ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် တစ်ပတ်ရစ်ဆိုင်ကယ်ဈေးကျပြီး အရောင်းအဝယ်ပါး

Dawei Watch

October 21, 2023

မြိတ်မြို့တွင် တစ်ပတ်ရစ်မော်တော်ဆိုင်ကယ်များ ဈေးကျနေပြီး အရောင်းအဝယ်ပါးနေကြောင်း ယင်းဆိုင်ကယ်ဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ လကုန်ခန့်မှစပြီး ဈေးနှုန်းများ ကျဆင်းလာပြီး အရောင်းအဝယ်ပါးနေခြင်းဖြစ်ကြောင်း တစ်ပတ်ရစ်ဆိုင်ကယ်အရောင်းအဝယ် ပြုလုပ်သူအချို့က ပြောသည်။ မန္တလေးဘက်က ဝယ်လိုအား ကျဆင်းသွားခြင်းကြောင့် မြိတ်ဈေးကွက်တွင် ဆိုင်ကယ်ဈေးကျကာ အရောင်းအဝယ် နည်းသွားခြင်းဖြစ်ကြောင်း တစ်ပတ်ရစ်ဆိုင်ကယ် အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ဆိုသည်။ “မန္တလေးဈေးကွက်ကြောင့်ပါ။ တစ်ပတ်ရစ်ဘီးတွေက မန္တလေးဘက်က အဝယ်များတယ်။ ဝယ်လက်မရှိတော့ ဈေးတွေကျပြီး အရောင်းပါးသွားတာပါ” ဟု ၎င်းက ပြောဆိုသည်။ ထားဝယ်ဈေးကွက်တွင်လည်း တစ်ပတ်ရစ်ဆိုင်ကယ်ရောင်းအားကျကာ ဈေးကျနေသည့်အတွက် နောက်ထပ်ဝယ်ယူသည့် ဆိုင်ကယ်များကို ဈေးချိန်ဆကာ ဝယ်ယူနေရကြောင်း ထားဝယ်မြို့ရှိ ဆိုင်ကယ်ဝယ်ရောင်းသမားတစ်ဦးက ဆိုသည်။ ဒေသတွင်း စစ်ရေးပဋိပက္ခပြင်းထန်နေခြင်းနှင့် မန္တလေး အပါအဝင် တိုင်းပြင်ပ ဝယ်လက်များ၏ ဝယ်လိုအားကျဆင်း လာခြင်းကြောင့် အရောင်းအဝယ်ပါးနေခြင်းဖြစ်ကြောင်း ၎င်းက […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

October 20, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဂါဇာဆေးရုံတိုက်ခိုက်ခံရမှုကြောင့် လူ ၅၀၀ ကျော်သေဆုံး ဂါဇာအလယ်ပိုင်းမှာရှိတဲ့ အန်ဂလီယန် ခရစ်ယာန်အသင်းက ဖွင့်ထားတဲ့ ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရလို့ ဒုက္ခသည်တွေအပါအဝင် လူပေါင်း ၅၀၀ ကျော်အထိ သေဆုံးခဲ့ရပါတယ်။ ဆေးရုံဟာ အောက်တိုဘာ ၁၇ ရက်နေ့က လေကြောင်းဖြင့်တိုက်ခိုက်ခံခဲ့ရလို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ ဆေးရုံမှာ နာမကျန်းတဲ့သူ ဒဏ်ရာရနေတဲ့သူတွေနဲ့အတူ ဂါဇာမြောက်ပိုင်းကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေ ခိုလှုံနေခဲ့ကြပါတယ်။ ဟားမတ်စ်အဖွဲ့ကတော့ အစ္စရေးက ဆေးရုံကို လေကြောင်းတိုက်ခိုက်ခဲ့တာက လူမျိုးတုံးသတ်ဖြတ်တာလို့ အပြစ်တင်ထားပါတယ်။ အစ္စရေးဘက်ကလည်း ဆေးရုံတိုက်ခိုက်တာက သူတို့လက်ချက်မဟုတ်ဘဲ ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့ရဲ့ လက်ချက်လို့ စွပ်စွဲထားပါတယ်။ ဂျီဟတ်အဖွဲ့ကတော့ […]

