ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် ညမထွက်ရအချိန်ကန့်သတ်ချက် လျှော့ချ

Dawei Watch

October 27, 2023

ထားဝယ်မြို့နယ်တွင် စစ်ကောင်စီက ကန့်သတ်ထားသည့် ညမထွက်ရအချိန်အား အောက်တိုဘာလ ၂၇ ရက်နေ့မှစကာ လျှော့ချလိုက်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ယခင်က ညမထွက်ရအချိန်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားရာမှ ယနေ့ညမှစကာ ည ၁၁ နာရီမှ နံနက် ၃ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။ အချိန်လျှော့ချ ပြောင်းလဲသတ်မှတ်ကြောင်းကို ထားဝယ်မြို့အတွင်း လှည့်လည်ကြေညာနေသည့်အပြင် စည်ပင်သာယာဈေးကြီးနှင့် ကားဂိတ်တွင်လည်း လော်စပီကာဖြင့် လိုက်အော်နေကြောင်း ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။ အခြားမြို့ခံတစ်ဦးကမူ စစ်ကောင်စီက ညမထွက်ရအချိန်လျှော့ချလိုက်သော်လည်း စစ်ကောင်စီတပ်သားများက ပစ်ခတ်ဖမ်းဆီး၊ စစ်ဆေးမှုများလုပ်မည်ကို စိုးရိမ်သဖြင့် ဒေသခံပြည်သူများမှာ သွားလာရဲမည် မထင်ကြောင်း ဆိုသည်။ “ဖြေလျှော့လည်းဘယ်သူမှ မထွက်တော့ဘူး။ ဈေးသမားတွေအတွက်တော့ အဆင်ပြေမယ်။ မနက်ပိုင်းအချိန် လျှော့ရင်လေ။ ညအတွက်တော့ […]

ထားဝယ်ထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး အမောဖောက်သေဆုံး

Dawei Watch

October 27, 2023

ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး ယနေ့ နံနက် ၁၀ နာရီခန့်တွင် အမောဖောက် သေဆုံးသွားကြောင်း မိသားစုဝင်နှင့် ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) ထံမှ သိရသည်။ သေဆုံးသူမှာ အသက် ၄၄ နှစ်အရွယ် ဦးကျော်သိန်းအမည်ရှိ နိုင်ငံရေးအကျဉ်းသားဖြစ်ပြီး လောင်းလုံးမြို့နယ် ဟင်းချိုတောရွာ ဇာတိဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ၎င်းသည် အမောဖောက်လာသဖြင့် ထောင်တွင်းဆေးခန်းတွင် ဆေးကုသမှုခံယူသော်လည်း အခြေအနေ မကောင်း သဖြင့် ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ချိန် လမ်းတွင် သေဆုံးသွားကြောင်း DPPN ထံမှ သိရသည်။ ဦးကျော်သိန်းသည် ကျန်းမာရေးကောင်းမွန်ပြီး ရောဂါအခံကြီးကြီးမားမား မရှိသူဖြစ်ကြောင်း အစ်မတော်စပ်သူက ပြောသည်။ “မနေ့က ထောင်ဝင်စာသွားတွေ့တယ်။ စကားပြောနေတာရတာပဲ။ ကောင်းကောင်းမွန်မွန်ပဲ။ အခုသေဆုံးတယ်လို့ သတင်းကြားရတော့ အံ့အံဩဩပဲ။ မယုံလို့ တက်လိုက်ကြည့်သေးတယ်။ ထားဝယ်ဆေးရုံကြီးကို” ဟု […]

ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်သိမ်းပိုက်၊ တရုတ်-မြန်မာကုန်သွယ်ရေးပြတ်တောက်

Dawei Watch

October 27, 2023

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်တပ် သုံးဖွဲ့ပေါင်းကာ စစ်ဆင်ရေးပြုလုပ်နေပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိသည့် ချင်းရွှေဟော်မြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ ၁၀၂၇ အမည်ရ စစ်ဆင်ရေးဖြင့် ကိုးကန့်အဖွဲ့ MNDAA၊ တအာင်းအဖွဲ့ TNLA ၊ ရခိုင်အဖွဲ့ AA တို့ ပူးပေါင်းကာ ယနေ့ အောက်တိုဘာလ ၂၇ရက် နံနက် ၄ နာရီတွင် စတင်ခဲ့ပြီး ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ် စသည့်မြို့နယ်များရှိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံစခန်းများကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ချင်းရွှေဟော်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး ယနေ့နံနက်ပိုင်းတွင်ပင် တရုတ်-မြန်မာကုန်သွယ်လမ်းဖြစ်သည့် လားရှိုး-ချင်းရွှေဟော်၊ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမများကို အရေးပေါ်ပိတ်လိုက်ကြောင်း MNDAA က ကြေညာသည်။ လားရှိုးဘက်မှ စစ်ကူလာနေသည့် စစ်ကောင်စီတပ် မရောက်လာနိုင်အောင် […]

