ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရခိုင်အခြေစိုက် DMG သတင်းဌာန ဝင်စီးခံရပြီး သတင်းထောက်တစ်ဦးအပါအဝင် နှစ်ဦးဖမ်းဆီးခံရ

Dawei Watch

October 29, 2023

ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် Development Media Group (DMG) သတင်းဌာနကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းပြီး သတင်းထောက်တစ်ဦးနှင့် ညစောင့်တစ်ဦးတို့ကို ဖမ်းဆီးသွားကြောင်း DMG သတင်းထောက် တစ်ဦးက ပြောသည်။ ယနေ့ အောက်တိုဘာလ ၂၉ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စသုံးလုံး၊ သတင်းရဲတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်း ဖမ်းဆီးခြင်းဖြစ်ပြီး ရုံးရှိပစ္စည်းများယူဆောင်သွားသည့်အပြင် ရုံးကိုလည်း ချိပ်ပိတ်သွားသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။ မည်သည့်အကြောင်းအရင်းကြောင့် ဝင်ရောက်စီနင်းဖမ်းဆီးသည်ကို သေသေချာချာ မသိရသေးကြောင်း အဆိုပါ သတင်းထောက်က ပြောဆိုသည်။ ၂၀၁၉ ခုနှစ်တွင် DMG အယ်ဒီတာချုပ်ကို စစ်တပ်က မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၂) ဖြင့် တရားစွဲထားပြီး အယ်ဒီတာချုပ်မှာ တိမ်းရှောင်နေသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ […]

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ဖမ်းဆီးခံရ

Dawei Watch

October 29, 2023

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးနှင့် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးရဲထွဋ်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။ လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေသည်ဟုဆိုကာ ဖမ်းဆီးခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ရန်ကုန်တိုင်း အလုံမြို့နယ်တွင် နေထိုင်သည့် ဦးရဲထွဋ်ကို အောက်တိုဘာလ ၂၈ရက် ည ၈နာရီခွဲခန့်တွင် ၎င်း၏ နေအိမ်တွင် သွားရောက်ဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဦးရဲထွဋ်ကို အင်းစိန်ထောင်သို့ ပို့ဆောင်ထိန်းသိမ်းထားကြောင်းလည်း သတင်းဌာနအချို့တွင် ဖော်ပြသည်။ ဦးရဲထွဋ်သည် စစ်ကောင်စီကို တိုက်ရိုက်၊ သွယ်ဝိုက်နည်းလမ်းတို့ဖြင့် ဝေဖန်ရေးသားနေသူဖြစ်သောကြောင့် ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူတို့က ထောက်ပြပြောဆိုနေကြသည်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များကလည်း ဦးရဲထွဋ်ကို ဖမ်းဆီးရန် ယခုဖမ်းဆီးမှု မတိုင်မီက လှုံ့ဆော်ရေးသားပြောဆိုမှုများ ရှိခဲ့သည်။

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

October 28, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ စစ်ဆင်ရေး ၁၀၂၇ နဲ့ ပြင်းထန်နေတဲ့ ရှမ်းမြောက်စစ်ရေး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်တပ်သုံးဖွဲ့ပူးပေါင်းပြီးတော့ စစ်ဆင်ရေးလုပ်နေတာကြောင့် စစ်ရေးပြင်းထန်နေပြီး တရုတ်-မြန်မာကုန်သွယ်ရေးလမ်းလည်း ပြတ်တောက်သွားပါပြီ။ ၁ဝလပိုင်း ၂၇ရက်ကိုအစွဲပြုပြီး ၁၀၂၇ စစ်ဆင်ရေးကို ကိုးကန့်အဖွဲ့ MNDAA၊ တအာင်းအဖွဲ့ TNLA ၊ ရခိုင်အဖွဲ့ AAတို့ ပူးပေါင်းပြီး အောက်တိုဘာလ ၂၇ရက် နံနက် ၄ နာရီမှာ စတင်ခဲ့တာပါ။ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း စတဲ့ မြို့နယ်တွေမှာ ရှိတဲ့ စစ်ကောင်စီတပ်နှင့် လက်အောက်ခံစခန်းတွေကို တစ်ပြိုင်တည်း […]

