ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းဝန်ကြီးချုပ်ရွေးမည့်နေ့ သက်ဆင်ပြည်တော်ပြန်

Dawei Watch

August 22, 2023

ပြည်ပတွင် ၁၇ နှစ်ကြာ တိမ်းရှောင်နေသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ရွေးချယ်ပွဲကျင်းပမည့် ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့တွင် ပြည်တော်ပြန်လာပြီဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ကိုယ်ပိုင်ဂျက်လေယာဉ်သည် စင်ကာပူနိုင်ငံမှ ထိုင်းနိုင်ငံ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ နံနက် ၉ နာရီတွင် ဆိုက်ရောက်ခဲ့ခြင်းဖြစ်သည်။ ဒွန်မောင်းလေဆိပ်တွင် စောင့်ဆိုင်းနေသော ထောက်ခံသူများကိုလည်း သက်ဆင်က လက်ပြနှုတ်ဆက်ခဲ့ပြီး ထိုင်းဘုရင်ဓါတ်ပုံကိုလည်း ကန်တော့ခဲ့သေးသည်။ ၂၀၀၆ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာဖြုတ်ချခံထားရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် အကျင့်ဖျက်ချစားသည်ဆိုသော စွပ်စွဲချက်များကို ရှောင်လွှဲနိုင်ရန် ပြည်ပတွင် တိမ်းရှောင်နေခဲ့ခြင်းဖြစ်သည်။ ယခုပြည်တော်ပြန်လာပြီးနောက် သက်ဆင်ကို တရားရုံးချုပ်ကို တိုက်ရိုက်ခေါ်ဆောင်သွားမည်ဖြစ်ပြီး ထောင်ဒဏ် ၈ နှစ်အထိ ကျခံနိုင်သည့် တရားစွဲချက်များကို ရင်ဆိုင်ရမည်ဖြစ်သည်။ သို့သော်လည်း အသက် ၇၀ […]

ရန်ကုန်-ထားဝယ်လမ်းပိုင်းရှိ ကော့လှိုင်ရွာ တံတားငယ်ကျိုးပြီး လမ်းပိတ်

Dawei Watch

August 21, 2023

ရေဖြူမြို့နယ်၊ ကော့လှိုင်ရွာထိပ်ရှိ ရန်ကုန်-ထားဝယ် ကားလမ်းပေါ်က တံတားငယ် ယနေ့ ဩဂုတ်လ ၂၁ ရက် ညနေပိုင်းတွင် မြေသားကျွံကျပြီး ကျိုးကျပြတ်တောက်သွားကြောင်း ဒေသခံများက ပြောသည်။ တံတားကျိုးကျသွားသောကြောင့် မည်သည့်ယာဉ်မှ ဖြတ်သန်း၍ မရတော့ကြောင်း ဒေသခံတို့က ဆိုသည်။ ကုန်ကားတစ်စီးဖြတ်သွားပြီးနောက် တံတားအောက်ရှိ သံပိုက်လုံးကျိုးကျပြီး မြေသားကျွံကျကာ တံတားကျိုးသွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ ယင်းတံတားငယ်သည် ပြီးခဲ့သည့်နှစ်ကတည်းက ပြင်ဆင်ရန်လိုအပ်နေပြီး ယခုရက်ပိုင်းအတွင်း ကတ္တရာလမ်း မြေသားနိမ့်ကျနေသည့်အတွက် သဲ၊ ကျောက်များဖြင့် ယာယီမြေဖို့ပြင်ဆင်ထားကြောင်း ဒေသခံတို့ထံမှ သိရသည်။ “တံတားကျိုးကျတဲ့အချိန်က ညနေစောင်းနေပြီဆိုတော့ ကားပိတ်နေတာ သိပ်မရှိသေးဘူး။ ကုန်တင်ကားတစ်စီး နှစ်စီးလောက်ပဲ ပိတ်မိနေသေးတယ်။ မနက်အထိ သွားလို့ရအောင်ပြင်ဆင်မှု တစ်ခုခုမလုပ်နိုင်ရင်တော့ မနက်ဖြန် ကားတွေ လာပိတ်မိနေလိမ့်မယ်” ဟု ဩဂုတ်လ ၂၁ ရက် […]

မော်တုန်းရွာတွင် ကျောင်းဝန်ထမ်းအမျိုးသမီးနှင့် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

Dawei Watch

August 21, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းရွာတွင် စာသင်ကျောင်းအထွေထွေလုပ်သားအမျိုးသမီးနှင့် ဒေသခံ အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ အရှေ့မော်တုန်းအုပ်စု၊ ထုံနွယ်ရွာတွင်နေထိုင်သည့် သက်လတ်ပိုင်းအရွယ် အထွေထွေလုပ်သား ဒေါ်သိန်းကြည် ဩဂုတ်လ ၂ဝရက် ည ၇ နာရီခန့်က ၎င်းတို့၏ နေအိမ်များတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “ပစ်သတ်ခံရတဲ့အမျိုးသမီးက ရွာမှာမနေဘဲ ရှောင်နေတာကြာပြီ။ အိမ်မှာ ပြန်လာအိပ်တာ နှစ်ညပဲရှိသေးတယ်လို့ ကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အလားတူ တစ်ချိန်တည်း အနောက်စုရွာတွင် နေထိုင်သည့် အသက် ၄၀ အရွယ် ဦးအောင်ကိုဝင်းသည်လည်း နေအိမ်၌ ပစ်သတ်ခံရပြီး နေရာတွင်သေဆုံးကြောင်း ဒေသခံများက ဆိုသည်။ “လေးချက်ပစ်သွားတာ ဦးနှောက်မှာထိပြီးသေတယ်။ ဘယ်အဖွဲ့က လာပစ်သွားတယ်ဆိုတာ မသိဘူး” ဟု ဒေသခံ အမျိုးသားနောက်တစ်ဦးက […]