ကျွန်းစုသို့ လည်ပတ်သူနည်းပါးသဖြင့် ခရီးသွားလုပ်ငန်းများ တွက်ခြေမကိုက်

Dawei Watch

October 27, 2023

မြိတ်ခရိုင် ကျွန်းစုမြို့နယ်ရှိ ကျွန်းခရီးစဉ်လည်ပတ်သူနည်းပါးသဖြင့် ခရီးသွားလုပ်ငန်းများ တွက်ခြေမကိုက်ကြောင်း ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။ ကျွန်းခရီးစဉ်တို့အား ကို‌ဗစ်ကပ်ဘေးဖြစ်ပေါ်ခဲ့သည့် ၂၀၂၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ၂နှစ်ကြာ လုပ်ငန်းများ ရပ်နားထားခဲ့ရသည်။ ယင်းနောက် ၂၀၂၂ ခုနှစ် ပွင့်လင်းရာသီမှစပြီး ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခဲ့သော်လည်း အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက် မတည်ငြိမ်မှုကြောင့် လာရောက်လည်ပတ်သူနည်းပါးခဲ့ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူအချို့က ဆိုသည်။ “ခရီးသွားတွေက တအားကွာ (နည်း) သွားတာ။ ဆယ်ပုံ ပုံလို့ တစ်‌ပုံလောက်‌တောင် မလာကြတော့ဘူး။ တိုင်းရေးပြည်ရေး အခြေအနေတွေကြောင့်ပါ။လမ်းပန်းဆက်သွယ်ရေးကလည်း မလုံခြုံဘူးဆိုတော့ မလာကြတော့ဘူးပေါ့” ဟု ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။ အလားတူ ယခုနှစ်ပွင့်လင်းရာသီတွင်လည်း ခရီးသွားသူ နည်းပါးနိုင်ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတို့က ပြောဆိုသည်။ “မနှစ်ကထက် နည်းနိုင်တယ်။ ဘာကြောင့်လဲဆိုရင် […]

စစ်ကောင်စီ ထားဝယ်သပိတ်မျှောပွဲလုပ်မည့်နေရာ တိုက်ခိုက်မခံရရန် ဂျမ်မာတပ်

Dawei Watch

October 27, 2023

ထားဝယ်ရိုးရာသပိတ်မျှောပွဲကျင်းပမည့် ထားဝယ်ကမ်းနားလမ်း သဲကွင်းနေရာအနီးတွင် အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကို ကာကွယ်ရန် စစ်ကောင်စီတပ်က ဆက်သွယ်ရေးလိုင်းဖြတ်စက် (Jammer) တပ်ဆင်ထားကြောင်း မြို့ခံအချို့က ပြောသည်။ အဆိုပါနေရာအနီးရှိ တိုက်အိမ်တစ်လုံး၏ အမိုးပေါ်နှင့် အခြားနေရာတစ်ခုတို့တွင် ပြီးခဲ့သည့် လေးရက်ခန့်ကတည်းက Jammer စက် တပ်ဆင်ထားကြောင်း မြို့ခံများက ဆိုသည်။ ထိုသို့တပ်ဆင်ထားသည့်အတွက် ကမ်းနားလမ်းနှင့် အနီးအနားနေရာတဝိုက်တွင် ဖုန်းလိုင်း၊ Wifi လိုင်းများ ပြတ်တောက်ခြင်း၊ လိုင်းမကောင်းခြင်းများ ကြုံနေရကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။ “တစ်ခါတလေဆို ဝိုင်ဖိုင် (အင်တာနက်) တွေပါ ပြတ်ထွက်သွားတယ်။ ဖုန်းလိုင်းတွေလည်း မိတစ်ချက် မမိတစ်ချက်နဲ့ ဘာမှ ပြောလို့ကိုမရဘူး” ဟု ၎င်းက ပြောသည်။ ထို့အပြင် သပိတ်မျှောပွဲလုပ်မည့် နေရာအနီးဝန်းကျင်တွင် စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကိုလည်း ကင်းချထားကြောင်း မြို့ခံအချို့က […]

၁၀၂၇ စစ်ဆင်ရေးအဖြစ် ရှမ်းမြောက်ပိုင်းရှိ စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကိုဝင်တိုက်

