ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတွင် Facebook ကို ပိတ်ပင်ရန် ကြိုးပမ်း

Dawei Watch

August 23, 2023

ထိုင်းနိုင်ငံတွင် လူသုံးများသည့် လူမှုကွန်ရက်တစ်ခုဖြစ်သော Facebook ကို ပိတ်ပစ်ရန်အတွက် ယခုလကုန်တွင် တရားရုံးချုပ်ထံမှ အမိန့်တောင်းခံသွားမည်ဖြစ်ကြောင်း ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးက ပြောသည်။ လူအများအတွက် အန္တရာယ်ကြီးကြီးမားမားပေးနိုင်သော လိမ်ညာကြော်ငြာများကို ပိတ်ပင်ရန် ပျက်ကွက်နေခဲ့သဖြင့် Facebook ဝန်ဆောင်မှုကို နိုင်ငံအတွင်း ပိတ်သိမ်းရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ဝန်ကြီးက ဩဂုတ်လ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။ လိမ်ညာနေသည့် ကြော်ငြာများကို ပိတ်ပစ်ရန် ဝန်ကြီးဌာနအနေဖြင့် Facebook ထံသို့ အသိပေး တောင်းဆိုခဲ့သော်လည်း ဖြစ်မလာခဲ့ကြောင်း ဝန်ကြီးက ဆိုသည်။ ထို့ကြောင့် ခုနစ်ရက်အတွင်း ထိုင်းနိုင်ငံအတွင်း Facebook ဝန်ဆောင်မှုများကို ပိတ်ပစ်ရန်အမိန့်ကို တရားရုံးဆီက ယခုလကုန်တွင် တောင်းခံသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။ Facebook အနေဖြင့် ထိုင်းနိုင်ငံတွင် စီးပွားရေးဆက်လုပ်ရန် ဆန္ဒရှိပါက […]

မြန်မာစစ်အာဏာသိမ်းမှုကို ဆန္ဒပြဆန့်ကျင်ခဲ့သော ထိုင်းလူငယ်ခုနစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

Dawei Watch

August 23, 2023

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခဲ့မှုကို ဆန့်ကျင်သည့်အနေဖြင့် ဘန်ကောက်မြို့တွင်ဆန္ဒပြခဲ့သော ထိုင်းတက္ကသိုလ် ကျောင်းသားများအပါအဝင် လူငယ် ခုနစ်ဦး ထောင်ဒဏ်နှင့် ငွေဒဏ်များချမှတ်ခံရကြောင်း ထိုင်းလူ့အခွင့်အရေး ရှေ့နေများစင်တာက ထုတ်ပြန်သည်။ ဘန်ကောက်တရားရုံးက ဩဂုတ်လ ၂၁ ရက်နေ့တွင် ထောင်ဒဏ်နှင့် ငွေဒဏ်များ အသီးသီးချမှတ်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ ကျောင်းသားများသည် ထာ့မဆက်တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် ကျောင်းသားများဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခဲ့သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့၌ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ဆန္ဒပြသောနေ့၌ ထိုင်းနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများလည်း ပူးပေါင်းပါဝင်ခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ထိပ်တိုက်တွေ့ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုလူငယ်များကို ကိုဗစ်ဥပဒေချိုးဖောက်မှုနှင့် အာဏာပိုင်များကို ဆန့်ကျင်တိုက်ခိုက်မှုများကြောင့် တရားစွဲခံထားရပြီး အာမခံဖြင့် ပြင်ပက […]

သံဖြူဇရပ်တွင် ကလေးတစ်ဦး ရိုက်နှက်နှိပ်စက်ခံရ

Dawei Watch

August 23, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲရတ်ကျေးရွာ ရေး-သံဖြူဇရပ်ကားလမ်းဘေးရှိ ထားဝယ်သား ထမင်းဆိုင်တွင် အလုပ် လုပ်ကိုင်နေသည့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရိုက်နှက်နှိပ်စက်ခံရကြောင်း မိန်းကလေး၏ မိသားစုနှင့် နီးစပ်သူအချို့က ပြောသည်။ ဆိုင်ရှင်နှင့် အလုပ်သမားအချို့က ရိုက်နှက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဩဂုတ်လ ၂၁ရက်နေ့က အိုးခွက်ပန်းကန်များ ဆေးရာတွင် မပြောင်ဟုဆိုပြီး အသက် ၄ဝအရွယ် ဆိုင်ရှင် ဒေါ်ချမ်းမြေ့က မိန်းကလေးငယ်၏ မျက်နှာကို လက်ဖြင့်ရိုက်ပြီး အပေါ်အရှေ့သွားနှစ်ချောင်းကို ဂျိုင်းလိမ်း ဖန်ပုလင်းဖြင့် ထုရိုက်‌ခဲ့ကြောင်း နီးစပ်သူအချို့က ပြောဆိုသည်။ ယင်းအပြင်ဆိုင်ရှိ အလုပ်သမား အသက် ၁၉ နှစ်အရွယ် မယဉ်ယဉ်ချမ်း (ခေါ်) အငယ်မက ဦးခေါင်းနှင့် ကျောကုန်းကို ဝါးရိုးတပ်တံမြက်စည်းဖြင့် ရိုက်နှက်ပြီး နောက်ထပ် အသက် ၁၂ […]