ရေဖြူ ယာဉ်တိုက်မှု သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

Dawei Watch

October 20, 2023

ရေဖြူမြို့နယ် ဥဿရံရွာ မိုင်တိုင်အမှတ် ၂၂ အနီး ယာဉ်တိုက်မှုတွင် သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရထားကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၂၀ ရက် ညနေ ၆နာရီကျော်တွင် ရန်ကုန်မှ ကုန်စိမ်းတင်ဆောင်လာသည့် ၁၂ ဘီးယာဉ်နှင့် ထားဝယ်မှ လာသည့် Vigo အမျိုးအစား မော်တော်ယာဉ်တို့ မျက်နှာခြင်းဆိုင်တိုက်မိခြင်းဖြစ်ကြောင်း ဇမ္ဗူသီရိအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။ ယာဉ်တိုက်မှုကြောင့် Vigo ယာဉ်ပေါ် လိုက်ပါလာသည့် အမျိုးသား ခြောက်ဦးအနက် ‌သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိထားကြောင်း ၎င်းက ဆိုသည်။ “ဒဏ်ရာရတဲ့သူတွေ အခု ကျွန်တော်တို့ သယ်လာနေပြီ။ နှစ်ဦးက သတိမေ့နေတယ်။ တစ်ဦးပဲ စကားပြောနိုင်တယ်” ဟု ဦးနိုင်မျိုးသွင်က ပြောဆိုသည်။ သေဆုံးဒဏ်ရာရှိသူတို့မှာ ထားဝယ်မြို့နယ် မြေခံဘော်ရွာ ဇာတိဖြစ်ကြောင်း […]

ရေဖြူတွင် ယာဉ်တိုက်မှုဖြစ်ပြီး ပြင်းထန်ဒဏ်ရာရသူများရှိ၍ အရေးပေါ် အကူအညီလိုအပ်‌နေ

Dawei Watch

October 20, 2023

ရေဖြူမြို့နယ် ဥတ္တာရံကျေးရွာ မိုင်တိုင်အမှတ် ၂၂ အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ပြင်းထန်ဒဏ်ရာရရှိသူများ ရှိနေသဖြင့် အရေးပေါ် အကူအညီလိုအပ်နေသည်ဟု ဇမ္ဗူသီရိအဖွဲ့ထံမှသိရသည်။ ယနေ့(အောက်တိုဘာ ၂၀) ညနေ ၆ နာရီဝန်းကျင်တွင် ကုန်တင်းကားနှင့် Vigo ယာဉ်ငယ်တိုက်မိခြင်းဖြစ်ပြီး ၅ ဦးဒဏ်ရာရရှိထားကာ၊ ကားခေါင်းခန်းတွင် လိုက်ပါလာသူ သုံးဦး ညှပ်နေ၍ တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိထားသည်ဟု ဇမ္ဗူသီရိဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်ကပြောသည်။ “ညပ်နေတဲ့သူတွေ အရေးပေါ်ကယ်ဖို့လိုနေတယ်။ တစ်ဦးက သေပြီလိုတော့သိရတယ်” ဟုဦးနိုင်မျိုးသွင်ကပြောသည်။ နယ်မြေအခြေအနေနှင့် လုံးခြုံရေးအခက်အခဲကြောင့် အခင်းဖြစ်ပွားရာသို့ ဇမ္ဗူသီရိအဖွဲ့ အနေဖြင့် အရေးပေါ် သွားရောက်ကူညီ ဆောင်ရွက်ပေးနိုင်ရန် အခက်အခဲရှိနေသည်ဟု ၎င်းကပြောသည်။ သို့သော်လည်း အဆိုပါယာဉ်တိုက်မှုကို အရေးပေါ်ကူညီဆောင်ရွက်ပေးနိုင်ရန် ဇမ္ဗူသီရိ အဖွဲ့အနေဖြင့် နီးစပ်ရာ အရေးပေါ်လူနာတင်ယာဉ် အသင်းများကို ချိတ်ဆက်ဆောင်ရွက်ပေးနေကြောင်းသိရသည်။ ယာဉ်တိုက်မှုကြောင့် သေဆုံးသူနှင်ထိခိုက်ဒဏ်ရာရရှိသူများရှိနေပြီး […]

