ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကျိုက်ထိုတွင် BGF ဗိုလ်အဆင့်ရှိသူတစ်ဦးနှင့် ဇနီး ပစ်သတ်ခံရ

Dawei Watch

August 24, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက နယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်အဆင့်ရှိသူတစ်ဦးနှင့် ဇနီးတို့ ပစ်သတ်ခံရကြောင်း ဒေသခံတို့ပြောဆိုချက်နှင့် KRF အဖွဲ့၏ ထုတ်ပြန်ချက်တို့အရ သိရသည်။ ယနေ့ ဩဂုတ်လ ၂၄ရက် နံနက် ၉ နာရီခန့်က BGF က ဗိုလ်အဆင့်ရှိသူ ဝင်းစိုးနှင့် ဇနီးဖြစ်သူ ဒေါ်ဇင်မာမျိုးတို့သည် ကားဖြင့် ဈေးဝယ်ပြီးအပြန် လမ်းတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ BGF ဗိုလ်အဆင့်ရှိသူနှင့် ဇနီးတို့ စီးနင်းလာသည့် ကားကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့က ကော့ထင်းကျေးရွာနှင့် ဘိုရားကြီးကျေးရွာကြားရှိ တာဘောင်တံတားအနီးတွင် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ထုတ်ပြန်ထားသည်။ ပစ်ခတ်ခံရမှုကြောင့် ဗိုလ်ဝင်းစိုးတွင် ဦးခေါင်း၊ ယာရင်ဘတ်၊ ယာဒူး ကျည်ထိမှန်ဒဏ်ရာရရှိပြီး […]

ကလိန်အောင်တွင် ရပ်ထားသည့်ကားကို ဆိုင်ကယ်ဖြင့်ဝင်တိုက်မိပြီး အမျိုးသားတစ်ဦးသေဆုံး

Dawei Watch

August 24, 2023

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် ဆံတော်ရှင်ဘုရားတောင်တက်လမ်းအနီး၌ ရပ်ထားသည့်ကားကို ဆိုင်ကယ်ဖြင့်ဝင်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူ သေဆုံးကြောင်း မြို့ခံများက ပြောသည်။ ကလိန်အောင်မြို့၊ ရေး-ထားဝယ်ကားလမ်းမဘေးတွင် နေထိုင်သည့် အသက်၆၅ နှစ်အရွယ် ဦးသိန်းဝင်းဆိုသူသည် ဆံတော်ရှင်ဘုရားတောင်ခြေရှိ ၎င်း၏ဥယျာဉ်ခြံမှ ဩဂုတ်လ ၂၃ရက် နံနက် ၉နာရီခန့်တွင် ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ယာဉ်တိုက်မှုဖြစ်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ “ယာဉ်တိုက်မှုဖြစ်တဲ့နေရာက တောင်အဆင်းနဲ့ လမ်းသုံးခွ ဆုံချက်နေရာ။ သူ့ဆိုင်ကယ်မှာကလည်း ကွမ်းသီးအိတ်က ရှေ့တစ်အိတ်၊ နောက်တစ်အိတ်တင်လာတယ်။ တောင်အဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ ရပ်ထားတဲ့ဒိုင်နာကားနဲ့ ဝင်တိုက်မိပြီး ပွဲချင်းပြီးဆုံးသွားတာ” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောဆိုသည်။ ဒိုင်နာကားယာဉ်မောင်းကိုမူ ယမန်နေ့က ရဲစခန်းက ခေါ်ယူစစ်ဆေးပြီးနောက် ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇူလိုင်လကလည်း ကလိန်အောင်မြို့တွင် သဲတင်ကားနှင့် မော်တော်ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်တွင် […]