ဆီတင်သင်္ဘောပေါက်ကွဲမှုတွင် သေဆုံးသည့်မြန်မာလေးဦးအတွက် နစ်နာကြေးဘတ်နှစ်သန်းကျော်ရ

Dawei Watch

August 23, 2023

ထိုင်းနိုင်ငံ မဲကလောင်ဆိပ်ကမ်းတွင် လောင်စာဆီတင်သင်္ဘောပေါက်ကွဲမှုကြောင့် သေဆုံးသွားသော မြန်မာအလုပ်သမားလေးဦးအတွက် နစ်နာကြေးငွေ ဘတ်နှစ်သန်းကျော် ရရှိကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးနှင့် မိသားစုဝင်များထံမှ သိရသည်။ ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့် မြန်မာအလုပ်သမား ခုနစ်ဦးအနက် စာရွက်စာတမ်းများနှင့် အချက်အလက် ပြည့်စုံသော အလုပ်သမား လေးဦး၏ မိသားစုဝင်များကို ဩဂုတ်လ ၂၂ ရက်နေ့တွင် စမွတ်စခွန်ခရိုင် လူမှုဖူလုံရေးရုံးတွင် နစ်နာကြေးပေးအပ်ခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။ လောင်စာဆီတင်သင်္ဘောသည် စမွတ်စွန်ခရမ်ခရိုင် မဲကလောင်မြစ်ပေါ်ရှိ သင်္ဘောကျင်းတွင် ပြုပြင်ထိန်းသိမ်းရန် ရပ်နားထားစဉ် ယခုနှစ် ဇန်နဝါရီလ ၁၇ ရက်က မီးလောင်ပေါက်ကွဲသဖြင့် မြန်မာအလုပ်သမား ခုနစ်ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။ သေဆုံးသွားသော မြန်မာအလုပ်သမားများမှာ ကိုပိုက်ထွေး၊ ကိုနိုင်ဝင်း၊ ကိုဝင်းဘို၊ ကိုဖြိုးဝေစိုး၊ ကိုသီဟ၊ ကိုဇော်မင်းလွင်နှင့် ကိုတင်ဝင်းတို့ ဖြစ်သည်။ ၎င်းတို့အနက် […]

လောင်းလုံးဘောလုံးကွင်းအနီး အုပ်ချုပ်ရေးမှူးနေအိမ် ပစ်ခတ်ခံရ

Dawei Watch

August 22, 2023

လောင်းလုံးမြို့ ဘောလုံးကွင်းအနီးရှိ (ဃ) ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၏နေအိမ်ကို လက်နက်ကိုင် အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဩဂုတ်လ ၂၂ ရက် ညနေပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်ကြခြင်း ဖြစ်ကြောင်း အနီးဝန်းကျင်ရှိ ဒေသခံတစ်ဦးက ပြောသည်။ “တစ်ဖက်တည်း ပစ်တာမဟုတ်ဘူး။ နှစ်ဖက်ပစ်တာ။ အတွဲလိုက်ပါဆွဲနေတာ။ လက်နက်ကြီးလည်းပါတယ်။ (ပတ်ဝန်းကျင်က အိမ်တွေရဲ့) အိမ်ခေါင်မိုးပေါ်တောင် လာစဉ်တယ်” ဟု ယင်းရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။ ဦးမင်းသိန်းမှာ NLD အစိုးရလက်ထက်တွင် အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး စစ်အာဏာသိမ်းကာလ တွင်လည်း စစ်ကောင်စီနှင့်ပူးပေါင်းကာ လက်နက်ကိုင်ဆောင်ထားသည့် ပြည်သူ့စစ်ခေါင်းဆောင် (ခ) ပျူစောထီး ခေါင်းဆောင်တစ်ဦးလည်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ၎င်း၏နေအိမ်တွင် ပျူစောထီးများကို တွေ့လေ့ရှိကြောင်း […]

ထားဝယ်အရှေ့တောဒေသကို ထပ်မံစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ဒေသခံသုံးဦးကိုဖမ်းဆီး