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ဒေသခံများစစ်ဘေးရှောင်

Dawei Watch

August 21, 2023

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကို စစ်ကောင်စီတပ်က ယနေ့နံနက်အစောပိုင်းမှစတင်ကာ စစ်ကြောင်းထိုးနေခြင်းကြောင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံများ စစ်ဘေးရှောင် ထွက်ပြေးနေရသည်။ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်များသည် ထားဝယ်မြို့မှနေ၍ ပကာရီရဲကင်းစခန်းသို့ ကားလေးစီးခန့်ဖြင့် ယနေ့ မနက်အစောပိုင်း တစ်နာရီခန့်က ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ပကာရီကျေးရွာမှတစ်ဆင့် ပခပ်၊ သင်္ကန်းတုံး၊ ဝကုန်း၊ ဘဝပင်၊ သရက်ငုတ်၊ ရမ္မဇူစသည့်ကျေးရွာများကို ယနေ့မနက် ၄ နာရီခန့်မှစပြီး စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု အရှေ့တောတွင် နေထိုင်သည့် ဒေသခံအချို့ကပြောသည်။ “မနက်တည်းက ရွာမှာရှိနေတဲ့သူတွေအကုန်လုံး ထွက်ပြေးလာကြတယ်။ အခုညနေ ၃ နာရီအထိတော့ ပစ်ခတ်တာတွေ မရှိသေးဘူး” ဟု ဝကုန်းရွာက အမျိုးသမီးက ဆိုသည်။ ယင်းအပြင် သရက်ငုတ် ရွာသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်ဟု […]

ရေဖြူတွင် စစ်ကြောင်းထိုးချိန် နေအိမ်၁၇လုံးမီးရှို့ခံရပြီး ရဟန်းတစ်ပါးနှင့် အရပ်သားခုနစ်ဦးပစ်ခတ်ခံရ

Dawei Watch

August 21, 2023

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင် စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်သည့် ၁၂ရက်တာ အတွင်း နေအိမ် ၁၇လုံးမီးရှို့ခံရပြီး ဘုန်းကြီးတစ်ပါးနှင့် အရပ်သားခုနစ်ဦး ပစ်ခတ်ခံရကြောင်း ဒေသခံထံမှသိရသည်။ စစ်ကောင်စီတပ်သည် ဩဂုတ်လ ၈ ရက်နေ့မှ ၁၉ ရက်အထိ လဲရှောင်၊ ထိန်ကြီး၊ ခ‌မောင်းချောင်း၊ ဧကနိ၊ ဝဇွမ်းတော၊ ရငဲ၊ ကုန်းသာယာအင်း စသော ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် ဩဂုတ်လ ၁၁ ရက်နေ့တွင် ဝဇွမ်းတောရွာက နေအိမ်သုံးလုံးကို မီးရှို့ခဲ့ပြီး ၁၄ ရက်နေ့တွင် ဧကနိရွာက နေအိမ် ၁၄ လုံးကို မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၁၁ ရက်က ဝါးဇွမ်းတောရွာသို့ စစ်ကြောင်းဝင်လာချိန် သေနတ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၇၇နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး၊ အသက် […]

