မြိတ်-တနင်္သာရီကားလမ်းတွင် တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်
Dawei Watch
October 26, 2023မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းတွင် တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၅ ရက် နံနက် ၁၁ နာရီခန့်တွင် ဇဝဲရွာဖက်မှ မော်တုန်းရွာအမြောက်တပ်သို့ စစ်ကောင်စီ တပ်သားများ တင်ဆောင်လာသည့် Vigo ကားအား တနင်္သာရီမြို့နယ် ချောင်းညီကိုရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ချောင်းညီကိုရွာသည် မြိတ်- တနင်္သာရီ ပြည်ထောင်စု ကားလမ်းမတွင် တည်ရှိသည့် ရွာဖြစ်သည်။ ယင်းနောက် မွန်းတည့် ၁၂ နာရီတွင်လည်း စစ်ကောင်စီတပ်သားများ စီးနင်းလာသည့်ကားကို မြိတ်မြို့နယ် တုံးဗျော ကျေးရွာအုပ်စု၊ တောင်ပုရွာအနီးတွင် တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေး တပ်များ ပူးပေါင်းတိုက်ခိုက်သေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ “ပျူ […]