Dawei Watch

August 22, 2023

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကို ထပ်မံစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ဒေသခံရွာသားသုံးဦးကို ဖမ်းဆီးခေါ်ဆောင်ထားကြောင်း ဒေသခံအချို့က ပြောသည်။ ဩဂုတ်လ ၂၁ ရက် နံနက် ၄ နာရီခန့်က ပခပ်ရွာသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်သည် သင်္ကန်းတုံးရွာဖက်သို့ ထွက်လာစဉ် ရမ္မဇူရွာသားတစ်ဦးနှင့် သရက်ငုတ်ရွာသားတစ်ဦးတို့ကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ဆိုသည်။ သင်္ကန်းတုံးရွာတွင် ညအိပ်ကာ စခန်းချခဲ့ပြီးနောက် ယနေ့ ဩဂုတ်လ ၂၂ရက် နံနက်တွင် ဒေသအခေါ် လားတောင် ဖက်မှ ဝကုန်းရွာဖက်သို့ လာစဉ် တောလမ်းမှာတွေ့သည့် ခြံလုပ်ငန်းလုပ်ကိုင်သူ ဝကုန်းရွာသားတစ်ဦးကို ထပ်မံဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဝကုန်းရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီတပ်သည် ဝကုန်းရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသဖြင့် ဘုန်းကြီးကျောင်းက ရဟန်းများလည်း ထွက်ပြေးနေရကြောင်း ၎င်းက ဆိုသည်။ အထက်ပါအမျိုးသမီးသည်လည်း […]

မြိတ်တွင် နေအိမ်ဖေါက်ထွင်းပြီး လက်ဝတ်ရတနာများ ခိုးယူခံရ

Dawei Watch

August 22, 2023

မြိတ်မြို့ အေးချမ်းသာယာရပ်ကွက်ရှိ နေအိမ်မှာ ဩဂုတ်လ ၂၁ ရက်နေ့က ဖေါက်တွင်းခံရပြီး လက်ဝတ်ရတနာအချို့ပါသွားကြောင်း ကာယကံရှင်ထံမှ သိရသည်။ အဆိုပါ နေအိမ်၌ လူမရှိသည့်အချိန် နေ့ခင်းပိုင်းတွင် ဖေါက်တွင်းခံရခြင်းဖြစ်နိုင်ကြောင်း ကာယကံရှင်က ပြောပြသည်။ “နေ့ခင်းဘက်မဟုတ်‌‌တောင်မှ ညနေမှောင်ရီပျိုးတဲ့အချိန်တော့ ဖြစ်နိုင်တယ်” ဟု ကာယကံရှင်က ပြောသည်။ အဆိုပါအိမ်တွင် နေထိုင်သူများမှာ ဆိုင်မှ နေအိမ်သို့ ညနေခြောက်နာခွဲအချိန်တွင် ပြန်ရောက်လေ့ရှိပြီး အိမ်ပြန်ရောက်ချိန်၌ ဖေါက်ထွင်းခံထားရသည်ကို သိရှိခဲ့ရကြောင်း ကာယကံရှင်က ပြောပြသည်။ နေအိမ် အနောက်ဘက်ရှိ သံပန်းတံခါးရှိ သော့ကိုရိုက်ဖွင့်ထားပြီး နေအိမ်အတွင်း မွေနှောက်ရှာဖွေထားကြောင်း ၎င်းက ပြောပြသည်။ နေအိမ်အတွင်း မွေနှောက်ရှာဖွေထားပြီး ငွေသားနှစ်သိန်းကျပ်နှင့် ဆွဲကြိုး ၃ ကုံး၊ လက်ကောက် ၂ ကွင်း၊ လက်ပတ် ၁ ကွင်း၊ လက်စွပ် […]

ကလိန်အောင် ကျောက်ရှပ်ရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

Dawei Watch

August 22, 2023

ရေဖြူမြို့နယ်၊ ကလိန်အောင်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသား ၂ ဦး ယနေ့ (ဩဂုတ် ၂၂) နံနက်၁၀ နာရီဝန်းကျင်က သေနတ်ဖြင့်ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။ ကျောက်ရှပ်ရွာ နွယ်လိမ်ရပ်ကွက် ဥယျာဥ်ခြံတခုတွင် အသက် ၆၀ နှစ် ဝန်းကျင် အရွယ်ရှိ ဦးသိန်းစိုး နှင့် သားမက်ဖြစ်သူတို့ နှစ်ဦး ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဦးသိန်းစိုးသေဆုံးခဲ့သည်။ ဦးသိန်းစိုးသည် ဝက်ဒိုင်လုပ်ငန်းနှင့် ဥယျာဥ်ခြံလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး ကျောက်ရှပ်ကျေးရွာအခြေစိုက် ကလိန်အောင်တပ်နယ် စစ်ကောင်စီတပ်များသို့ ကုန်ပစ္စည်းများ ရောင်းချနေသူဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ ဦးသိန်းစိုးကို ကလိန်အောင်အခြေစိုက် Spring Dhamma PDF အဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ဦးသိန်းစိုးထံမှ လက်လုပ်သေနတ်တစ်လက်နှင့် စစ်ကောင်စီတပ်မှ အရာရှိ၊ တပ်သားများနှင့် အဆက်သွယ်လုပ်ထားသည့် စာရင်းကို သိမ်းဆည်းရမိကြောင်း ယနေ့ညနေပိုင်းသတင်းထုတ်ပြန်သည်။ “ဦးသိန်းစိုးက ပထမတစ်ခါ […]