ထားဝယ်အရှေ့တောတွင် သံသတ္တုမိုင်းမြေပြိုကျမှု လူလေးဦးသေဆုံး

Dawei Watch

October 20, 2023

ထားဝယ်အရှေ့တောဒေသ ဟိန္ဒားကျေးရွာအုပ်စု ဖွတ်လက်တိုရွာချောင်းဖျားရှိ သံသတ္တုမိုင်း မြေပြိုကျမှုကြောင့် ဒေသခံ လေးဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာလ ၁၆ ရက် ညသန်းခေါင်အချိန်ခန့်တွင် မိုင်းတွင်း မြေပြိုကျခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါသံသတ္တုမိုင်းကို တောင်ပိုင်းကမ္ဘာကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားတာဖြစ်ပြီး နယ်မြေလုံခြုံရေးအခြေအနေ ကြောင့် လုပ်ငန်းရပ်နားထားရာ ယင်းနေရာတွင် လွန်ခဲ့သည့်လေးလခန့်မှစတင်ကာ ဒေသခံများ ဝင်ရောက် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။ မြေပြိုကျမှုကြောင့် ဟိန္ဒားကျေးရွာက ဒေသခံအမျိုးသားတစ်ဦးမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ဖောင်းတော ကျေးရွာက အမျိုးသားတစ်ဦးမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးကြောင်း ဟိန္ဒားကျေးရွာက အမျိုးသားတစ်ဦးက ပြောသည်။ “ပြီးတော့ မြေစာပုံထဲမှာ ပိနေသူကျန်သေးတယ်ဆိုလည်းပြောတယ်။ ဟိန္ဒားက တစ်ယောက်ကတော့ ကျွန်တော်တို့ အရှေ့မှာပဲ အသုဘချသွားတာမြင်တယ်” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။ […]

အစ္စရေး-ဟားမတ်စ် စစ်ပွဲမှာ ကာလရှည်စစ်ပွဲဖြစ်သွားနိုင်ဟု အစ္စရေးဝန်ကြီးချုပ်ဆို

Dawei Watch

October 20, 2023

အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု သည် ဟားမတ်စ်နှင့် အစ္စရေးစစ်တပ်တို့အကြားတွင် ဖြစ်ပွားနေသည့်စစ်ပွဲမှာ ကာလရှည်ကြာ စစ်ပွဲအသွင် ဖြစ်သွားနိုင်သည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။ စစ်ပွဲတွင်အီရန်က ပါဝင်ရန် ဟန်ပြင်လာခြင်းသည် အခြေအနေအရပ်ရပ်ကို ရှုပ်ထွေးစေနိုင်ကြောင်း နေတန်ညာဟုက အသိပေးထားပြီး လက်ရှိတွင် ဂါဇာဒေသအတွင်း အကြမ်းဖက်မှုပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းက ရှည်လျားလှသည့်စစ်ပွဲ ဖြစ်ပွားရန် ဦးတည်လာစေသည်ဟု ၎င်းက မှတ်ချက်ပေးသွားခဲ့သည်။ နေတန်ညာဟု သည် ဗြိတိန်ဝန်ကြီးချုပ် ရီရှိ ဆူနတ်ခ်နှင့်အတူ ယှဉ်တွဲ၍ မီဒီယာများနှင့်တွေ့ဆုံချိန်တွင် ယင်းသို့ပြောသွားခဲ့ခြင်းဖြစ်သည်။ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေး၏မဟာမိတ်အင်အားစုနိုင်ငံများကိုမူ အစ္စရေးဘက်က ရပ်တည်ကာ ဟားမတ်စ်များကို တိုက်ခိုက်နိုင်ရန် ပံ့ပိုးကူညီပေးနေသည့်အတွက် ကျေးဇူးတင်ကြောင်းလည်း နေတန်ညာဟုက အသိပေးသွားခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု သည် အစ္စရေးစစ်တပ်နှင့် ဟားမတ်စ်တို့အကြားတွင် ဖြစ်ပွားနေသော လက်ရှိစစ်ပွဲက ကာလရှည်စစ်ပွဲအသွင်သို့ ကူးပြောင်းရောက်ရှိသွားသည်နှင့်တပြိုင်နက် ခက်ခဲမှုပေါင်းများစွာသည်လည်း […]

