ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် တိုက်ပွဲနှစ်ကြိမ်အတွင်း KNDO ရဲဘော်တစ်ဦးကျဆုံး

Dawei Watch

October 23, 2023

မြိတ်မြို့နယ်တွင် ပြီးခဲ့ရက်ပိုင်းက တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO က ရဲဘော် တစ်ဦးကျဆုံးကာ စစ်ကောင်စီဘက်ကလည်း သေဆုံးမှုများပြားကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ အောက်တိုဘာလ ၂၀ နှင့် ၂၁ ရက်နေ့တို့တွင် တုံးဗျောကျေးရွာနှင့် ငါးရံ့အင်းရွာဟောင်းတို့တွင် KNDO အပါအဝင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ပြောသည်။ တိုက်ပွဲအတွင်း KNDO တပ်ရင်း (၂) တပ်ခွဲ (၃) က ရဲဘော်တစ်ဦးကျဆုံးပြီး မဟာမိတ်ပူးပေါင်းတပ်က ရဲဘော်နှစ်ဦး ဒဏ်ရာရကာ အသက်အန္တရာယ်မူ စိုးရိမ်ဖွယ်ရာမရှိကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ အောက်တိုဘာလ ၂၃ရက်တွင် ထုတ်ပြန်သည်။ “ရဲဘော်တစ်ဦးကျပါတယ်။ အသက်ကတော့ လေးဆယ်လောက်ရှိပါပြီ” ဟု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ အောက်တိုဘာလ ၂၀ […]

ထားဝယ် ငါးဈေးသစ် ဗုံးချတိုက်ခိုက်မှုတွင် လူငယ်အလုပ်သမားနှစ်ဦး ဒဏ်ရာရရှိ

Dawei Watch

October 23, 2023

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ အောင်တံခွန် ငါးဈေးအသစ်၏ခေါင်းမိုးပေါ် သို့ ယနေ့(အောက်တိုဘာ ၂၃) နေ့လယ် ၁ နာရီခန့် က ဗုံးချတိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ပြီး ဈေးရုံအတွင်းပန်းရန်လုပ်နေသည့် လူငယ်အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ငါးလေလံဈေးနှင့် နီးစပ်သူများထံမှသိရသည်။ အဆိုပါ ဗုံးမှာ ဈေးရုံ၏ ခေါင်းမိုးပေါ် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဈေးရုံအတွင်း ပန်းရန်လုပ်နေသည့် အသက် ၁၄ နှစ်အရွက်ရှိ ကျောင်းသားလူငယ်တစ်ဦးနှင့် အခြားပန်းရန်လုပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ထိခိုက်ဒဏ်ရာရရှိသူမှာ ထားဝယ်မြို့ ဝဲကျွန်းမြို့သစ် ၅ လမ်းတွင်နေထိုင်သည့် အသက် ၁၄ နှစ်အရွယ်ရှိ မောင်အောင်ကောင်းမြတ်ဆိုသူ နှင့် အသက် ၂၂ အရွယ်ရှိအမျိုးသားတစ်ဦးတို့ ဖြစ်သည်။ ဗုံးစထိမှန်သည့်ဒဏ်ရာကြောင့် မောင်အောင်ကောင်းမြတ်၏ ညာဘက် ချိုင်းအောက်နှင့် ပခုံးတို့တွင် ဒဏ်ရာများရရှိခဲ့ပြီး အခြားအမျိုးသားတွင် အနည်းငယ်ပွန်းပဲ့ဒဏ်ရာသာရရှိခဲ့သည်ဟု မောင်အောင်ကောင်းမြတ်၏ ဖခင်ဖြစ်သူကပြောသည်။ “ကလေးက […]

ထောင်ဝင်စာ ဧည့်တွေ့ခွင့်ရတော့မည်ဖြစ်ပြီး မြိတ်ထောင်တွင် မနက်ဖြန်စတွေ့ခွင့်ရမည်ဟုဆို