ဇဝဲဂိတ်မှ တနင်္သာရီဘက်သို့ ဆန်၊ ဆီ အပါအဝင် ရိက္ခာသယ်ယူခွင့် ကန့်သတ်

Dawei Watch

August 21, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဝင်ပေါက်ဖြစ်သည့် ဇဝဲရွာစစ်ဆေးရေးဂိတ်မှ တနင်္သာရီမြို့နှင့် ကျေးရွာများဘက်သို့ ဆန်အပါအဝင် စက်သုံးဆီနှင့် ရိက္ခာဆေးဝါးများ သယ်ယူခွင့်ကန့်သတ်ပိတ်ပင်လိုက်ကြောင်း ဒေသခံများ ထံမှသိရှိရသည်။ စစ်ဆေးရေးဂိတ်ရှိသည့် ဇဝဲလမ်းဆုံသည် မြိတ်မှတနင်္သာရီမြို့ဘက်သို့သွားလျှင် မဖြစ်မနေဖြတ်ကျော်ရသည့် လမ်းဆုံဖြစ်ပြီး တကူ၊ သရဘွင်ကျေးရွာအုပ်စုသို့ သွားလျှင်လည်း အဆိုပါ ဂိတ်ကိုဖြတ်ကျော်ရသည်။ အဆိုပါဂိတ်မှ ဆန်အပါအဝင် အခြေခံစားသောက်ကုန် သယ်ယူခွင့်ကို သြဂုတ်လ ၁၉ ရက်နေ့မှစတင်၍ ခွင့်ပြုခြင်းမရှိတော့ဟု ဒေသခံများ ကပြောသည်။ “သုံးရက်ရှိပြီ သယ်ခွင့်မပေးတာ။ ဆန်ရယ် ဆီရယ် ဆေးဝါးရယ်ပေါ့။ အတက်ရောအဆင်းရော ကန့်သတ်လိုက်တာ။ အဓိကကတော့ တကူဘက်ကို ပိတ်တာပေါ့”ဟု တကူကျေးရွာ ဒေသခံအမျိုးသား ကပြောသည်။ ယခုကဲ့သို့ ဆန်အပါအဝင် ရိက္ခာသယ်ယူခွင့်ကို မည်သည့်အချိန်အထိ ပိတ်ပင်ကန့်သတ်ထားမည် ဆိုသည်ကို မသိရသေးဘဲ ရက်ကြာလာသည်နှင့်အမျှ စားနပ်ရိက္ခာပြတ်လပ်လာပြီး ကုန်ဈေးနှုန်းများ […]

မြိတ်တွင် သုံးဘီးတစ်စီး ကျပ်သိန်း ၂၀၀ကျော်အထိဈေးပေါက်

Dawei Watch

August 20, 2023

မြိတ်မြို့တွင် အိန္ဒိယနိုင်ငံထုတ် ခရီးသည်တင်သုံးဘီးအကြီး အင်ဂျင်ပါဝင် ၂၅၀ ရှိ တစ်စီးလျှင် ကျပ်သိန်းနှစ်ရာကျော် အထိ ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလက သုံးဘီးတစ်စီးလျှင် ကျပ်သိန်းတစ်ရာငါးဆယ်သာ ရှိခဲ့ကြောင်း သုံးဘီးဈေးကွက်မှ စုံစမ်းသိရှိရသည်။ ယင်းနောက် ဈေးနှုန်းများ တဖြေးဖြေးမြင့်တက်လာရာ ကျပ်သိန်းတစ်ရာခုနှစ်ဆယ်မှ တစ်ရာရှစ်ဆယ်ကျော်အထိ ဖြစ်လာကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လအစမှစပြီး သုံးဘီးတစ်စီးလျှင် ကျပ်သိန်းနှစ်ရာတစ်ဆယ်အထိ ဈေးပေါက်လာကြောင်း သုံးဘီးအရောင်းဆိုင်အချို့ထံမှ သိရသည်။ “ငွေလဲဈေးတွေ တက်လာလေလေ သုံးဘီးဈေးတက်လာတာပဲ။ အခုတောင် တစ်နေ့တစ်ဈေးလို ဖြစ်နေတယ်” ဟု သုံးဘီးအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။ နှစ်သောင်းကျပ်တန် ငွေစက္ကူများထုတ်ဝေမည်ဟု ကြေညာပြီးနောက် မော်တော်ဆိုင်ကယ်များအပြင် သုံးဘီးတို့အား အဝယ်လိုက်လာခြင်းကြောင့်လည်း သုံးဘီးဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ သုံးဘီးများ ဈေးတက်သလို အရောင်းအဝယ်လည်းရှိနေပြီး […]

ရေဖြူတွင် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် အရပ်သားလေးဦး ဒဏ်ရာရ

Dawei Watch

August 20, 2023

ရေဖြူမြို့အနောက်ဘက်ကမ်းရှိ ရပ်တော်မူဘုရား လမ်းဆုံအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် အရပ်သားလေးဦး ဒဏ်ရာရပြီး နှစ်ဦးဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဒေသခံတစ်ဦး ဩဂုတ်လ ၁၉ ရက်နေ့ ညနေ သုံးနာရီခန့်က ထွက်ပြေးသဖြင့် ပစ်ခတ်ရာမှ ဒေသခံအရပ်သားလေးဦးကို ကျည်ထိမှန်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ ထားဝယ်အထူးစီးပွာရေးဇုန်တည်ရှိသည့် နဘုလယ်ဒေသကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ဧကနိရွာသား ၁၀ ဦးကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအနက် တစ်ဦးထွက်ပြေးချိန် စစ်ကောင်တပ်က ပစ်ခတ်မှုကြောင့် ကျောင်းကြိုလာသည့် အမျိုးသမီးတစ်ဦးနှင့် ကုန်စုံဆိုင်ရောင်းနေသည့်အမျိုးသမီးတစ်ဦးနှင့် နောက်ထပ် ဒေသခံနှစ်ဦး ကျည်ထိမှန်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ရေဖြူမြို့ပေါ်တွင် ကုန်စုံဆိုင်ရောင်းသူ မသွယ်သွယ်ဝင်းနှင့် ကျောင်းကြိုလာသည့် ကျောက်ထောင့်ရွာသူ မနန္ဒာတို့မှာ ဒဏ်ရာပြင်းထန်ကြောင်း […]