ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတောင်ပိုင်းတွင် MoU မြန်မာလုပ်သား ၆၀ ခန့် အလုပ်မရသဖြင့် အခက်အခဲဖြစ်နေ

Dawei Watch

October 26, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်နှင့် ကရဘီခရိုင်ရှိ MoU မြန်မာအလုပ်သမား ၆၀ ခန့်သည် ထိုင်းစရောက်သည့်နေ့မှစ၍ အလုပ်မဆင်းရသေးသဖြင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း အလုပ်သမားများနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေး WAG အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား ၅၉ ဦးကို မြန်မာအေဂျင်စီ ပြည့်ပိုင်မှူးက အောက်တိုဘာ ၁၂ ရက်နေ့တွင် တရတ်ခရိုင်ရှိ ဆောက်လုပ်ရေးကုမ္ပဏီတွင် လုပ်ကိုင်ရန် နှစ်နှစ်စာချုပ်ဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ထိုင်းနိုင်ငံသို့ ရောက်ရှိသောအခါ ဖူးခက်ခရိုင်နှင့် ကရဘီခရိုင်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ အလုပ်သမားများကို ခွဲ၍ စေလွှတ်ခဲ့ကြောင်း သိရသည်။ လုပ်ငန်းခွင်သို့ ရောက်ရှိသော်လည်း အောက်တိုဘာ ၂၆ ရက်နေ့အထိ အလုပ်မဆင်းရ အလုပ်မရှိဘဲ ဖြစ်နေသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများစွာ ဖြစ်နေကြောင်း မြန်မာအလုပ်သမားများက ပြောသည်။  “စားဝတ်နေရေးက အခက်အခဲဆုံးဖြစ်နေတယ်။ စတက်လာကတည်းက ကိုယ့်စရိတ်နဲ့ကိုယ် စားနေရတာဆိုတော့ […]

မြိတ်-တနင်္သာရီကားလမ်းတွင် တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်

Dawei Watch

October 26, 2023

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းတွင် တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၅ ရက် နံနက် ၁၁ နာရီခန့်တွင် ဇဝဲရွာဖက်မှ မော်တုန်းရွာအမြောက်တပ်သို့ စစ်ကောင်စီ တပ်သားများ တင်ဆောင်လာသည့် Vigo ကားအား တနင်္သာရီမြို့နယ် ချောင်းညီကိုရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ချောင်းညီကိုရွာသည် မြိတ်- တနင်္သာရီ ပြည်ထောင်စု ကားလမ်းမတွင် တည်ရှိသည့် ရွာဖြစ်သည်။ ယင်းနောက် မွန်းတည့် ၁၂ နာရီတွင်လည်း စစ်ကောင်စီတပ်သားများ စီးနင်းလာသည့်ကားကို မြိတ်မြို့နယ် တုံးဗျော ကျေးရွာအုပ်စု၊ တောင်ပုရွာအနီးတွင် တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေး တပ်များ ပူးပေါင်းတိုက်ခိုက်သေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ “ပျူ […]

ရေဖြူ ပရဒပ်ရွာတွင် မီးရှို့ခံရသည့် နေအိမ်ပြာပုံထဲတွင် အလောင်းသုံးလောင်းတွေ့

Dawei Watch

October 26, 2023

စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်နေသည့် ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသထဲရှိသည့် ပရဒပ်ရွာ၌ မီးရှို့ခံရသည့် နေအိမ်ပြာပုံထဲတွင် ရုပ်အလောင်းသုံးလောင်း တွေ့ရကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာလ ၂၅ ရက်နေ့တွင် နေအိမ်သုံးလုံး မီးရှို့ခံရပြီး ရုပ်အလောင်းတို့ကို ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ရုပ်အလောင်းတို့အနက် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများတွေ့ရကြောင်း ဒေသခံတို့က ဆိုသည်။ ထိုရုပ်အလောင်း သုံးလောင်းမှာ ပျောက်ဆုံးနေသည့် ပရဒပ်ရွာသားများအနက်က မည်သူမည်ဝါတို့ဖြစ်သည်ကို မသိရသေးကြောင်း ဒေသခံတို့က ပြောဆိုသည်။ အမျိုးသားဟု အတည်ပြုနိုင်သည့် အလောင်းနှစ်လောင်းမှာ ဦးအောင်ဝင်းနိုင်နှင့် ဦးအောင်နွယ်တို့ ဖြစ်ဖွယ်ရှိသည်ဟု ခန့်မှန်းကြောင်း ဒေသခံတွေက ဆိုသည်။ “အလောင်းတွေကို ခန့်မှန်း မရတော့ဘူး။ (နှစ်ဦးက) အမျိုးသား အလောင်းဆိုတာပဲ […]

ထိုင်းရဲများက မြန်မာလုပ်သားသုံးဦးကို ရိုက်နှက်ပြီး ဘတ်တစ်သိန်း ခြိမ်းခြောက်ငွေညှစ်