ထားဝယ်သီတင်းကျွတ် ပထမည

Dawei Watch

October 28, 2023

သီတင်ကျွတ်ကာလတွင် ညမထွက်ရချိန် ပြောင်းလဲသတ်မှတ်လိုက်သော်လည်း ထားဝယ်မြို့၏ သီးတင်းကျွတ်ပထမညမှာ လမ်းပေါ်တွင် လူသူမရှိသလောက်ပင်ဖြစ်သည်။ ထားဝယ်မြို့၏ သီတင်းကျွတ် ပထမညတွင် မြို့ထဲမီးထွန်းကြသူအနည်းငယ်ရှိသော်လည်း လမ်းမကြီးများပေါ်တွင်မူ ည ၇ နာရီနောက်ပိုင်း သွားလာသူ မရှိသလောက်နည်းသွားခဲ့သည်။ အာဏာမသိမ်းခင်ကမူ ယင်းသို့မဟုတ်။ မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်‌မီတာခ ဈေးအကြီးဆုံးမြို့‌ဟုပင် မထင်ရလောက်အောက် မြို့လုံးအနှံ့ လျှပ်စစ်မီးများဖြင့် ထိန်ထိန်လင်းနေလေ့ရှိသည်။ သီတင်းကျွတ်လပြည့်နေ့ မနက်အာရုဏ်တက်ချိန်တွင် ကျင်းပသည့် ထားဝယ်ရိုးရာ သပိတ်မျှောပွဲသို့ အနယ်အနယ်အရပ်ရပ်မှ ‌လာရောက်သူများဖြင့် မြို့ထဲတွင် ညလုံးပေါက် စည်ကာနေ့လေ့ရှိသည်။ တစ်ချို့က ညလုံးပေါက်မအိပ်ဘဲ မြို့အနှံလျှောက်လည်ပတ်နေကြသည့်အပြင် အနီးအနားရှိ မောင်းမကန်ကမ်း‌ခြေသွားသူများ၊ ဘုရာစေတီပုထိုးများတွင် အလှပုံဆီမီးထွန်းသူများ၊ မီးပုံးပျံလွှတ်သူများဖြင့် ပျော်ရွှင်ကြည်နူးဖွယ်ကောင်းလှပေသည်။ ကိုဗစ်နှင့် အာဏာသိမ်းပြီးနောက်တွင်မူ ထိုအရာများအားလုံး မတွေ့မြင်ရတော့ပေ။ ယနေ့ကျရောက်သည့် သီတင်းကျွတ်အချိန်တွင်မူ မြို့ထဲလမ်းသွယ်များထဲ မီးထွန်းသူ အနည်းငယ်ရှိလာခဲ့သည်ကိုတွေ့ရသည်။ နယ်ကျေးရွာအချို့တွင်လည်း […]

လောင်းလုံးတွင် တော်လှန်‌ရုပ်ရှင်ပြပွဲပြုလုပ်

Dawei Watch

October 28, 2023

ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)၊ လူထုစည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီက ဦးဆောင်ပြီး ကျေးလက်အခြေပြု လူထုစည်းရုံးရေး တော်လှန်ရုပ်ရှင်ပြပွဲကို လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် အောက်တိုဘာ ၂၇ ရက်နေ့ညက ပြုလုပ်ခဲ့သည်။ ယင်းလှုပ်ရှားမှုတွင် တော်လှန်ရေးသီချင်းများ သီဆိုခြင်း၊ သပိတ်မှောက်ဆန့်ကျင်ရမည့် စစ်တပ်ပိုင် ကုန်ပစ္စည်း‌များနှင့်ပတ်သက်ပြီး ရှင်းလင်းခြင်းအပါအဝင် တော်လှန်ရေးရုပ်ရှင် ဇာတ်ကားတိုများ ပြသခဲ့ကြောင်း ယင်းအဖွဲ့ကထုတ်ပြန်သည်။

