ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်အရှေ့တောဒေသတွင် KNU တပ်မဟာ ၄ နှင့် ကော်သူးလေတို့ နှစ်ရက်ဆက် ပစ်ခတ်မှုဖြစ်

Dawei Watch

October 21, 2023

ထားဝယ်အရှေ့တောဒေသတွင် KNU တပ်မဟာ-၄ နှင့် ကော်သူးလေတပ်မတော်တို့ နှစ်ရက်ဆက်ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒေသခံအချို့နှင့် နှစ်ဖက်တပ်ဖွဲ့တို့ထံမှ သိရသည်။ အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက ကထောင်းနီရွာအနီးမှာ KNU တပ်မဟာ-၄ နှင့် ကော်သူးလေတပ်မတော်တို့ ပစ်ခတ်မှုဖြစ်ပွားပြီး ယနေ့ ၂၁ ရက် နံနက်ပိုင်းတွင်လည်း ကလစ်ကြီးရွာဟောင်းနေရာတွင် ပစ်ခတ်မှု ထပ်မံဖြစ်ပွားကြောင်း KNU တပ်မဟာ (၄) ၊ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ဒေသခံအချို့က နှစ်ဖက်ပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရသည်ဟု ကြားသိရသော်လည်း ပစ်ခတ်မှုအခြေအနေ အသေးစိတ်ကို မသိကြောင်း ဆိုသည်။ “မနေ့ကဖြစ်တာတော့ ပစ်ခတ်သံတွေမကြားရဘူး။ ဒီနေ့ဖြစ်တာတော့ အသံကြားရတယ်။ ကြာချိန်က ၁၅ မိနစ် လောက်ပဲ ရှိမယ်။ လက်နက်ကြီးနဲ့ တော်တော်များများထုတယ်” ဟု […]

သရက်ချောင်း ရငဲရွာတွင်တိုက်ပွဲဖြစ်ပြီး PDF နှစ်ဦးကျ

Dawei Watch

October 21, 2023

သရက်ချောင်းမြို့နယ် ရငဲရွာတွင် ယနေ့ အောက်တိုဘာလ ၂၁ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF နှစ်ဦးကျဆုံးကာ လေးဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ နံနက် ၇ နာရီခန့်တွင် ကမြိုင်ရွာဖက်မှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ ထို့နောက် ယနေ့ နံနက် ၁၀ နာရီခန့်တွင် ပြန်လည်ဆုတ်ခွာသွားသည့် PDF တပ်ဖွဲ့ကို စစ်ကောင်စီတပ်က ရငဲရွာ ဘုန်းကြီးကျောင်းအနီးတွင် အလစ်ဝင်တိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “အနည်ဆုံး နှစ်ယောက်ကျတယ်။ ဒဏ်ရာရသူလည်းရှိတယ်” ဟု ၎င်းက ပြောသည်။PDF ရဲဘော်များ ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ PDF အဖွဲ့တို့ထံ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

October 21, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ အင်အားကြီးလက်နက်ကိုင်အဖွဲ့တွေ မတက်တဲ့ NCA ရှစ်နှစ်ပြည့်အခမ်းအနား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ရှစ်နှစ်ပြည့် အခမ်းအနားကို NCA လက်မှတ် ထိုးထားတဲ့ KNU အပါအဝင် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မတက်ရောက်ကြပါဘူး။ NCA နှစ်ပတ်လည်နေ့အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တာပါ။ NCA လက်မှတ်ထိုးထားတဲ့ ၁ဝဖွဲ့ထဲက ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့က NCA ပျက်ပြယ်ပြီလို့ ဆိုထားသလို ကိုယ်စားလှယ်တွေလည်း တက်ရောက်တာ မရှိပါဘူး။ NCA မထိုးထားရတဲ့ထဲက […]

တနင်္သာရီတိုင်းမှာ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်

Dawei Watch

October 21, 2023

တနင်္သာရီတိုင်းတွင် အောက်တိုဘာလ ၂၁ ရက်မှ ၂၆ ရက်အတွင်း နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူများက သုံးသပ်ထားသည်။ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး အောက်တိုဘာ ၂၂ ရက်တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ အောက်တိုဘာ ၂၅ ရက်တွင် မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေနှင့် ဆက်စပ် လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေသို့ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ လေဖိအားနည်းအရှိန်ကြောင့် တနင်္သာရီတိုင်းအပါအဝင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ နေပြည်တော်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း အောက်ပိုင်းတို့တွင် အောက်တိုဘာလ ၂၆ ရက်အထိ နေရာကွက်၍ […]

ရေး-ထားဝယ်ကားလမ်းတိုက်ပွဲတွင် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