Dawei Watch

October 26, 2023

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ရဲတပ်ဖွဲ့ဝင်များက မြန်မာလုပ်သား သုံးဦးကို ဖမ်းဆီးရိုက်နှက်ပြီး ဘတ် တစ်သိန်း ခြိမ်းခြောက် ငွေညှစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာအလုပ်သမားတို့သည် ရိုက်နှက်ငွေညှစ်ခံရသဖြင့် ဘန်ကောက်အခြေစိုက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် “Saimai Survive” အဖွဲ့ထံသို့ လာရောက်တိုင်ကြားခဲ့ကြောင်း အဆိုပါအဖွဲ့၏ Facebook စာမျက်နှာတွင် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။ ကျောကုန်းတွင် ရိုက်နှက်ခံထားသည့် ဒဏ်ရာ သက်သေများနှင့်တကွ ထုတ်ပြန်ထားခြင်းဖြစ်သည်။ အောက်တိုဘာ ၂၂ ရက်နေ့တွင် ချွန်ဘူရီခရိုင် ဘော်ဝင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မြန်မာအလုပ်သမား သုံးဦးကို ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်နေသည်ဟု စွပ်စွဲပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာအလုပ်သမားများသည် ဘန်ကောက်မြို့ ဘန်နားဒေသတွင် နေထိုင်သူများဖြစ်ကာ ချွန်ဘူရီခရိုင် ဘော်ဝင်းဒေသသို့ လာလည်စဉ် ဖမ်းဆီးခံရကြောင်း […]

ထားဝယ်ဇာတ်သဘင်လုပ်ငန်းများ ပြန်မလည်ပတ်နိုင်သေး

Dawei Watch

October 26, 2023

ကိုဗစ်ကပ်ဘေးကာလတွင် စတင်ရပ်နားလိုက်ရသည့် ထားဝယ်ဒေသအခြေစိုက် ဇာတ်သဘင်လုပ်ငန်းများသည် အာဏာသိမ်းမှုအကျိုးဆက် မတည်မှုများကြောင့် ယခု ၂၀၂၃ ခုနှစ်အထိ ပြန်လည် မလည်ပတ်နိုင်သေးကြောင်း ဇာတ်သဘင်အသိုင်းအဝိုင်းထံမှ သိရသည်။ မြန်မာနိုင်ငံ သဘင်အစည်းအရုံးဗဟိုက ဇာတ်သဘင်တည်ထောင်ခွင့်လုပ်ငန်းလိုင်စင်ကို လျှောက်ထားခွင့် ပြုထားသည်။ သို့သော် နယ်မြေတည်ငြိမ်မှု မရှိမှုနှင့် ကပြဖျော်ဖြေခွင့်ပွဲပါမစ် အခက်အခဲတို့ကြောင့် ထားဝယ်ဒေသရှိ ဇာတ်သဘင် လုပ်ငန်းရှင်များက ဇာတ်တည်ထောင်ခွင့်လုပ်ငန်းလိုင်စင်များ ဆက်လက်မလျှောက်ထားတော့ကြောင်း ထားဝယ်ခရိုင် သဘင်အစည်းအရုံး ဥက္ကဋ္ဌက ပြောသည်။ “အလှူပွဲ၊ နတ်ပွဲလောက်ကလို့ရတဲ့ ဆိုင်းပွဲအငယ်လေးတော့ ၂ ဖွဲ့ရှိတယ်။ ကျန်တဲ့ ဇာတ်အကြီးတွေတော့ ပြန်မစုစည်း နိုင်တော့ဘူး။ ကိုဗစ်မတိုင်ခင်က ထားဝယ်မှာ ဇာတ်ဖွဲ့အကြီး တစ်ဆယ်ကျော်ရှိတယ်။ အခုက တစ်ဖွဲ့မှ မရှိတော့ဘူး” ဟု ၎င်းက ပြောဆိုသည်။ တနင်္သာရီတိုင်းနှင့် ထိစပ်နေသည့် မွန်ပြည်နယ်တွင်မူ မြို့နယ်အားလုံးတွင် […]

