ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖွေထိုင်းပါတီမှတင်သွင်းသည့် အိမ်ခြံမြေသူဌေး ထိုင်းဝန်ကြီးချုပ်ဖြစ်လာ

Dawei Watch

August 22, 2023

ထိုင်းနိုင်ငံဝန်ကြီးချုပ်အဖြစ် Pheu Thai Party (ဖွေထိုင်းပါတီ)မှ အမည်စာရင်းတင်သွင်းသည့် Srettha Thavisin (ဆရက်ထာ ထဝီဆင်)မှာ စစ်တပ်လွှမ်းမိုးမှုရှိသော အထက်လွှတ်တော်က ကန့်ကွက်ခြင်းမရှိသဖြင့် ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာပြီဖြစ်သည်။ ယနေ့ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးတွင် ဖွေထိုင်းပါတီက ဦးဆောင်ဖွဲ့စည်းထားသည့် ညွန့်ပေါင်းအဖွဲ့က ၎င်းကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။ ညနေ ၃ နာရီအချိန်ခန့်မှစ၍ အထက်လွှတ်တော်၊ အောက်လွှတ်တော်အမတ်များက ဝန်ကြီးချုပ်လောင်းကို မဲပေးရွေးချယ်ခဲ့ရာ ထောက်ခံမဲ ၄၀၀ ကျော်ရရှိခဲ့ပြီး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ဖြစ်ရန်အတွက် ထောက်ခံမဲ အနည်းဆုံး ၃၇၅ မဲရရှိရန် လိုအပ်ပြီး ယင်းမဲအရေအတွက်ထက် ကျော်လွန်ရရှိခဲ့ခြင်းဖြစ်သည်။ Bangkok Post သတင်းဌာနက ရေးသားမှုတွင်မူ ဆရက်ထာ ထဝီဆင်၏ ကိုယ်ရေးအကျဉ်းကို လွှတ်တော်အမတ်များထံ ဖြန့်ဝေထားခြင်းမရှိဟုဆိုသည်။ ဆရက်ထာ […]

ဘီးလင်းတွင် မှန်လုံကားတစ်စီးတိမ်းမှောက် ကလေးနှစ်ဦးအပါအဝင် ခုနစ်ဦး ဒဏ်ရာရ

Dawei Watch

August 22, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ယနေ့ ဩဂုတ်လ ၂၂ ရက် နံနက်ပိုင်းက ခရီးသည်တင်မှန်လုံကားတစ်စီးတိမ်းမှောက်ပြီး ကလေးနှစ်ဦးအပါအဝင် ခုနစ်ဦးထိခိုက်ဒဏ်ရာ ရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က ရန်ကုန်ဘက်မှ ဘားအံဘက်သို့ မောင်းနှင်လာသည့် မှန်လုံကားသည် အလူးလေး ကျေးရွာ အထပ်သားစက်ရုံအနီးအရောက်တွင် အရှိန်လွန်ပြီး တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ခရီးသည် ၁၀ ဦးခန့် စီးနင်းလိုက်ပါလာသည့် အဆိုပါမှန်လုံကားတိမ်းမှောက်မှုကြောင့် ကလေးနှစ်ဦး၊ အမျိုးသမီး ၄ ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတို့က ပြောဆိုသည်။ “ကားက အရှိန်လွန်ပြီး မှောက်သွားတာ။ ကြီးကြီးမားမားဖြစ်သွားတာမရှိပေမယ့် ကလေးနှစ်ဦးနဲ့ အမျိုးသားက တစ်ဦး၊ အမျိုးသမီး လေးဦးတော့ ပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာတွေ ရသွားတယ်။ […]

ရန်ကုန်-ထားဝယ်လမ်းပိုင်းရှိ ကျိုးကျနေသည့်တံတားငယ် ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီ

Dawei Watch

August 22, 2023

ရေဖြူမြို့နယ်၊ ကော့လှိုင်ရွာထိပ်ရှိ ရန်ကုန်-ထားဝယ် ကားလမ်းပေါ်တွင် ကျိုးကျနေသည့် တံတားငယ်ကို ပြုပြင်ပြီးစီးသွားပြီဖြစ်သဖြင့် ကားများ ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း လမ်းပိုင်းအသုံးပြုသူများက ပြောသည်။ ကော့လှိုင်ရွာထိပ်ရှိ တံတားကို ယနေ့ ဩဂုတ်လ ၂၂ ရက် နံနက် ၁၁ နာရီဝန်းကျင်ကစပြီး ပြုပြင်ပြီးစီးခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “မနက်ကတည်းက စပြီး မြေပြန်ဖို့နေတယ်။ ၁၁နာရီလောက် စဖြတ်ခိုင်းတယ်။ တံတားက အောက်ကရေလွှဲပိုက်ကို ပြန်ပြင်မြေဖို့ပြီး အရေးပေါ်ဖြတ်သန်းသွားလို့ရအောင် လာစီစဉ်ပေးထားတယ်” ဟု ကော့လှိုင်တံတားမှ ကားဖြင့် ဖြတ်သန်းလာသည့် ယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။ ကော့လှိုင်တံတားသည် ဩဂုတ်လ ၂၁ ရက် ညနေ ၆နာရီဝန်းကျင်တွင် ကုန်ကားတစ်စီးဖြတ်သွားပြီးနောက် မြေသားကျွံကျကာ တံတားကျိုးကျသွားခြင်းဖြစ်သည်။ တံတားကျိုးကျမှုကြောင့် ကားနှင့် လူထိခိုက်ဒဏ်ရာရခြင်း မရှိပေသော်လည်း ခရီးသည်ကားနှင့် ကုန်တင်ကားအချို့ ကော့လှိုင်ရွာတွင် တစ်ညတာပိတ်မိခဲ့ကြောင်း […]

ရွှေတစ်ကျပ်သား ကျပ်နှစ်သိန်းဈေးကျ

Dawei Watch

August 22, 2023

စံချိန်တင်မြင့်တက်သွားခဲ့သည့် ရွှေဈေးသည် တအိအိပြန်ကျလာပြီး ဩဂုတ်လ ၂၂ ရက်(ယနေ့)တွင် တစ်ကျပ်သားလျှင် ငွေကျပ်နှစ်သိန်းဈေးကျသွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယမန်နေ့ နံနက်က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၉ သိန်းဝန်းကျင်ရှိရာမှ ညနေပိုင်းတွင် ၃၇ သိန်းစွန်းစွန်း ဖြစ်လာသည်။ ထိုနောက် ယနေ့နံနက်ဈေးဖွင့်ချိန်တွင် ရွှေတစ်ကျပ်သားဈေးမှာ ၃၇ သိန်းနီးပါးသာ ရှိကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ ယင်းပေါက်စျေးအတိုင်းသာ အရောင်းဖွင့်ထားသော်လည်း ထားဝယ်နှင့် မြိတ်မြို့ရှိ ရွှေဆိုင်များတွင် အရောင်းအဝယ် ပုံမှန်အတိုင်းသာရှိကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့က ဆိုသည်။ “အထည်တွေက အရောင်းအဝယ်ပါးတယ်။ တစ်နေ့တစ်နေ့ကို လေးငါးခုလောက်ပဲ ရောင်းရတာ၊ အခေါက်ကတော့ ‌ရောင်းကြဝယ်ကြတာပဲ၊ ဝယ်တဲ့သူတွေက ရွှေစုတဲ့သူများတယ်” ဟု မြိတ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ ပြည်တွင်းရွှေဈေး အတက်အကျမှာ ဒေါ်လာငွေလဲနှုန်းအပေါ်တွင် အဓိကတည်မှီနေကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်က ဆိုသည်။ လတ်တလောတွင် […]