Dawei Watch

October 21, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-ထားဝယ်ကားလမ်းရှိ ရေးတံတားကြီးတွင် တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက် ထိခိုက် သေဆုံးသည့်အပြင် အရပ်သား ထိခိုက်သေဆုံးမှုလည်းရှိကြောင်း ဒေသခံတို့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ထံမှ သိရသည်။ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၇ နာရီခန့်က ရေးတံတားကြီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာ ဖြစ်ပွားကြောင်း ဒေသခံတို့က ပြောသည်။ နံနက် ၈ နာရီခန့်တွင်‌လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲ ၂ နာရီခန့်ကြာ ထပ်မံဖြစ်ပွားခဲ့ကြောင်းလည်း ၎င်းတို့က ဆိုသည်။ တိုက်ပွဲဖြစ်စဉ်အတွင်း ကျုံလောင်းရွာသစ်မှ အမျိုးသားတစ်ဦး ကျည်ထိမှန်သေးဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အရပ်သားထိတာကတော့ […]

ထားဝယ်ဒေသတွင် စစ်ကောင်စီတပ်နယ်မြေရှင်း၊ နေအိမ် ၂၀ကျော်မီးရှို့ခံရပြီး အရပ်သားတစ်ဦးအသတ်ခံရ

Dawei Watch

October 21, 2023

ထားဝယ်ခရိုင် ရေဖြူနှင့် သရက်ချောင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က နယ်မြေရှင်း‌လင်းနေသည့် လေးရက် အတွင်း နေအိမ် ၂၀ ကျော် မီးရှို့ခံရပြီး အရပ်သားတစ်ဦး အသတ်ခံရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်သည် ထားဝယ်မြို့ မြောက်ဘက်ရှိ ရေဖြူမြို့နယ်နှင့် တောင်ဘက်ရှိ သရက်ချောင်းမြို့နယ်တို့ကို အောက်တိုဘာလ ၁၇ ရက်နေကစပြီး စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနယ်မြေရှင်းနေသည်ဟု ဆိုသည်။ ယင်းသို့ ရှင်းလင်းစဉ် ရေဖြူမြို့နယ်တွင် နေအိမ် အဆောင် ၁၇လုံး မီးရှို့ခံခဲ့ရပြီး အရပ်သားတစ်ဦး ပစ်သတ်ခံရကာ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာသုံးရွာက နေအိမ် ၆ လုံး မီးရှိုခံခဲ့ရကြောင်း ဒေသခံတို့က ဆိုသည်။ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ရေဖြူမြို့ အနောက်ဖက်ကမ်းကိုဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းမှ ကင်းရွာ ချောင်းထဲတွင် ပိုက်ထောင်နေသည့် ဦးသီးဝင်းဆိုသူကို ဖမ်းဆီးသွားပြီး […]

ချင်းမိုင်တွင် မြန်မာအမျိုးသမီးတစ်ဦး ရထားတိုက်ခံရပြီးသေဆုံး

Dawei Watch

October 21, 2023

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် မြန်မာအမျိုးသမီးတစ်ဦး ရထား အတိုက်ခံရပြီး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် စာရဖီဒေသအနီး၌ ချင်းမိုင်မြို့သို့ မောင်းနှင်လာသော ရထား အတိုက်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူသည် အသက် ၂၇ အရွယ်ရှိ မြန်မာအမျိုးသမီးဖြစ်ပြီး လမ်းဖွန်ခရိုင်မှတစ်ဆင့် ချင်းမိုင်တွင် လာရောက် လုပ်ကိုင်နေသူဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။ မိန်းကလေးသည် အနီးရှိ သတိပေးတိုင်ကို ကျော်၍ ရထားလမ်းပေါ်ရောက်ရှိလာပြီးနောက် ရထားလမ်းအလယ်တွင် လမ်းလျှောက်လာသည်ကို တွေ့ရှိရသော်လည်း အချိန်မီ ဘရိတ်အုပ်နိုင်ခြင်းမရှိခဲ့သဖြင့် ဝင်တိုက်မိခြင်းဖြစ်ကြောင်း ရထားမောင်းသူ၏ ပြောကြားချက်ကို ဖော်ပြသည်။ ရဲတပ်ဖွဲ့က မိန်းကလေးငယ်သည် မိမိကိုယ်ကို အဆုံးစီရင်သည်ဟု ကနဦး ကောက်ချက်ချထားပြီး စာရဖီရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ဟု ပြောဆိုကြောင်း သတင်းများတွင် ဖော်ပြထားသည်။ […]

မြိတ် တုံးဗျောရွာရှိ စစ်ကောင်စီစခန်းတိုက်ခိုက်ခံရ

Dawei Watch

October 21, 2023

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာရှိ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်က တုံးဗျောကြီးရွာရှိ ပျူစောထီးနှင့် စစ်ကောင်စီတပ်များ နေထိုင်သည့် တပ်စခန်းငယ်အား ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ဒီဖက် (စစ်ကောင်စီတပ်) က ပြန်ပစ်ဖို့တောင် အချိန်မရလိုက်ဘူး။ အိပ်မောကျနေချိန် အလစ်အငိုက်မိသွားပုံရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ယင်းစခန်းတွင် ပျူစောထီးနှင့် စစ်ကောင်စီတပ်အင်အား တစ်ဆယ်ကျော်ရှိကြောင်း ဒေသခံများက ဆိုသည်။ တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံတို့က ပြောဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးမှုနှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်မေးမြန်းရာ “အတည်ပြုဖို့အတွက် အချက်အလက်တွေ […]