Dawei Watch

October 23, 2023

ကိုဗစ်ကပ်ဘေးဖြစ်ချိန်ကပင် ပိတ်ပင်ထားသည့် ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို မနက်ဖြန် အောက်တိုဘာလ ၂၄ ရက် နေ့က စတင်ပြီး ပြန်လည်ခွင့်ပြုရန် အကျဉ်းထောင်များ ပြင်ဆင်နေသည်ဟု သိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။ အကျဉ်းထောင်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းအချို့၏ ပြောဆိုချက်များကို ကိုးကားကာ ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ “လက်ရှိမှာ ကျွန်တော်တို့လိုက်လို့ရတာ ထောင်ငါးခုပေါ့နော်။ ဒီနေ့ဆို မြိတ်အကျဉ်းထောင်ပါ ပါလာတယ်။ ထောင်ခြောက်ခု ဖြစ်လာတယ်ပေါ့နော်။ လက်ရှိကတော့ သူတို့စမ်းသပ်ကာလအနေနဲ့။ သေချာတာကတော့ ထောင်ဆယ်ဂဏန်းလောက်ကို ၂၄ ရက်နေ့မှာ စပြီး တွေ့ခွင့်ပေးလိမ့်မယ်ဗျာ” ဟု ကိုသိုက်ထွန်းဦးက ဆိုသည်။ ပြီးခဲ့သည့် တစ်ပတ်က ထောင်ဝင်စာ အစားအသောက်များပေးပို့စဉ် ထောင်ဘူးဝတွင် ရိက္ခာလက်ခံနေသည့် ဝန်ထမ်း က ထောင်ဝင်စာဧည့်တွေ့ခွင့်ပြုတော့မည်ဟု […]

ထိုင်းတောင်ပိုင်း စူရတ်မြို့တွင် ရောင်နီလာရာလမ်း မှတ်တမ်းရုပ်ရှင်ပြ

Dawei Watch

October 22, 2023

ဒါရိုက်တာ ကိုပေါက်အကြောင်း ရိုက်ကူးထားသည့် ‘ရောင်နီလာရာလမ်း’ မှတ်တမ်းရုပ်ရှင်အား ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့တွင် ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့က ပြသသည်။ ‘ရောင်နီလာရာလမ်း’ မှတ်တမ်းရုပ်ရှင်ကို ဒါရိုက်တာကိုပေါက်၏ ခွင့်ပြုချက်ဖြင့် စူရတ်မြို့ စစ်တပ်ကွင်းအရှေ့ရှိ မင်္ဂလာခန်းမတွင် နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ပြသနေသည်။ ယင်းမှတ်တမ်းရုပ်ရှင်မှာ ဒါရိုက်တာကိုပေါက်၏ တော်လှန်ရေးကာလ ဖြတ်သန်းမှုအကြောင်းကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်သည်။

ရငဲရွာပစ်ခတ်မှုတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် အရပ်သားနှစ်ဦးသေဆုံး

Dawei Watch

October 22, 2023

သရက်ချောင်းမြို့နယ် ရငဲကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် အရပ်သားနှစ်ဦး သေဆုံးကြောင်း ‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။ အောက်တိုဘာလ ၂၁ ရက် နံနက် ၇ နာရီခန့်တွင် ကမြိုင်မှ ရငဲရွာ မြွေတောင်ဘက်သို့ ထွက်လာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းနောက် မိနစ် ၃၀ ခန့်ကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ပြောဆိုသည်။ မိုင်းဆွဲတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုတို့တွင် စစ်ကောင်စီဘက်က ရှစ်ဦးခန့် ထိခိုက်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်မှုမရှိကြောင်း ‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးသည့်နောက် ရငဲရွာ တောင်ကျောင်း ဘုန်းတော်ကြီးကျောင်းက သံဃာနှစ်ပါးနှင့် အရပ်သားနှစ်ဦးကို ဖမ်းဆီးထားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ဆိုသည်။ ညနေ ၃ နာရီခန့်တွင် […]

သုံးနှစ်ကြာနားထားသည့် ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲပြန်ကျင်းပမည်၊ နေ့ဘက်ပြောင်းလဲကျင်းပမည်