ပြည်တော်ပြန် သက်ဆင်ကို ထောင် ၈ နှစ်ကျခံရန် တရားရုံးအမိန့်ချ

Dawei Watch

August 22, 2023

ပြည်ပတွင် ၁၅ နှစ်ကြာ တိမ်းရှောင်ခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ပြည်တော်ပြန်လာသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တရားရုံးက ထောင်ဒဏ် ၈ နှစ်ကျခံရန် ချက်ချင်းအမိန့်ချမှတ်လိုက်သည်။ အကျင့်ပျက်ချစားမှုနှင့် သက်ဆိုင်သော အမှု ၃ မှုနှင့်ပတ်သက်၍ တရားရုံးက ထောင်ဒဏ် ၈ နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။ သူစွပ်စွဲခံထားရသော အမှု ၃ ခုတွင် မြန်မာနိုင်ငံသို့ ချေးငွေ ဘတ် ၄ ဘီလီယံခွင့်ပြုရာ၌ အာဏာအလွဲသုံးစားလုပ်မှုလည်း ပါဝင်နေသည်။ တရားရုံးက အမိန့်ချမှတ်လိုက်ပြီးနောက် ချက်ချင်းပင် ဘန်ကောက်မြို့ရှိ ရမန်အကျဉ်းထောင်သို့ ကားဖြင့် ပို့ဆောင်ခဲ့သည်။ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် အသက် ၇၄ နှစ်အရွယ် သက်ဆင်ထံတွင် နှလုံးနှင့် အဆုတ်ရောဂါများအပါအဝင် ရောဂါ ၅ ခုအထိ တွေ့ရှိရကြောင်း အကျဉ်းဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ […]

မြိတ်တွင် စက်သုံးဆီ အကန့်အသတ်ဖြင့် ရောင်းချ

Dawei Watch

August 22, 2023

မြိတ်မြို့တွင် စက်သုံးဆီတို့အား ဩဂုတ်လ ၁၉ ရက်နေ့မှစပြီး အကန့်အသတ်ဖြင့် ရောင်းချနေကြောင်း စက်သုံးဆီအရောင်းဆိုင်အချို့နှင့် ပြည်သူများထံမှ သိရသည်။ ယခင်က မော်တော်ဆိုင်ကယ်နှင့် သုံးဘီးယာဉ် စသည့် မော်တော်ယာဉ်တို့အား စက်သုံးဆီ လိုသလောက် ရောင်းချပေးလေ့ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်အချို့ထံမှ သိရသည်။ ထို့အပြင် သုံးဂါလံ၊ ငါးဂါလံ စသဖြင့် ဂါလံပုံးများဖြင့် သွားရောက်ဝယ်ယူပါက ရောင်းချပေးလေ့ရှိကြကြောင်း စက်သုံးဆီအသုံးပြုသူအချို့က ပြောသည်။ “အခုက မြို့ထဲဆိုင်တွေက မရောင်းပေးကြတော့ဘူး။ မြို့ပြင်မှာ ထွက်ဝယ်နေရတယ်” ဟု မြိတ်တောင်ရပ်နေ စက်သုံးဆီအသုံးပြုနေသူတစ်ဦးက ပြောဆိုသည်။ စက်သုံးဆီ (ဓာတ်ဆီ) တို့အား မော်တော်ဆိုင်ကယ်နှင့် လုပ်ငန်းအတွက်အသုံးပြုရန် မြို့နှင့် လေးမိုင်ကျော်ဝေးသည့် မြို့ပြင်ရှိ စက်သုံးဆီဆိုင်တို့တွင် သွားရောက်ဝယ်ယူနေရခြင်း ဖြစ်ကြောင်း ဆိုသည်။ မော်တော်ဆိုင်ကယ်တစ်စီးအား ငါးထောင်ကျပ်၊ သုံးဘီးယာဉ်တစ်စီးလျှင် သုံးသောင်းကျပ်နှင့် မော်တော်ယာဉ် […]