ဘီးလင်းတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

Dawei Watch

August 24, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မရမ်းကုန်းကျေးရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်က မရမ်းကုန်းကျေးရွာနေ အသက် ၅၀ နှစ်အရွယ် ဒေါ်ဝါဝါနုသည် ရွာပြင်ရှိ ၎င်းပိုင်ဥယျာဉ်ခြံသို့သွားစဉ် ခြံအနီးအရောက်တွင် မြေမြှုပ်မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ဒေါ်ဝါဝါနုသည် ဝဲနားအနောက်ဘက် ပေါက်ပြဲ၊ ဝဲလက်မောင်း မိုင်းစဖောက်ဝင်၊ ဝဲတင်ပါး မိုင်းစဖောက်ဝင်၊ ဝဲပေါင်နှင့် ဝဲခြေသလုံး မိုင်းစဖောက်ဝင်ဒဏ်ရာများ ရရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ခြံသွားတာ ခြံနားအရောက်မှာ မြေမြှုပ်မိုင်းနင်းမိတယ်။ ဒီဒေသမှာ မိုင်းနင်းမိတာ မကြားဖူးဘူး။ အခုဖြစ်သွားတာကလည်း ရွာနားမှာပဲဆိုတော့ ကြောက်တာပေါ့” ဟု ၎င်းက ပြောဆိုသည်။ မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့သည့် ဒေါ်ဝါဝါနုကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က […]

ထားဝယ်မြို့ ရေဝိုင်းရွာသွားလမ်းပိုင်းတွင် လူငယ်နှစ်ဦးအလောင်းတွေ့

Dawei Watch

August 24, 2023

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် ရေဝိုင်းရွာကြား လမ်းပိုင်းတွင် ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းတွင် အမျိုးသားနှစ်ဦး၏ အလောင်းတွေ့ရှိရကြောင်း ဒေသခံခရီးသွားပြည်သူများထံမှ သိရသည်။ သေဆုံးသူနှစ်ဦးမှာ အသက် ၂၀ ဝန်းကျင်အရွယ်ရှိ လူငယ်အမျိုးသားနှစ်ဦးဖြစ်ပြီး နှစ်ဦးစလုံး ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ သေဆုံးသူနှစ်ဦးစလုံးမှာ မောင်မယ်ရှောင်ရွာ နည်းပညာတက္ကသိုလ်အနီး သစ်အချောထည်စက်ရုံတွင် အလုပ်လုပ်နေသည့် အလုပ်သမားနှင့် အလုပ်သမားဟောင်းတို့ဖြစ်ကြောင်း လက်ရှိလုပ်ကိုင်နေသည့် အလုပ်သမားနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ဩဂုတ်လ ၂၂ ရက် နံနက် ၁၁ နာရီခန့်တွင် အမည်မသိ လူတစ်စုက စက်ရုံမှ လာရောက် ခေါ်ဆောင်သွားသည်ကို တွေ့ရသည်ဟု အထက်ပါနီးစပ်သူက ပြောဆိုသည်။ “အရင်က ဒီလိုလာခေါ်သွားပြီး ပြန်လွှတ်ပေးဖူးတယ်” ၎င်းက ဆက်လက်ပြောဆိုသည်။ ခေါ်ဆောင်ခံရပြီး နောက်တစ်ရက်အကြာ […]

၁၆ နှစ်အရွယ် ထိုင်းလူငယ်က ဖခင်ကားကို ခိုး၍ တရားမဝင်မြန်မာလုပ်သားများ ပို့ဆောင်စဉ် အဖမ်းခံရ

Dawei Watch

August 24, 2023

ထိုင်းနိုင်ငံ အယုဒ္ဓယအဝေးပြေးလမ်းမပေါ်တွင် အသက် ၁၆ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးက ဖခင်ကားကို ခိုး၍ မြန်မာအလုပ်သမားများကို တရားမဝင် ပို့ဆောင်စဉ် ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိခြင်းခံရကြောင်း ထိုင်းသတင်းဌာနများတွင်‌ ဖော်ပြထားသည်။ ယမာန်နေ့ ဩဂုတ်လ ၂၃ ရက် ညနေ ၅ နာရီအချိန်ခန့်တွင် ဘန့်ပအင်းဒေသရှိ အယုဒ္ဓယအဝေး‌ပြေး လမ်းမကြီးပေါ်တွင် ရဲတပ်ဖွဲ့များ စစ်ဆေးနေစဉ် ပုံမှန်အလေးချိန်ထက် များနေသော မင်္သကာစရာ ကားတစ်စီးကို တွေ့ရှိခဲ့သဖြင့် ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း ကားသည် အစစ်အဆေးမခံပဲ မောင်းပြေးသွားသဖြင့် ရဲတပ်ဖွဲ့က နောက်မှလိုက်၍ ရပ်တန့်ဖမ်းဆီးခဲ့ရကြောင်း ဖော်ပြထားသည်။ ကားထဲတွင် ထိုင်းနိုင်ငံသား အသက် ၁၆ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးက ကားမောင်းနှင်လာခဲ့ပြီး အနောက်တွင် မြန်မာအလုပ်သမား ၁၄ ဦး လိုက်ပါလာခဲ့သည်ကို […]