Dawei Watch

October 22, 2023

သုံးနှစ်ကြာရပ်နားထားသည့် ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ယခုနှစ်တွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး ဘုရားလှည့်လည်ပူဇော်ခံပွဲကို ညဘက် အစား နေ့ဘက်သို့ ပြောင်းလဲကျင်းပမည်ဖြစ်ကြာင်း ထားဝယ်ဘုရားကြီးဂေါပကအဖွဲ့က ထုတ်ပြန်ထားသည်။ ယခုနှစ် ဘုရားပွဲမှာ ၁၁၂ကြိမ်မြောက်ဖြစ်ပြီး ယခင်ကျင်းပနေကျပုံစံအတိုင်း တန်ဆောင်မုန်းလဆန်း ၁၁ ရက်မှစ၍ လပြည့်နေ့အထိ ဘုရားကြီးဝင်းအတွင်း ၅ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ပွဲတော်ကျင်းပသည့် လေးရက်မြောက်နေ့ဖြစ်သော တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့တွင် နှစ်ကျိပ်ရှစ်ဆူဘုရား ကိုယ်ပွား‌တော်များ နံနက် ၇ နာရီမှစတင်ကာ ထားဝယ်မြို့အတွင်း လှည့်လည်ပူဇော်ခံမည်ဖြစ်ကြောင်း ထားဝယ်မြို့ ဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။ “ဒီနှစ်ကတော့ ဈေးဆိုင်ခန်းတွေ ပျော်ပွဲရွှင်ပွဲတွေ ဇာတ်ပွဲတွေတော့ မရှိဘူး။ ဘုရားလှည့်တဲ့နေ့မှာလည်း တီးဝိုင်းတွေ ဘာညာတွေလည်း မရှိတော့ဘူး” ဟု အောက်တိုဘာလ ၂၁ ရက်က ဘုရားကြီးဂေါပကအစည်းအဝေး တက်ရောက်ခဲ့သူ တစ်ဦးက […]

တနင်္သာရီတွင် စစ်သင်တန်းဆင်းပွဲ ပြုလုပ်

Dawei Watch

October 22, 2023

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က မွမ်းမံစစ်သင်တန်းဆင်းပွဲ ပြုလုပ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်တစ်ခုတွင် အောက်တိုဘာလ ၂၀ ရက် နံနက်ကပြုလုပ်ခဲ့ပြီး သင်တန်းသားများအား ပထမ၊ ဒုတိယ၊ တတိယဆုများအပြင် ဇွဲမာန်ဆုနှင့် နှစ်သိမ့်ဆုများပေးအပ်ခဲ့ပြီး ပြည်သူများ ပန်းကုံးစွပ်ခဲ့ကြကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

မန်ယူနှင့် အင်္ဂလန်လက်ရွေးစင်အသင်းတို့၏ဂန္ထဝင်ကြယ်ပွင့် ဆာဘော်ဘီချာလ်တန် ကွယ်လွန်

Dawei Watch

October 22, 2023

မန်ယူနှင့် အင်္ဂလန်လက်ရွေးစင်အသင်းတို့၏ဂန္ထဝင်ကြယ်ပွင့်ကစားသမားကြီးဖြစ်သော ဆာဘော်ဘီချာလ်တန်သည် ယနေ့တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ ဆာဘော်ဘီချာလ်တန် သည် မန်ယူအသင်းကို လွန်စွာတန်ဖိုးထား ချစ်မြတ်နိုးသူဖြစ်ပြီး အသက် ၈၀ ကျော်အရွယ်သို့ ရောက်သည်ထိတိုင် အိုးလ်ထရက်ဖို့ဒ်ဘောလုံးကွင်း၏ပွဲကြည့်စင်ထက်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ မန်ယူ ယှဉ်ပြိုင်ကစားသည်ကို အားပေးကြည့်ရှုခဲ့သူဖြစ်သည်။ ဘောလုံးကလပ်အသင်းများ၊ ဘောလုံးအဖွဲ့ချုပ်များ၊ ဘောလုံးသမားများက ဆာဘော်ဘီချာလ်တန် ကွယ်လွန်မှုကို အစားထိုးမရသည့်ဆုံးရှုံးမှုကြီးအဖြစ် ရေးသားဖော်ပြထားကြပြီး အချို့သော ဝမ်းနည်းကြောင်း ဖော်ပြရေးသားသည့်စာများတွင် အဖိုးဖြတ်မရနိုင်သော ဒဏ္ဍာရီကြီးကြွေလွင့်ခြင်းဟု တင်စားမှုများရှိသည်ကိုလည်း မြင်တွေ့ကြရသည်။ ဆာဘော်ဘီချာလ်တန်သည် မန်ယူသင်း ကြုံဆုံရင်ဆိုင်ခဲ့ရသော မြူးနစ်လေယာဉ်ပျက်ကျမှုမှနေ၍ ကံကောင်းထောက်မစွာဖြင့် သေကံမရောက်ဘဲ လွတ်မြောက်လာခဲ့သူဖြစ်ပြီး ယင်းနောက်တွင် ၁၉၆၆ ခုနှစ်၌ အင်္ဂလန်အသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရာတွင် အဓိက,ကစားသမားအဖြစ် လည်းကောင်း၊ ၁၉၆၈ ခုနှစ်တွင် မန်ယူအသင်း ဥရောပဖလား(လက်ရှိအခေါ် ချန်ပီယံလိဂ်ဖလား)ကို ဆွတ်ခူးရရှိရာတွင်လည်း […]