ထားဝယ်မြစ်အတွင်း ပုပ်ပွနေသည့်အမျိုးသားအလောင်း နှစ်လောင်းတွေ့

Dawei Watch

August 22, 2023

ထားဝယ်မြစ်အတွင်း မင်းရပ်ကူးတို့ဆိပ်အနီး ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ပုပ်ပွနေပြီး မျောပါနေသည့် အမျိုးသားရုပ်အလောင်း နှစ်လောင်းတွေ့ရှိကြောင်း ဒေသခံထံမှ သိရသည်။ မွန်းလွဲ ၁ နာရီခွဲခန့်တွင် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိပြီး နောက်တစ်နာရီဝန်းကျင်ခန့်အကြာတွင် နောက်ထပ် အလောင်းတစ်လောင်း ထပ်မံတွေ့ရှိကြေင်း သွားရောက်ကြည့်ရှုသည့် ဒေသခံတစ်ဦးက ပြောသည်။ “တစ်လောင်းက ဘာဒဏ်ရာမှမတွေ့ရဘူး။ နောက်တစ်လောင်းကတော့ ခြေပြတ်နေတဲ့သူ ဖြစ်နိုင်တယ်။ သူ့မှာ ဦးခေါင်းဒဏ်ရာလည်း ရထားတာမျိုးတော့ တွေ့ရတယ်” ဟု ၎င်းက ‌ပြောဆိုသည်။ အဆိုပါ ရုပ်အလောင်းနှစ်လောင်းကို ယင်းနေ့ ညနေပိုင်းတွင် အရေးပေါ်ကားဖြင့် သီးခြားစီ လာရောက်သယ်ယူသွားသည်ကို တွေ့ရှိရကြောင်း ဒေသခံအချို့က ဆိုသည်။ အဆိုပါအမျိုးသားနှစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်အကြောင်းအရင်းကြောင့် သေဆုံးခဲ့သည်ကို အသေးစိတ် မသိရသေးပေ။ ဩဂုတ်လ ၂၁ ရက်နေ့က ထားဝယ်နာရေးကူညီမှုအသင်း၏ […]

တောင်ပျောက်တိုက်နယ်ကို စစ်ကြောင်းဝင်လာသဖြင့် ရွာလေးရွာက ဒေသခံများတိမ်းရှောင်

Dawei Watch

August 22, 2023

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်က တောင်ပျောက်တိုက်နယ်ထဲကို ယနေ့ ဩဂုတ်လ ၂၁ရက် နံနက် ၃ နာရီခန့် ကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာသောကြောင့် ကျေးရွာလေးရွာက ဒေသခံများ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ နံနက် ၃ နာရီတွင် သဲချောင်းကြီးရွာဖက်မှ ဝင်းကဖော်ရွာဖက်သို့ မြေသယ်ကားငါးစီး၊ Vigo ကားနှစ်စီးခန့်ဖြင့် စစ်ကောင်စီတပ် အင်အား ၇ဝခန့် စစ်ကြောင်းထိုးလာကြောင်း ဒေသခံတို့က ဆိုသည်။ ယင်းသို့စစ်ကြောင်းထိုးလာသဖြင့် ကျွဲခြံ၊ ဝင်းကဖော်၊ အလယ်စု၊ ကျောက်အိုင်စသည့်ကျေးရွာ လေးရွာက ဒေသခံများ ကြိုတင်တိမ်းရှောင်နေရကြောင်း တိုက်နယ်အတွင်းက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “စစ်တပ်က သဲချောင်းကြီးကို ရောက်နေပြီဆိုတာနဲ့ ကျွန်မတို့ရွာတွေအားလုံးက ရှောင်ကုန်ပြီ။ ရှောင်ကြတာတော့ မိုးလင်းမှ ရှောင်ကြတယ်။ သဲချောင်းကြီးကို စစ်တပ်တွေ ရောက်နေပြီဆိုတာနဲ့ ပစ္စည်းတွေထုပ်ထည့်ပြီးတော့ မိသားစုအလိုက် […]