစ်နိုင်ငံလုံး မိုးဆက်ကြီးမည်

Dawei Watch

September 30, 2025

” ဘူအလွိုင် ” မုန်တိုင်း ၏ လေပွေလှိုင်းများ အရှိန်ကြောင့် တနင်္သာရီ အပါအဝင် တစ်နိုင်ငံလုံး အောက်တိုဘာလဆန်းအထိ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း စစ်ကော်မရှင်၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ လာအိုနိုင်ငံကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်း“ဘူအလွိုင်”သည် စက်တင်ဘာလ ၂၉ ရက် ညပိုင်းတွင် အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပြီး မြန်မာနိုင်ငံဒေသအချို့တွင် လေပွေလှိုင်းများအဖြစ် ဝင်ရောက်လာသည်ဟု မိုးဇလကဖော်ပြသည်။ လေပွေလှိုင်းများ လာမည့် နောက် ၁၂ နာရီအတွင်း နေပြည်တော်၊ မန္တလေး၊ မကွေး နှင့် စစ်ကိုင်း စသည့် ဒေသများ သို့ ‌ဆက်လက်ရွေ့လျားနိုင်ကြောင်း မိုးဇလကဆိုသည်။ လေပွေလှိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ […]

ဖမ်းဆီးခံရသည့် သထုံဒေသခံများ ယနေ့အထိ ပြန်မလွတ်သေး

Dawei Watch

September 30, 2025

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကရင်လေးဆိပ်ကျေးရွာက ကလေး ၅ ဦးအပါအဝင် ဒေသခံအယောက် ၃၀ ဦးထက်မနည်းကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ပြန်လွတ်လာခြင်း မရှိသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။ စစ်ကော်မရှင်တပ်သားနှင့် ရဲအင်အား ၅၀ ခန့်တို့က ကရင်လေးဆိပ်ကျေးရွာထဲကို စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက ဝင်ရာက်စီးနင်းခဲ့ခြင်းဖြစ်ပြီး လမ်းတွင်တွေ့သည့် ဒေသခံများကို ဖမ်းဆီးသွားခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများထဲတွင် အသက် ၁၃ နှစ်အရွယ် ကလေး ၅ ဦး၊ အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား ၁၅ ဦးကျော် ပါဝင်သည်ဟု ကရင်လေးဆိပ်ရွာအခြေအနေကို သိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။ “ရွာထဲကို ကားတွေနဲ့ ဝင်လာပြီးတော့ လမ်းမှာတွေ့တဲ့လူတွေကိုလည်း ဖမ်းတယ်။ […]

တာလီဘန်များက အာဖဂန်နစ္စတန် တစ်နိုင်ငံလုံးကို အင်တာနက် ဖြတ်တောက်

Dawei Watch

September 30, 2025

အာဖဂန်နစ္စတန် တစ်နိုင်ငံလုံး ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် အင်တာနက် သုံးမရတော့ကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ကျင့်ဝတ်ပျက်ပြားမှုကို တိုက်ဖျက်ရန် အင်တာနက်အသုံးပြုမှုကို ပိတ်ပင်မည်ဟု တာလီဘန်အစိုးရက ကတိပြုကြေညာခဲ့ပြီးနောက် ယင်းသို့ နိုင်ငံအနှံ့ အင်တာနက်ပြတ်တောက်သွားခြင်း ဖြစ်သည်။ ယင်းကြောင့် ပိုမိုတင်းကျပ်ဖိနှိပ်လာသည့် တာလီဘန်အုပ်ချုပ်မှုအောက်မှ အာဖဂန်နစ္စတန်နိုင်ငံသား သန်းပေါင်းများစွာအတွက် ကမ္ဘာနှင့် အဆက်ပြတ်မည့်အရေး စိုးရိမ်မှုများ ကြီးထွားလာသည်။ တနင်္လာနေ့ညပိုင်းတွင် အာဖဂန်နစ္စတန်ရှိ ကွန်ရက်တော်တော်များ ပြတ်တောက်သွားခဲ့ကာ တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုများပါ ထိခိုက်မှုရှိခဲ့ကြောင်း အင်တာနက်စောင့်ကြည့်ရေးအဖွဲ့ Netblocks က ပြောသည်။ ယင်းကြောင့် လူဦးရေ ၄၃ သန်း နေထိုင်ရာ အာဖဂန်နစ္စတန်နိုင်ငံတွင် အင်တာနက်လုံးဝပြတ်တောက်မှု ဖြစ်ပွားနေကြောင်း Netblocks အဖွဲ့က ပြောသည်။ ပြည်တွင်းရှိ ၎င်းတို့၏ မိသားစုများထံ […]