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ မူးဒူးရွာတွင် နေအိမ်များ မီးရှို့ခံနေရ

Dawei Watch

October 20, 2023

ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာထဲတွင်ရှိသော မူးဒူးရွာက နေအိမ်များ မီးရှို့ခံနေရကြောင်း ဒေသခံများကပြောသည်။ ယနေ့ အောက်တိုဘာလ ၂၀ ရက် နံနက်အစောပိုင်းကတည်းကစပြီး စစ်ကောင်စီတပ်က မီးရှို့နေခြင်းဖြစ်ကြောင်း မူးဒူးရွာ ဒေသခံတစ်ဦးက ဆိုသည်။ “အရေအတွက် အတိအကျမသိရသေးဘူး။ လောလောဆယ် ငါးဆောင်လောက်ပဲ သိထားတယ်” ဟု ၎င်းက ပြောဆိုသည်။ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းသည် အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းကစပြီး စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ ထို့ကြောင့် မူးဒူးရွာက ဒေသခံအများစုမှာ နေအိမ်စွန့်ခွာထွက်ပြေးနေကြရကြောင့် ဒေသခံများထံမှ သိရသည်။ “ဒီမနက် မူးဒူးဖက်က မီးခိုးတွေတက်နေတာ ကျွန်မတို့မြင်ရတယ်” ဟု နဘုလယ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကြောင်းဝင်လာသောကြောင့် ဧကနိ၊ ဝက်ချောင်း၊ ခမောင်းချောင်း၊ ရငဲ၊ ဝါးဇွမ်းတော၊ ရလိုင်၊ […]

ပုလောငါးဖမ်းလှေငယ်များ အကန့်အသတ်ဖြင့် ငါးပြန်ဖမ်းခွင့်ပြု

Dawei Watch

October 20, 2023

တစ်လကျော်ကြာ ငါးဖမ်းခွင့် ပိတ်ခံထားရသည့် ပုလောမြို့နယ်တွင် ငါးဖမ်းလှေငယ်များကို နေရာအကန့်အသတ်ဖြင့် ပြန်ဖမ်းခွင့်ပြုလိုက်ကြောင်း ဒေသခံများ ထံမှသိရသည်။ ပုလောမြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာလ ၉ ရက်နေ့မှစပြီး ငါးဖမ်းလှေငယ်များ ပင်လယ်ပြင်မထွက်ရန် စစ်ကောင်စီရေတပ်မှ နှုတ်မိန့်ဖြင့်ပိတ်ပင်ခဲ့ပြီး တစ်လကျော်အကြာ အောက်တိုဘာ ၁၈ ရက်ကစတင်ပြီး ပြန်လည်ဖမ်းဆီးခွင့် ပြုပေးခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “ရေလုပ်သားတွေ အားလုံးက ရာအိမ်မှူးတွေကတစ်ဆင့် ဝိုင်းပြီး တင်ပြတောင်းဆိုတော့ တမြန်နေ့ကခွင့်ပြုချက်ရတယ်။ လက်ရှိတော်တော်များများက ပြန်ထွက်ဖမ်းနေကြပြီ။ မထွက်ရသေးတဲ့ လှေတွေလည်းရှိနေကြတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ ပြန်လည်ဖမ်းဆီးခွင့်ပြုရာတွင် ရေတပ်စစ်သင်္ဘောများ ရပ်နားထားသည့် နေရာအနီးသို့ လာရောက်ဖမ်းဆီးခွင့် မပြုကြောင်း ဒေသခံများကဆိုသည်။ “လုံးဇယာကျွန်းဘက်ကိုတော့ လာခွင့်မပေးဘူး။ အဲဒီဘက်မှာ ရေတပ်သင်္ဘောတွေ စောင့်နေကြတယ်”ဟု ဒေသခံနောက်တစ်ဦး ကလည်းပြောဆိုသည်။ လုံးဇယာကျွန်း၏ အရှေ့ဖက်တွင် လက္ကူး၊ကဒဲကျေးရွာအုပ်စုရှိပြီး ကဒဲချောင်းအတွင်းရှိ […]