စစ်ကောင်စီတပ် ဖမ်းသွားသည့် ရငဲရွာသား၏ အလောင်းကို မြေမြှုပ်လျက်ပြန်တွေ့

Dawei Watch

October 26, 2023

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ရငဲရွာသားတစ်ဦး၏ ရုပ်အလောင်းကို ကျွဲမင်းကုန်းကျေးရွာ ပင်လယ်ကမ်း ခြေတွင် မြေမြှုပ်ဖျောက်ဖျက်ထားသည်ကို ပြန်လည်တူးဖော်တွေ့ရှိကြောင်း ဒေသခံအချို့က ပြောသည်။ အသတ်ခံရသူမှာ ကိုညီညီကို ဆိုသူဖြစ်ပြီး အောက်တိုဘာလ ၂၄ ရက်က ကျောက်ခမောက်ရွာတွင် ဖမ်းဆီးခံရကာ ယနေ့ အောက်တိုဘာလ ၂၆ရက် နံနက်တွင် မြေမြှုပ်ထားသည့် ရုပ်အလောင်းကို ရွာသားများက တွေ့ရှိခြင်း ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ဒဏ်ရာကတော့ ပစ်သတ်တဲ့ပုံစံမဟုတ်ဘဲ ရိုက်သတ်တဲ့ပုံစံမျိုး ဖြစ်နေတယ်။ ခေါင်းတစ်လုံးလုံး ကြေနေတယ်။ ကျောက်ခမောက်ကနေ ဖမ်းသွားတာ။ ကျွဲမင်းကုန်း ပင်လယ်ကမ်းစပ်မှာ အလောင်းဖျောက်ထားရစ်တာကို ရွာသားတွေ ပြန်တွေ့တယ်” ဟု ၎င်းက ပြောဆိုသည်။ အလောင်းတွင် လက်နောက်ပြန်ကြိုးတုပ်ထားသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ဆိုသည်။ ကိုညီညီကိုနှင့်အတူ ဖမ်းဆီးခံရသည့် အမျိုးသားနှစ်ဦးမှာ ပြန်လည်လွတ်မြောက်လာသည်ဟု […]

ပုလော ဒီရေတောဧကတစ်ထောင်ကျော်ကို ကြိုးပြင်ကာကွယ်တောသတ်မှတ်၊ ဒေသခံများ ရှာဖွေစားသောက်ရန် အခက်တွေ့

Dawei Watch

October 26, 2023

ပုလောမြို့နယ်၊ ပြင်ဘုကြီးကျွန်းရှိ ဒီရေတောဧက တစ်ထောင်ကျော်ကို ကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်လိုက် ကြောင်း စစ်ကောင်စီ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ပုလောမြို့နယ်အတွင်းရှိ ဧရိယာ ၁၄၂၄ ဧက ကျယ်ဝန်းသောနယ်မြေကို ‘ပြင်ဘုကြီး (၂) ဒီရေတော ကြိုးပြင် ကာကွယ်တော’ အဖြစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ လှိုင်းဒဏ်လေဒဏ်မုန်တိုင်းဒဏ်ခံစားရမှုများအား ကာကွယ်ရန်၊ အဖိုးတန်သစ်များနှင့် ရေသယံဇာတအပါအဝင် ဇီဝမျိုးစုံမျိုးကွဲ တိရစ္ဆာန်များ ပေါကြွယ်ဝလာစေရန်၊ ဒေသခံ ပြည်သူများ ရေသယံဇာတ စဉ်ဆက်မပြတ်သုံးစွဲနိုင်ရန်နှင့် ဂေဟစနစ်စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ သတ်မှတ်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သတ်မှတ်လိုက်သည့် ဧရိယာအတွင်း အဖိုးတန်သစ်များဖြစ်သည့် ဗြူးခြေတောက်၊ ဗြူးအုပ်ဆောင်း၊ ဗြူးရွှေဝါ၊ သမဲ့ကြီး၊ ကျန၊ ပင်လယ်အုန်း စသည့်သစ်ပင်များအပြင် လမု၊ လဘ၊ […]

ပုလော စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ၁၅နှစ်အရွယ် ယောင်္ကျားလေးသုံးဦးပြန်လွတ်လာ

Dawei Watch

October 25, 2023

မြိတ်ခရိုင်၊ ပုလောမြို့ရှိ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် အသက် ၁၅နှစ်အရွယ် ယောင်္ကျားလေးသုံးဦး ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ပဝတ်ကုန်းရွာတွင်နေထိုင်သည့် အဆိုပါယောင်္ကျားလေးသုံးဦးသည် အောက်တိုဘာလ ၂၂ ရက် နံနက်က နန်းတောင်ရွာစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရပြီး ယနေ့ အောက်တိုဘာလ ၂၅ရက် နံနက်တွင် ပြန်လွတ်လာကြောင်း ဒေသခံတို့က ဆိုသည်။ “ဆိုင်ကယ်တစ်စီးကို သုံးယောက်စီးပြီး ခေါက်တုံ့ခေါက်ပြန် သွားနေလို့ ဟိုက ဖမ်းလိုက်တယ်။ အခုပြန်လွတ်လာပြီ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရချိန် လက်ပြန်ကြိုးတုပ်ကာ ရိုက်နှက်စစ်ဆေးခံခဲ့ရသည်ဟု ကြားသိရကြောင်းလည်း ဒေသခံများက ပြောဆိုသည်။ “ပုလော ၂၈၅ တပ်ရင်းက သွားထုတ်လာတယ်။ ရိုက်နှက်ခံထားရတယ်။ ကြေးပြား (ပိုက်ဆံ) ပေးရသလား မပေးရသလားတော့ သေချာမသိဘူး” ဟု ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောသည်။ […]