စစ်တပ်ကဖမ်းထားသည့် အရှေ့တောဒေသခံသုံးဦး ပြန်လွတ်လာ

Dawei Watch

August 24, 2023

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံရွာသားသုံးဦး ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြောဆိုချက်အရ သိရသည်။ ဩဂုတ်လ ၂၁ ရက် နံနက်ပိုင်းက ထားဝယ်မှ ပခပ်ရွာကိုရောက်ရှိလာသည့် စစ်ကောင်စီတပ်က ရမ္မဇူရွာသားတစ်ဦးနှင့် သရက်ငုတ်ရွာသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ကာ သင်္ကန်းတုံးရွာတွင် တစ်ညအိပ်ပြီးနောက် ဝကုန်းရွာဘက်ကို ဆင်းလာစဉ် တောလမ်းမှာတွေ့သည့် ခြံလုပ်ငန်းလုပ်ကိုင်သူ ရွာသားတစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံရွာသား သုံးဦးကို စစ်ကြောင်းနှင့်အတူ မေတ္တာအထိ ခေါ်ဆောင်ကာ ၎င်းတို့၏ ကျည်ဆန်အိတ်များကို ထမ်းခိုင်းခဲ့သည်ဟု ပြန်လည်လွတ်မြောက်လာသူ ရွာသားတစ်ဦးက ပြောသည်။ “သူတို့ပစ္စည်းတွေတော့ ထမ်းပြီးလိုက်နေရတယ်။ သူတို့ပစ္စည်းက ကျည်ဆန်တွေ။ သုံးယောက်လုံးကို အလယ်မှာထားပြီး သွားနေတာလောက်ပဲ၊ သူတို့ပြောတာကတော့ အခုသူတို့သွားနေတဲ့ လမ်းကြောင်းမှာ တွေ့တဲ့လူမှန်သမျှကို လုံခြုံရေးအရ […]

တနင်္သာရီမြို့နယ်တွင် NUG အစိုးရက ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပ

Dawei Watch

August 24, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် NUG အစိုးရမှ ကျောင်းပေါင်းစုံ မိုးရာသီအပျော်တမ်း ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့​ကြောင်း ဒေသခံများထံမှသိရသည်။ ပြိုင်ပွဲကို ရက်သတ္တပတ်ကျော် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ပြီး သြဂုတ်လ ၂၃ ရက်(မနေ့က) အောင်မြင်စွာ ပြီးဆုံးသွားကြောင်း ဒေသခံများ ထံမှသိရသည်။

ကိုဗစ်ထပ်တိုးကာကွယ်ဆေးများ ထိုးနှံကြရန် ပြည်သူများကို အမေရိကန်အစိုးရ တိုက်တွန်း

Dawei Watch

August 24, 2023

အမေရိကတွင် ယခုဆောင်းဦးကာလအတွင်း ကူးစက်မှုလှိုင်းသစ်ကို တန်ပြန်ခုခံနိုင်ရန် ပြည်သူအားလုံး ကိုဗစ်-၁၉ ဆိုင်ရာ ထပ်တိုးကာကွယ်ဆေးများ ထိုးနှံကြရေး ကို သမ္မတ ဂျိုးဘိုင်ဒန် ဦးဆောင်သည့် အစိုးရအနေနှင့် တိုက်တွန်းသွားမည် ဖြစ်ကြောင်း အိမ်ဖြူတော် ဆိုင်ရာ အကြီးတန်းအရာရှိ တစ်ဦး က ပြောကြားခဲ့သည်။ ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန အနေနှင့် နိုင်ငံတွင်း ရောဂါပိုး ကူးစက်မှုနှင့် ဆေးရုံတက်ရောက်မှုများ တိုးမြင့်လာမှုကို တင်ပြထားကြောင်း အဆိုပါ အရာရှိ က ပြောကြားခဲ့သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေး ကုမ္ပဏီ တစ်ခု ဖြစ်သည့် Moderna ၏ ကနဦးအချက်အလက်များအရ ၎င်း၏မွမ်းမံအဆင့်မြှင့်ထားသော ကာကွယ်ဆေးသည် လူသားများတွင် တွေ့ရှိရနိုင်သည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ  Eris နှင့် Fornax ရောဂါပိုး မျိုးကွဲများကို ထိရောက်စွာ […]