ပထုံဌာနီတွင် မြန်မာလုပ်သားတစ်ဦး မျက်လုံးပေါက်ထွက်သေဆုံး

Dawei Watch

October 28, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်ရှိ အဆောက်အအုံတစ်ခု၏‌ ခေါင်မိုးထပ်တွင် မြန်မာအလုပ်သမားတစ်ဦး အဝတ်အစားမပါဘဲ၊ မျက်လုံးတစ်ဖက်ပေါက်ထွက်၍ သေဆုံးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အောက်တိုဘာ ၂၅ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် လမ်လုကာနယ်မြေ ခူခွတ်ဒေသရှိ ၅ ထပ်အဆောင်၏ ခေါင်မိုးထပ်တွင် မြန်မာအလုပ်သမားတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိခဲ့သဖြင့် ရဲတပ်ဖွဲ့များ၊ မှုခင်းဆရာဝန်များနှင့် လူမှုကူညီရေးအဖွဲ့များက သွားရောက်စစ်ဆေးခဲ့ဟု ဆိုသည်။ သေဆုံးသူသည် အသက် ၃၅ နှစ်အရွယ် နိုင်ယောင်းအမည်ရှိသူ မြန်မာအလုပ်သမားဖြစ်ပြီး အဝတ်အစားမပါဘဲ သေဆုံးနေကြောင်း ဖော်ပြထားသည်။ အလောင်းသည် သေဆုံးချိန် ၁၈ နာရီခန့် ရှိနေပြီဖြစ်ကြောင်း မှုခင်းဆရာဝန်များက ပြောကြားခဲ့ပြီး ဘယ်ဘက်မျက်လုံးတစ်ဖက် အပြင်သို့ ထွက်နေသဖြင့် မြင်ရသူများကို ထိတ်လန့်မိစေကြောင်း သတင်းများကဆိုသည်။ အလောင်းတွင် အခြားထိခိုက်ဒဏ်ရာများ၊ ပြင်ပ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

October 27, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဂါဇာဒေသတွင် အစ္စရေးက ညလုံးပေါက် မြေပြင်ထိုးစစ်ဝင်ရောက် ဂါဇာဒေသမြောက်ပိုင်းကို အစ္စရေး စစ်တပ်က အောက်တိုဘာ ၂၆ ရက်နေ့မှာ ဝင်ရောက်ခဲ့ပြီး ဟာမတ်စ်စစ်သွေးကြွတွေရဲ့ ပစ်မှတ်တော်တော်များများကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောကြားလိုက်သည်။ ရက် ၂၀ လောက်ကြာလာခဲ့တဲ့ စစ်ပွဲမှာ အစ္စရေးစစ်တပ်က မြေပြင်ကနေ ပထမဆုံးဝင်ရောက်တိုက်ခိုက်တာပါ။ စစ်ပွဲကို နောက်တဆင့်တက်ဖို့ ပြင်ဆင်တဲ့ စစ်ဆင်ရေးတစ်ခုဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ တင့်ကားတွေ၊ စစ်ကူတွေနဲ့ ဂါဇာမြောက်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အကြမ်းဖက်သမားတွေကို သုတ်သင်နိုင်ခဲ့သလို ဟာမတ်စ်တို့ရဲ့ အခြေခံအဆောက်အဦးတွေကိုလည်း ဖျက်စီးနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။ ညလုံးပေါက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် […]

မြိတ်တွင် အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံး

Dawei Watch

October 27, 2023

မြိတ်မြို့တွင် ယနေ့ ညနေပိုင်းက အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။ မြိတ်တောင်ကျေးရွာအုပ်စု အရှေ့သိမ်ကျောင်းအနီး နေအိမ်တစ်ဆောင်တွင် ယနေ့ အောက်တိုဘာလ ၂၇ ရက်ညနေ ၄ နာရီခန့်က အိမ်အမိုးထပ်ဆောက်လုပ်နေရာ မီးကြိုးဖြင့် ထိမိပြီး ဓာတ်လိုက်သေဆုံးခြင်းဖြစ်ကြောင်း၎င်းက ဆိုသည်။ “အပေါ်ထပ်မှာ သစ်ပြားသယ်ရင်းနဲ့ မီးကြိုးနဲ့ သွားထိမိသွားတာ” ဟု နာရေးကူညီမှုအသင်းဝင်က ပြောဆိုသည်။ နေအိမ်နှစ်ထပ်တိုက် အပေါ်ထပ်ရှိ အမိုးတပ်ဆင်ရာတွင် အသုံးပြုရန် သစ်ပြားအား သယ်ယူနေစဉ် လမ်းဘက်ရှိမီးကြိုးဖြင့်ထိမိကာ ဓာတ်လိုက် သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် အဆိုပါ နေအိမ်ဆောက်လုပ်နေစဉ်အတွင်း အလုပ်သမားနှစ်ဦး ဓာတ်လိုက်ခံရပြီး တစ်ဦးမှာ သတိလစ်ကာ၊ ကျန်တစ်ဦးမှာ နေအိမ်အောက်ထပ်သို့ ပြုတ်ကျခဲ့ဖူးကြောင်း နာရေးကူညီမှု အသင်းဝင်က ပြောပြသည်။ ဓာတ်လိုက်ခဲ့သည့် ဓာတ်ကြိုးသည် […]