Dawei Watch

October 27, 2023

၁၀၂၇ စစ်ဆင်ရေးအဖြစ် ကိုးကန့် (MNDAA) ၊ ရခိုင့်တပ်တော် (AA) နှင့် တအောင်း (TNLA) တို့ပူးပေါင်းအဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို ယနေ့နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့များကထုတ်ပြန်သည်။ ညီနောင်မဟာမိတ်တပ်များက လားရှိုးမြို့၊ ချင်းရွှေဟော်နှင့် လားရှိုး-မူဆယ်လမ်းရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များနှင့် စစ်စခန်းများကို တစ်ချိန်တည်းတွင် တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ကိုးကန့်ရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်းအချို့ကို တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးပြီး အချို့ကို လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု The Kokang ကလည်း ဓာတ်ပုံများနှင့်တကွထုတ်ပြန်ထားသည်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ဒေသခံများနှင့် ၎င်းတို့အဖွဲ့အစည်းများအပေါ် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့၊ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုများ ဟန့်တားနိုင်ရေး၊ မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်လောင်းကစားနှင့် လိမ်လည်မှုများ ပပျောက်ရေး စသည်တို့အတွက် ညီနောင်မဟာမိတ် ၃ ဖွဲ့က […]

ထားဝယ်အရှေ့တောဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိ

Dawei Watch

October 26, 2023

ထားဝယ်အရှေ့တောဒေသ ဖောင်းတောကျေးရွာမှ အမျိုးသားကြီးတစ်ဦး အောက်တိုဘာလ ၂၅ ရက် မနက်ပိုင်းတွင် မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ခြေတစ်ဖက်ပြတ်သွားကြောင်း သံမဏိပြောက်ကျားတပ်ဖွဲ့နှင့် ဒေသခံအချို့ ထံမှသိရသည်။ “ဖွတ်ကိုင်း(တိရစ္ဆာန်ထောင်ချောက်)ထောင် သွားရင်း ထိတာလားတော့ မသိဘူး။ ဖောင်းတောရွာအနီးက ခြံတွေနားမှာထိတာလို့ ပြောတယ်။ မနေ့က ကျွန်တော်မြင်တာတော့ ဘယ်ခြေတစ်ဖက်တုံးတိပြတ်သွားပြီ” ဟု သံမဏိပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မိုင်းထိသည့်လူနာမှာ အသက် ၇၀ နီးပါးရှိပြီး မေတ္တာအရေးပေါ် လူနာတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံကို ပို့ဆောင်ထားသည်ဟု သိရသည်။ မြေမြုပ်မိုင်းထောင်ထားသည့်နေရာများကို မသွားလာကြရန် အရှေ့တောဒေသရှိ လက်နက်ကိုင်တပ်ဖွဲ့များက အသိပေးပြောဆိုထားမှုမရှိသဖြင့် သတိမထားမိကြကြောင်း ဝကုန်းကျေးရွာက စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။ “သူတို့(စစ်တပ်)သွားတတ်တဲ့လမ်းတွေမှာ ထောင်တယ်၊ အရင်တုန်းကတော့ သူတို့ကားသွားတတ်တဲ့ လမ်းမဘေးမှာကိုထောင်တယ်ရှင့်၊ အခုက လမ်းကနေမသွားဘဲ တောထဲကနေသွားတယ်ဆိုတော့ တောထဲမှာထောင်တာပေါ့” ဟု […]

ပေါင်ဒေသခံနှစ်ဦး ထပ်မံဖမ်းဆီးအမှုဖွင့်ခံရ

Dawei Watch

October 26, 2023

အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် စစ်ကောင်စီကိုဝေဖန်ရေးသားသည်ဟုဆိုကာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်က ‌ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားကြောင်း ဖမ်းဆီးခံရသူနှင့် နီးစပ်သူတို့ထံမှ သိရသည်။ ပေါင်မြို့ ကဒုံစီးရပ်ကွက်က အသက် ၅၂ နှစ်အရွယ် ဦးဝင်းနိုင်နှင့် ပေါင်မြို့နယ် ကုလားချောင်းကျေးရွာက အသက် ၂၃ နှစ်အရွယ် ကိုကောင်းမြတ်တို့ကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဖမ်းဆီးသွားကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ဦးဝင်းနိုင်ကို ပေါင်မြို့မရဲစခန်းတွင်လည်းကောင်း၊ ကိုကောင်းမြတ်ကို ဇင်းကျိုက်နယ်မြေရဲစခန်းတွင်လည်းကောင်း ဖမ်းဆီးစစ်ဆေးပြီးနောက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခဲ့ကြောင်း နီးစပ်သူတို့က ပြောသည်။ “ဦးဝင်းနိုင်ကိုတော့ အိမ်မှာ လာဖမ်းသွားတာ။ နောက်တစ်ယောက်ကတော့ လမ်းမှာ သူတို့ […]